Oct 28, 2011

ကမ္ဘာ့စကားပုံထဲက မိန်းမသား (၂)

A gossiping woman is the root of trouble.
                                 African Proverb
စပ်စုတတ်သော မိန်းမတစ်ယောက်သည် ဒုက္ခ၏ ဇာစ်မြစ်ပင်ဖြစ်သည်။
                                                               အာဖရိက စကားပုံ


If a woman speaks two words,
take one and leave the other.
               African Proverb
မိန်းမတစ်ယောက်က စကားနှစ်ခွန်းပြောလျှင်
တစ်ခွန်းကိုသာယူပြီး တစ်ခွန်းကိုပယ်ပါ။
                         အာဖရိက စကားပုံ

What woman say is nonsense;
but he who does not listen in is a fool.
                            African Proverb
မိန်းမတွေ ပြောတဲ့စကားတွေက အဓိပ္ပာယ်မရှိဘူး။ ဒါပေမယ့် 
နားမထောင်တဲ့သူလည်း အရူးဖြစ်ပြန်တယ်။
                              အာဖရိက စကားပုံ

Even a beautiful woman
is not without blemish.
      African Proverb
လှပတဲ့ မိန်းကလေးတစ်ယောက်မှာတောင်
အပြစ်အနာအဆာကင်းတာ မရှိဘူး။
                     အာဖရိက စကားပုံ

With your mother, as far as the sea;
with your husband, across the sea.
                    Albanian Proverb
မိခင်နှင့်ဆိုလျှင် ပင်လယ်သည် ကျယ်ပြောလွန်းလှ၏။
ခင်ပွန်းနှင့် ဆိုလျှင် ပင်လယ်ကို ဖြတ်ကူး၏။
                အယ်လ်ဘေးနီးယန်း စကားပုံး

If the girls won't run after the men, the men will run after them.
                                                            American Proverb
မိန်းကလေးတွေအားလုံးသည် ယောင်္ကျားတွေနောက် ပြေးလိုက်လိမ့်မည်မဟုတ်၊
ယောင်္ကျားတွေက သူတို့နောက်ကို ပြေးလိုက်လိမ့်မည်။
                                           အမေရိကန် စကားပုံ

When women are on board there is no want of wind.
                                             American Proverb
မိန်းမများ လှေပေါ်မှာရှိနေသည့်အခါ လေတိုက်ဖို့မလိုပါ။
                                            အမေရိကန် စကားပုံ

He who wishes to excel in wisdom should not allow
himself to be ruled by women.
                  Arabic Proverb
ဥာဏ်ပညာ ထူးချွန်လိုသူသည်  မိမိကိုယ်မိမိ မိန်းမတို့၏
အုပ်ချုပ်မှုအောက် အရောက်မခံသင့်ပါ။
                             အာရဗီ စကားပုံ

Widows will be widows.
    American Proverb
မုဆိုးမများသည် မုဆိုးမများသာ ဖြစ်လိမ့်မည်။
                               အမေရိကန် စကားပုံ

A debtor's wife speaks the voice of her husband.
                                          African Proverb
မြီစားတစ်ယောက်၏ ဇနီးသည် သူမခင်ပွန်း၏ လေသံအတိုင်းပြောဆို၏။
                                                                 အာဖရိက စကားပုံ

<<  စကားပုံ များသာဖြစ်သည် မည်သည့် အကြောင်းအရာကိုမှ မရည်ရွယ်ပါ >>

                                                    အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ.................။

၃၈ ဖြာမင်္ဂလာ ပုံပြင်



“စက်မှုလက်မှုအတတ်တို့ကိုတတ်မြောက်ခြင်း”

- တတ်ကောင်းတတ်ရာဟူသမျှကို
  ကြားမြင်သုတရှိပါစေ၊
  အိုးအိမ်တည်ထောင်ဝမ်းစာရေးနှင့်
  အသက်မွေးဖို့အတတ်သင်လေ၊
  လူနှင့်ဆိုင်ရာကျင့်ဝတ်များကို
  ကောင်းစွာသင်ကြားနာလည်စေ၊
  မှန်ကန်ယဉ်ကျေးချိုသာအေး
  ဆိုရေးတတ်ပါစေ၊
  အဲဒါမှဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။





“စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း”

