Dec 31, 2011

ကမ္ဘာကျော်တို့၏ တန်ဖိုးရှိသောစကားများ (၃)

(၂၆)  လုပ်ငန်းအောင်မြင်၍ ငွေကြေးချမ်းသာလိုရင် ပူပန်သောက ပွားတတ်တဲ့ အကျင့်ကို ဖျောက်ဖျက်ရပါမယ်၊ သောကဟာ စိတ်ဓါတ်နဲ့ အားမာန်ကို ထိခိုက်ပျက်ပြားစေနိုင်တယ်။                        ( ဟားဗတ်အင်ကတ်ဆင် )
(၂၇)  ကျွန်ုပ်ငယ်စဉ်ကတည်းက ဖြစ်ပေါ်လာပြီး ဖော်ပြ၍ မရအောင် မြတ်နိုးခုံမင်သော စာဖတ်ခြင်းကို အိန္ဒိယပြည်မှ ရတနာများနှင့် မလဲလှယ်နိုင်။ ( အက်ဒွတ်ဂစ်ဘွန်း )
(၂၈)  ခွင့်လွတ်ခြင်းဟာ အောင်ပွဲများအနက် အမြင့်မြတ်ဆုံးသော အောင်ပွဲဖြစ်သည်။( ဖရက်ဒရစ်ရှီလာ )
(၂၉)  အလင်းရှိလျှင် အရိပ်ရှိမည်။ ထို့အတူ ဘ၀ရှိလျှင် အမှားရှိရမည်မှာ အမှန်ပင်။ ( အာဒီ )
(၃၀) ပူပန်ခြင်းသည် ကြောက်ရွံ့ခြင်းတစ်မျိုးဖြစ်သည်။ ကြောက်ရွံ့ခြင်းဟူသမျှသည် ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်စေသည်ချည်းပင်၊ ကြောက်ရွံ့ခြင်းစိတ်ကို ပယ်ဖျောက်နိုင်သောသူအဖို့ နေ့စဉ်ဘ၀၌ ကြုံတွေ့နေရသော ပင်ပန်းနွမ်းနယ်မှု အများအပြား ပပျောက်သွားပေလိမ့်မည်။ (ဘာထရန်ရပ်ဆဲလ် )
(၃၁)  လောကတွင် မိမိလုပ်လိုသော အလုပ်ကို အကောင်အထည်မဖော်လိုက်ရပဲ သေသွားသူလောက် စရာ ကောင်းသူမရှိပေ။ လူသည် ဒုက္ခကိုနိုင်နင်းသော စိတ်ထားရှိမှသာ အောင်မြင်မှုကို ရနိုင်ပေသည်။      ( အမည်မသိစာဆို )
(၃၂)  ကျွန်ုပ်တို့သည် ဘာမဆိုလုပ်နိုင်ကြသည်။ ကျွန်ုပ်တို့သည် အောင်မြင်မှုကို လိုလားပါက ထိုစိတ်အတိုင်း အားကြိုး မာန်တက်လုပ်လိုက်ပါ။ ကျိန်းသေအောင်မြင်ရမည် မလွဲတည်း။                         ( ဆင်မြူရယ်ခန်း )
(၃၃)  မည်မျှပင် ပညာတွေတတ်တတ်၊ ပစ္စည်းတွေရှိရှိ အတွင်းစိတ်ဓါတ်မကြံ့ခိုင်လျှင် ကျဆုံးမည်ဖြစ်၏။ ပစ္စည်းမဲ့၍ ဥစ္စာနွမ်းပါးသူဖြစ်စေဦး၊ စိတ်ဓါတ်ကြံ့ခိုင် ဇွဲလုံလ၀ီရိယ ရှိလျှင် အောင်မြင်မည် အမှန်၊ အောင်မြင်ရေးလျှို့ဝှက်ချက်ဟူသည်
လွယ်ကူရိုးထုံးစံမရှိ၊ ရရှိသောအခွင့်အရေးနှင့် အချိန်ကာလကို အရအမိယူနိုင်ခြင်းသာ အဓိကဖြစ်၏။         ( xxx )
(၃၄)  ရယ်မောပျော်ရွှင်၍ စိတ်ကြည်လင်နေလျှင် သင့်ကိုယ်တွင်းမှ ရောဂါများ ပျောက်ကင်းသွားပေလိုက်မည်။ လူသည်ဝမ်းသာခြင်းနှင့် ၀မ်းနည်းခြင်းကို တပြိုက်တည်း ထိတွေ့မခံစားနိုင်၊ တစ်ခုပြီးမှ တစ်ခုခံစား၍ရသည်။ ဤသည်မှာ စိတ်တို့၏ ထူးထွေ ဆန်းပြားသောသဘောဖြစ်သည်။ ( xxx )
(၃၅)  လူတစ်ယောက်သည် မိမိ၏ ဘ၀ခရီးလမ်းကို ဖြောင့်ဖြူးလိုစိတ် မရှိဘဲနှင့် တိုးတက်နိုင်မည် မဟုတ်ပေ။ မည်မျှပင် တစ်ပါးသူက ကူညီပါစေ အချည်းနှီးသာဖြစ်ပေလိမ့်မည်။ ( xxx )
(၃၆)  တည်ငြိမ်၍ အနှောက်အယှက်ကင်းမဲ့ခြင်းသည် ကြီးမားမြင့်မြတ်သော စိတ်၏သဘာဝဖြစ်၏။           ( ဂရိတ်ပညာရှိဆီနဲကား )
(၃၇)  နေ၏အရောင်ကို အပေါက်ငယ်ကလေးများမှ  မြင်ရသည့်နည်းတူ လူတစ်ယောက်၏ စိတ်နေစိတ်ထားနှင့် သဘောသက္ကာယတို့ကို သူနှင့် ပတ်သက်သည့် အသေးအဖွဲ ကိစ္စကလေးများမှ ထင်