- သုံးတန်စေတနာ ဖြူစင်လန်းလို့
  ပေးကမ်းဝေမျှ လှူနိုင်စေ၊
  ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့  သုစရိုက်တရားကို ကျင့်ပါလေ၊
  ဆွေမျိုးတွေကို ပစ်မထားနဲ့
  သင်္ဂဟတရားနဲ့ ချီးမြှောက်လေ၊
  သန့်စင်ပြစ်မျိုး လူထုကျိုး
  သယ်ပိုးရွက်ဆောင်စေ၊
  အဲဒါမှဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။





“ဇနီးနှင့်သားသမီးတို့ကိုလုပ်ကျွေးပြုစုခြင်း” 

- မြင်းမိုရ်ရွှေတောင် မိဘကြွေးကို
  ကောင်းစွာဆပ်ပေးဝတ်ကျေကျေ၊
  ကြွေးသစ်ချကာ သားနှင့်မယားကို
  မြှောက်စားချီးမြှင့် ၀တ်ကုန်စေ၊
  အလုပ်တာဝန် မလစ်ဟင်းနဲ့
  အပြစ်ကင်းအောင် လုပ်ပါလေ၊
  စည်းစိမ်ကိုပေး ဆက်ဆံရေး
  မျှော်တွေးသုံးချက်ပေ၊
  အဲဒါမှဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
 
 
 

“ကျင့်ဝတ်ကိုကောင်းစွာသင်ကြားနားလည်ခြင်း”

- တတ်ကောင်းတတ်ရာ ဟူသမျှကို
  ကြားမြင်သုတရှိပါစေ၊
  အိုးအိမ်တည်ထောင်ဝမ်းစာရေးနှင့်
  အသက်မွေးဖို့အတတ်သင်လေ၊
  လူနှင့်ဆိုင်ရာကျင့်ဝတ်များကို
  ကောင်းစွာသင်ကြားနားလည်စေ၊
  မှန်ကန်ယဉ်ကျေးချိုသာအေး
  ဆိုရေးတတ်ပါစေ၊
  အဲဒါမှဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၃၈ ဖြာမင်္ဂလာ ပုံပြင်

ို
“ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း”

-မကောင်းမှုတွေ ဟူသမျှကို
 မတွေ့ခင်က ရှောင်ကြဉ်လေ၊
 တွေ့ကြုံလာရင် မလွန်ကျူးနဲ့
 အထူးသဖြင့် စောင့်စည်းနေ၊
 အရက်သေစာ မသောက်စားနဲ့
 မှောက်မှားတတ်တဲ့ အရာတွေ၊
 လုပ်ကိုင်ပြောကြား သတိထား
 တရားမမေ့စေ၊
 အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

Burglish Web Text Editor

burglish အသုံးပြုသူများအတွက်အဆင်ပြေပါတယ် စမ်းသပ်အသုံးပြုကြည့်ပါ။ မြန်မာစာ/စာလုံး ကိုတော့ မပပျောက်ပါစေနဲ့(မြန်မာစာသည်......ဒို့စာ။  မြန်မာစကားသည်.......ဒို့စကား)။
<<http://burglish.googlepages.com/testarea.htm>>















  ***  မသိရှိသေးသူများအတွက် ရည်ရွယ်ပါသည်။ ***
                                                        အားလုံးအဆင်ပြေပါစေခင်ဗျာ......................။
                                                                                                      Beginner

Oct 27, 2011

အလွယ်ဆုံး

            “ခက်” တာကို လူတိုင်းမနှစ်သက်ကြသလို “လွယ်” တာကို အားလုံး နှစ်သက်လက်ခံကြတယ်။ လတ်တလောအခက်အခဲ၊ ပြသနာ ဖြေရှင်းဘို့ကိုလည်း “အလွယ်” လမ်းကိုသာ သာမန်ရွေးကြမှာပါ။
             အသက်ရှင်နေသည့် ဘ၀ တလျှောက်လုံး နေ့စဉ် လူတိုင်း တွေ့နေရတဲ့ ခံစားချက်တွေဟာ
ကိုယ် “နှစ်သက်လက်ခံ” နိုင်တာနှင့် “မနှစ်သက် လက်မခံ” မှုနှစ်ခုပေါ်မှာသာ မူတည်နေပါတယ်။ ဒီတော့
“လွယ်” တာကို အများစုက “နှစ်သက်လက်ခံ” နိုင်ပြီး “ခက်” တာကို “မနှစ်သက်လက်မခံ” ဘူးလို့ ကျွန်
တော်တို့ ပြောနိုင်ကြပြီပေါ့။
             “အလွယ်ဆုံး” လုပ်ရပ်တိုင်းဟာ ရေရှည်မှာ “အခက်ဆုံး” ဖြစ်လာမယ်လို့ ကြိုပြောရင် “ကိုယ်
တွေ့” မဖြစ်သရွေ့ လက်ခံဘို့သိပ်ခက်ပါတယ်။ လူ့သဘာဝအရ “ကိုယ်တွေ့” ဘယ်လောက်ကြုံခဲ့ပြီး
သော်လည်း “လွယ်” တာကို ဆက်နှစ်သက်နေကြစမြဲပါ။ လွယ်လွယ်လေး လုပ်လိုက်လို့ လက်တလော
ပြသနာ ရှင်းသွားတယ်၊ ဖြတ်လမ်းလိုက်မိလို့ အချိန်ကုန်သက်သာသွားပြီး အဆင်ပြေ စိတ်ချမ်းသာသလို
ခံစားရပေမယ့် နောက်ဆက်တွဲ “အခက်ဆုံး” တွေနှင့် ဆုံရအုံးမယ်လို့တွက်မိသူ တော်တော်ရှားလိမ့်မယ်။
ကံဆုံ၍ ပထမအကြိမ်မှာ “ဖြတ်လမ်းနှင့်အလွယ်လိုက်” လမ်း ကပြသနာအခက်ကို ရှင်းလိုက်နိုင်ပေမယ့်
“အလွယ်လိုက်” လုပ်ရပ် အကျင့်ဆိုးကြီးက အမြစ်တွယ်သွားလို့ နောက်လုပ်ရပ် တွေမှာ ဒီနည်းကိုဘဲအား
ကိုးမှာမို့ မအောင်မြင်တဲ့ လမ်းမကြီးပေါ်ရောက်လာပြီလို့ တွက်လိုက်ပါ။
              ဘယ်လိုကိစ္စကို အလွယ်ဆုံးလို့သတ်မှတ်ကြမလဲ။ တစ်ယောက်အတွက် “အလွယ်ဆုံး” လုပ်ရပ်
ဟာ နောက်တစ်ယောက်အတွက် “အခက်ဆုံး” လည်းဖြစ်နိုင်ပါတယ်။ တစ်ဦးချင်း၏ စွမ်းရည်၊ ခံစားချက်၊
အခြေအနေပေါ်မူတည်ပါတယ်။
              ဒါပေမယ့် လူသားအားလုံး ညီမျှစွာ လက်ခံနိုင်လောက်သည့် “အလွယ်ဆုံး” ကိစ္စတခုရှိပါသည်။
၎င်းကိစ္စဖြစ်မြောက်ရန်မှာ ကြိုးစားပြီးအရင်းအနှီး ရှာစရာလည်းမလို၊ ဘာအတားအဆီးမှမရှိ၊ ဆန့်ကျင်မှု
ဘယ်တော့မှလည်း မလုပ်၊ ကိုယ့်စိတ်ဆန္ဒအတိုင်း စိတ်ကြိုက် အမြဲလိုက်လျောပြီး၊ စိတ်ကူးလိုက်တာနှင့် အ
ချိန်အရလည်း စောင့်စရာမလို ချက်ချင်းအကောင်အထည်ဖော်ရသည့် “အလွယ်ဆုံး” ကိစ္စ ကတော့နှုတ်ခမ်း
နှစ်ခုကြားကနေ ဘာမှ မစဉ်းစား၊ မထောက်ညှာဘဲ ထွက်သွားသည့် “အလွယ်ဆုံး” သုံးမိသည့် “စကား” လုံး
များပင်ဖြစ်ပါသည်။ လွယ်လွန်း၍ လူတိုင်းနေ့စဉ် ကျူးလွန်ကြုံတွေ့နေရသည့် “အမှား” များနှင့် တိုက်ရိုက်
ဆက်နွယ်နေပါသည်။
               ဖတ်သားဘူးသော စာစောင်တွေက အနှစ်သက်ဆုံး မှတ်ထားမိသည့် စာတန်းတချို့ကိုပြန်ရေး
ပြရလျှင်၊
- အသံကြောင့် ဖားသေ။
- စကားကျွံလျှင် နှုမရပါ။
- စကားများလျှင် အမှားများသည်။

Talk low, talk slow but don't talk too much.
(တိုးတိုးပြောပါ၊ ဖြေးဖြေးပြောပါ။ ဒါပေမယ့် စကားများများ မပြောနှင့်။)

A word slip from your mouth is no further belongs to you and also 50% of your secrecy is lost.
(နှုတ်မှ ထွက်ပြီးသောစကားလုံးကို သင်မပိုင်ဆိုင်တော့ပါ။ ကိုယ်ပိုင်လုံခြုံမှု၏ ၅၀% လည်းလျော့သွားပြီ။)

Mouth is the biggest opening in this world. It appreciates and criticises at the same time.
Least opening of your mouth is the best.
(ပါးစပ် သည်ဤကမ္ဘာတွင်အကြီးဆုံး အပေါက်ဖြစ်သည်။ ၎င်းအပေါက်မှပင် ချီးမွမ်း၊ ရှုံ့ချမှု နှစ်မျိုးစလုံးကို
တချိန်တည်း လုပ်နိုင်စွမ်းရှိသည်။ ပါးစပ်ကို “ဖွင့်ဟမှု” အနည်းဆုံးဖြစ်နိုင်အောင်လုပ်လျှင် အကောင်းဆုံးဖြစ်
သည်။)

As you go through life, you are going to have many opportunities to keep your Mouth shut.
Take advantage of all of them.
(သင့် ဘ၀ တလျှောက်မှာ နှုတ်ကို ပိတ်ထားနိုင်သည့် အခွင့်အကောင်းများနှင့် ကြုံရလိမ့်မည်။ ဒီအခွင့် အ
ရေးကို ယူ၍အသုံးချပါ။)

The reason dogs have so many friends is because they wag their tails but not their tongues
like human beings.
(ခွေးသတ္တ၀ါများ ချစ်စရာမိတ်ကောင်းများရရန် “အမြီးရမ်း” ၏။ လူသားများလို “လျှာ” မရမ်းပါ။)

             “စကားလေးတလုံး” ကြောင့် ဘ၀အခြေအနေ ပြောင်းသွားရတဲ့ သာဓကတွေ တပုံကြီးရှိပါတယ်။
ကောင်းကျိုးထက်၊ ဆိုးကျိုးပိုရတာများပါတယ်။ ကိုယ်ပြောတဲ့ စကားကြောင့် ကိုယ့်မှာ ဆိုးကျိုး၊ ကောင်းကျိုး
ပြောင်းလဲမှုတွေ ယခုဆောင်းပါး ဖတ်နေသော သူမှာပင်ရှိခဲ့ဘူးမှာပါ။ ဒါကြောင့် စကားမပြောခင်မှာ သေချာ
စီစစ်ဖို့ လိုတယ်။
              အောင်မြင်တိုးတက်ကြီးပွားနေသူတိုင်းဟာ စကားကို သိပ်သတိထားပြောတယ်။ ဘာကိုမှ လွယ်
လွယ်လေးနှင့် မ  ပြောပါ။ မပြောခင်မှာ အထပ်ထပ် စဉ်းစားပြီးမှပြောသလို သူ့ကိုပြောတဲ့ စကားကိုလည်း
တလေးတစား တန်ဖိုးထားပြီးတိုင်းတာ ဝေဖန်တယ်။ တပါးသူရဲ့ အတွင်းစာရိတ္တကို သိဖို့ရန် အ၀တ်အစား၊
အနေအထိုင်ထက် သူပြောတဲ့ စကားပေါ်မှာ ပိုပြီးပုံဖမ်းလို့ရတယ်။ နားထောင်နေတဲ့သူရဲ့ အတွေ့အကြုံ၊
အသိဥာဏ် အတိမ်အနက်ပေါ်မှာ မူတည်ပြီး ပြောနေသူရဲ့ အခြေအနေကို ချက်ချင်းမှန်းနိုင်ပါတယ်။ ပြော
သူက “မဟုတ်တာ” ကိုယုတ္တိရှိအောင် သရုပ်ဆောင်ပြီး၊ အပြောသိပ်ကောင်းလို့ ယုံမိတယ်ထားအုံး၊ ပြော
ထားခဲ့တဲ့ စကားလက်ကျန် သက်သေ ရှိနေသေးလို့ အဖြစ်မှန်ကို ရေရှည်ဖုံးမရပါ။ ဒါကြောင့် ပြောမိလိုက်
တဲ့ စကားလုံးတိုင်းရဲ့ ထိရောက်မှု အတိမ်အနက်က တိုင်းမရအောင် ကျယ်ပြန့်လွန်းပါတယ်။
               အမှတ်မထင် လွယ်လွယ်လေး စကားပြောမိတယ်။ ဒေါသအလျှောက် စကားတွေ အန်ထွက်
တယ်၊ လောဘအရ ကတိစကားတွေ လွယ်လွယ်လေး ပေးကြတယ်။ ပြောတဲ့သူအနေနှင့် ခံစားချက်မရှိ
စိတ်မှာ ပေါ်လာတဲ့ လှုပ်ရှားမှု ဆန္ဒအရလွယ်လွယ်လေး ပြောလိုက်ပေမယ်၊ ပြောသူကို ပတ်ဝန်းကျင်တခု
လုံးက သူ့သုံးစွဲခဲ့သမျှ စကားများနှင့် ညီမျှသည့် တုန့်ပြန်မှုတွေနှင့် တိုင်းထွာဝေဖန် အကဲဖြတ်ကြမယ်။
ပြောသူ၏ အတွင်းစာရိတ္တတစ်ခုလုံးက သူပြောဆိုသုံးနှုန်းသမျှ သူ့စကားများမှာ ပုံပေါ်နေပါသည်။
              အဝေဖန်လွန်ကဲခြင်း၊ ပြစ်တင်ရှုံ့ချခြင်း၊ ပေးထားသောကတိကို ရုပ်သိမ်းခြင်း၊ စကား အပြောင်း
အလွဲလုပ်ခြင်း၊ အကြွားအ၀ါလွန်ကဲခြင်း၊ သူတပါးကိုနှိမ့်ချ အထင်သေးစကားပြောခြင်းများသည် ပြောဆိုသူ
၏အတွင်း စိတ်ရင်းနှင့် ထပ်တူနေပါကြောင်းဖော်ပြနေပါသည်။
              ကျွန်တော် ကျေးဇူးရှင် တစ်ယောက်ဆုံးမဖူးသည်။ “ဆန္ဒပေါ်လာတာကို နှုတ်ကနေ ချက်ချင်းမ
ပြောဘဲ ဦးနှောက်ဥာဏ်ဖြင့် အရင်ဆုံးစီစစ်ပါ။ ဖြစ်နိုင်လျှင်သုံးကြိမ်လောက် စိတ်အေးအေး အချိန်မှာ စီစစ်
ပြီးမှ ပြောသင့် မသင့်ကို ဆုံးဖြတ်ပါ။ နားထောင်သူနှင့်လည်းမဆိုင်၊အကျိုးလည်းမရှိ၊ တပါးသူအတွက်နစ်နာ
မှုလည်း ရှိပြီး၊ သူမနှစ်မြို့စရာကိစ္စ” ဖြစ်နေလျှင် နှုတ်ကိုပိတ်ထားပါ။

                                    ဖိုးဝမောင်(အော်စလိုမြို့) မှ ကူးယူဖော်ပြအပ်ပါတယ်ခင်ဗျာ..............။


 

Firefox မှ features လေးများ

ကျွန်တော်တို့ website တစ်ခုကို ၀င်ကြည့်တဲ့အခါ font စာလုံးအရွယ်အစားများ သေးနေတာတို့၊ ကြီးနေတာတို့ကို မြင်တွေ့ရမယ်ထင်ပါတယ်။ အဲ့ဒီအခါ ၀င်ရောက်ကြည့်ရှူသူဘက်က အခက်ခဲများဖြစ်နေမယ်ဆိုရင် font အရွယ်အစားကို ပြုပြင်လို့ရပါတယ်.....
ကျွန်တော်တို့    Mouse နဲ့ဆိုရင် Ctrl ကိုဖိထားပြီး Mouse Scroll Wheel ကို အပေါ်အောက်ရွှေ့ကြည့်ခြင်းဖြင့် စာလုံးအရွယ်အစား အကြီး ၊အသေးကို မိမိအလိုရှိသလိုရွှေ့ပြောင်းနိုင်ပါပြီခင်ဗျာ။
အကယ်၍ ကျွန်တော်တို့ Keyboard ကနေဆိုရင်ဖြင့် Ctrl နဲ့ အပေါင်းခလုတ်ကို တွဲနှိပ်ရင် စာလုံးကြီးမယ် [Zoom In (Ctrl+ +)] ၊     Ctrl နဲ့ အနုတ်ခလုတ်ကို တွဲနှိပ်ရင် စာလုံးသေးမယ် [Zoom Out (Ctrl + -)] ၊      Ctrl နဲ့ သုညခလုတ်ကို တွဲနှိပ်ရင်တော့ မူလစာလုံးအရွယ်အစားအတိုင်း ပြန်လည်ရောက်ရှိသွားမှာဖြစ်ပါတယ် [Resect (Ctrl + 0)]။



Website ထဲမှာ မိမိ သိချင်သော စာလုံးများကို ရှာမယ်ဆိုရင် (Ctrl +F)ကိုတွဲနှိပ်။ အထက်ပါပုံတွင် အနီးဝိုက်ထားသောနေရာတွင် ရိုက်ထည့်ရှာရမှာဖြစ်ပါတယ်။

ယခင်ကြည့်ခဲ့ပြီးသော Website များကို ပြန်လည်ကြည့်ချင်ဆိုရင်တော့ (Ctrl + Shift + H)တို့ကိုတပြိုင်းတည်း တွဲနှိပ်ခြင်းဖြင့် ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

ယခုဖော်ပြထားတဲ့ပုံစံဖြစ်ပါတယ်ခင်ဗျာ။

Website တစ်ခုလုံးကို Screen အပြည့်ဖြင့်ကြည့်ချင်တယ်ဆိုရင် F11 ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။မူလပုံစံအတိုင်းပြန်ထားချင်ရင်တော့ F11 ကိုသာလျှင်ပြန်နှိပ်ပေးပါ။

ကျွန်တော်တို့ Website တစ်ခုကို address box မှာရိုက်ထည့်မယ်ဆိုရင်  ( .com ) ရိုက်စရာမလိုဘဲ အော်တိုထည့်ပေးတဲ့ key လေးပါ
- Internet Explorer (or) Firefox ကိုဖွင့်လိုက်ပါ။
-address box ကို Cursor ထားချင်တယ် Select ပေးချင်တယ်ဆိုရင်တော့ Alt + D ကိုနှိပ်ပါ။
-ဥပမာ အလွယ်ကူဆုံးပြောရရင် မိမိက သတင်းစာဆိုဒ်ဖြစ်တဲ့ http://www.myanmar.com ကိုရိုက်ထည့်
 မယ်ဆိုပါစို့ myanmar ကိုသာရိုက်ထည့်ရုံဖြင့် (http://                   .com) ဆိုတဲ့အဖွင့်အပိတ်ကို အော်
 တို ထည့်ပေးမယ် key ပါ    Ctrl + Enter ကိုတွဲနှိပ်ပေးပါ။

 (မှတ်ချက်။  သိရှိပြီးသား အစ်ကို/အမ၊ညီ/ညီမ များကတော့နားလည်ပေးပါ မသိရှိသေးတဲ့သူများအတွက်ပါ)
                                                  အားလုံးအဆင်ပြေကြပါစေဗျာ.........................။
                                                                                                 Beginner

Oct 26, 2011

ကမ္ဘာ့စကားပုံထဲက မိန်းမသား (၁)

In a beloved wife there is no evil.
                     African Proverb
အချစ်ဆုံး ဇနီးတစ်ယောက်တွင် မကောင်းမှုဟူ၍ မရှိ။
                                          အာဖရိက စကားပုံ


A quarrelsome girl will not be married.
                             African Proverb
စကားများရန်ရှာသော မိန်းကလေးတစ်ယောက်ကို 
ဘယ်သူမှ လက်ထပ်ပေါင်းသင်းမှာ မဟုတ်ပေ။
                                  အာဖရိက စကားပုံ

A woman who has lost her rival has no sorrow.
                                         African Proverb
 ပြိုင်ဘက်ဆုံးရှုံးသွားသော မိန်းမတစ်ယောက်တွင် သောကဟူ၍ မရှိ။
                                                              အာဖရိက စကားပုံ 

The starred woman have two babies a year.  
                            Afghanistan Proverb
အကျင့်မကောင်းသော မိန်းမများသည် တစ်နှစ်ကို 
ကလေးနှစ်ယောက်မွေးသည်။
      အာဖဂန်နစ္စတန် စကားပုံ


A woman is well either in the house or in the grave.
                                 Afghanistan Proverb
မိန်းမတစ်ယောက်သည် အိမ်မှာရှိလျှင်ကောင်းသလို
သင်္ချီုင်းကုန်း မှာရှိလျှင်လည်း ကောင်း၏။
                   အာဖဂန်နစ္စတန် စကားပုံ


Even a blind wife is better than no wife at all.
                               African Proverb
မျက်မမြင်ဇနီးတစ်ယောက် ရှိနေခြင်းသည်ပင်လျှင်
ဇနီးလုံးဝမရှိသည်ထက် ပို၍ ကောင်း၏။
                          အာဖရိက စကားပုံ


If you marry a beautiful woman,you marry trouble.
                                       African Proverb
လှပသည့် မိန်းကလေးတစ်ယောက်ကို လက်ထပ်ခြင်းသည်
ဒုက္ခကို ထိမ်းမြားခြင်းပင်ဖြစ်လေသည်။
                         အာဖရိက စကားပုံ


A woman is attractive when she is somebody else's wife.  
                                             African Proverb                
မိန်းမတစ်ယောက်သည် တစ်ပါးသူ၏ ဇနီးဖြစ်နေသည့်အခါ 
ဆွဲဆောင်မှု ရှိလှလေသည်။
           အာဖရိက စကားပုံ


A gossiping woman is the root of trouble.
                            African Proverb
စပ်စုတတ်သော မိန်းမတစ်ယောက်သည် ဒုက္ခ၏ ဇာစ်မြစ်ပင်ဖြစ်သည်။
                                                                အာဖရိက စကားပုံ

If a woman speaks two words,take one and leave the other.
                                                 African Proverb
မိန်းမတစ်ယောက်က စကားနှစ်ခွန်းပြောလျှင်
တစ်ခွန်းကိုသာယူပြီး တစ်ခွန်းကိုပယ်ပါ။
                          အာဖရိက စကားပုံ
 

အကဲခတ်ခြင်း

            သက်ရှိသတ္တ၀ါတိုင်း ဆက်ဆံရေး အစဦးမှာ “အကဲခတ်ခြင်း” ကို အဓိကထားတာ ကျနော် အထူး
သတိပြုမိတယ်။

              လူသားချင်း ပထမဆုံးတွေ့ကြလို့ စကားစ မပြောခင်မှာ တစ်ယောက်ရဲ့ ၀တ်စားပုံ၊ အမူအရာ
နှင့် လှုပ်ရှားမှု အားလုံးကို အရင်ဆုံး အကဲခတ်လေ့လာကြတယ်။ ဒါကြောင့် တစ်ဦးနှင့်တစ်ဦး လေးစားမှုရ
ခြင်း၊ အဆင့်ခွဲသတ်မှတ်ခံလိုက်ရခြင်းများက ကိုယ့်ရဲ့ ပထမဦးဆုံး သရုပ်ဖော်သည့် ခြေလှမ်းမှာ မူတည်ပါ
တယ်။
              အကဲခတ်တဲ့နေရာမှာ မျက်စိနှင့်အကဲခတ်တယ်၊ ပြောသော စကားသံကို အကဲခတ်တယ်၊ လှုပ်
ရှားတဲ့ အမူအရာကိုအကဲခတ်ကြတယ်။ ခုလို အကဲခတ်သည့် ရလဒ်ပေါ်မူတည်ပြီး ဆက်ဆံကိုင်တွယ်ရမည့်
အဆင့်အမျိုးအစားကို တဖန်ဝေခွဲသတ်မှတ်လိုက်ပြန်တယ်။
              အထက်မှာဖော်ပြပြီးတဲ့ အကဲခတ်မှုများ ပြီးဆုံးတာနှင့် ဆက်ဆံရေးအစမှာ “စမ်းသပ်ခြင်း” ဆို
တဲ့ လုပ်ရပ်နှင့် လုပ်ငန်းစကြတယ်။ တစ်ဦးနှင့်တစ်ဦး နည်းပရိယာယ် အမျိုးမျိုးနှင့်စမ်းကြတာပဲ။ တချို့
လည်း တစ်ယောက်ရဲ့ “ပျော့ကွက်” ကိုရှာ ထိုးစစ်ဆင်ကြတယ်။ တချို့လည်း တစ်ဖက်လူ ကြိုက်တတ်တာ
ကို “အစာပေး မျှားကြတယ်” ။ တချို့လည်း “တစ်ကောင်ကျွေး နှစ်ကောင်စားဖို့ ချိန်ကြတယ်” ။ တချို့ကြ
တော့ အနိုင်ကျင့် အထက်ကနေ ခြိမ်းခြောက်တောင်းသလို၊ တချို့က အကြိုက်လိုက် ချော့မော့ပြီးမှ အနိုင်
ယူဖို့လမ်းကိုရှာကြတယ်။
               ဘာပဲဖြစ်ဖြစ် တစ်ဦးနှင့်တစ်ဦး ချဉ်းကပ် ဆက်ဆံကြတဲ့ နောက်ဆုံး ဦးတည်ရာ ပန်းတိုင်က
“ ကိုယ်လိုချင်တာ ရဖို့” မဟုတ်လား။ အနိုင်ယူပြီးမှ ရလိုက်တာထက် နှစ်ဦးနှစ်ဘက် သဘောတူကျေနပ်
အပေးအယူလုပ်နိုင်တာက ပိုသဘာဝကျ အေးချမ်းပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ လူမှုရေး စစ်ပွဲမှာ အ
သုံးပြုနေကြတဲ့ ပရိယာယ်မျိုးစုံကို ကြိုတင် အကွက်မြင်ထားပြီး ရှောင်တိမ်းနိုင်ဖို့ ပါးနပ်မှုရှိသူက အသာ
စီးရကြစမြဲပဲ။
                အိမ်မှာမွေးထားတဲ့ ချစ်စနိုး “ ကြောင်၊ ခွေး” လေးတွေလည်း ဒီနည်းပရိယာယ်ကိုသုံးကြပါ
တယ်။ စကားမတတ်ပေမဲ့ သူတို့လေးတွေက ကျနော်တို့ရဲ့ အမူအရာကိုကြည့် အကဲခတ်ပြီး သူတို့ရလို
သော အခွင့်အရေး အတိုင်းအတာကို စကားမတတ်သော်လည်း “အမူအရာ” ပြ၍ တောင်းခံတတ်ကြသည်။
သဘာဝကြီးက “ လူ၊ တိရစ္ဆာန် ” အားလုံးကို ပုံတူ စီစဉ်ပေးထားပုံရသည်။
                ဒါတွေကို သုံးသပ် လေ့လာမိတော့ ကျနော် သင်ခန်းစာယူမိသည်။
- ဘယ်ကိစ္စကိုမှ အကျင့် မလုပ်နှင့်၊ လုပ်ခွင့်ပေးရင် ပြင်ဖို့ခက်သည်။
-ကိုယ့် အားနည်းချက်များကို ဘယ်သူ့ကိုမှ ဖွင့်ဟမပြောနှင့်။ အနိုင်ယူဖို့ အသုံးချလိမ့်မည်။
-ကိုယ် လိုချင်နေသော ကိစ္စနှင့် တမ်းတ မက်မောနေသောအရာကို တစ်ပါးသူ မသိစေနှင့်။ အစာကြွေးပြီး
  အနိုင်ခံရမည်။
-သူများ၏ ချီးမွမ်းခြင်း၊ မြှောက်ပင့် ပြောကြားခြင်းများကို မနှစ်သက်နှင့်။ နှစ်သက်ခြင်းသည် ကိုယ့် တောင့်
  တင်းခိုင်မာသောစွမ်းရည်များ လျှော့လိုက်သည့် သဘောသက်ရောက်သည်။
-စကားချို သိပ်ပြော၊ အကြိုက်လိုက်လွန်းလျှင် တစ်ခုခု ကိုယ့်ကို အသုံးချတော့မည်လို့ တွက်တတ်ပါ။
-အစဦး ခြေလှမ်းမှာ ကိုယ့်ပုံကို အထင်သေး မခံရစေနှင့်။ သာမန်ထက်လည်း အထင်ကြီးခံရအောင် ဟန်
  မဆောင်နှင့်။ မှန်မှန်ရိုးရိုး နှင့် ထုံးစံအတိုင်း ဖြစ်နေပါစေ။
-ဘာမှ သေချာတယ်လို့ ပုံသေမတွက်ထားနှင့်။ အချိန်မရွေး အပြောင်းအလွဲရှိသည်။ မမျှော်လင့်သော အ
  ခြေအနေကို အချိန်မရွေး ရောက်မည်လို့ တွက်ထားတတ်ပါ။
-“သူ့အလှည့်ပြီးရင် ကိုယ့်အလှည့်”။“ ကိုယ့် အလှည့်ပြီးရင် သူ့အလှည့် ”လို့အမြဲတွက်ထားပါ။ 
-တစ်ပါးသူနှင့် ဆက်ဆံရေး ပြေလည်ရန် သူ့အကြိုက်ကိုလိုက်လျော ပေးပေါင်းတာထက်၊ သူမနှစ်သက်
  တာကို မပြောမိ၊ မလုပ်မိရန် ဆင်ခြင် နေထိုင် ခြင်းသည်ပို၍ ရိုးသားရာရောက်သည်။


            ယခု ဆောင်းပါးကို ကိုယ်တွေ့ အဖြစ်များမှ ကောက်နှုတ်မှတ်သား ရေးသားလိုက်ပါသည်။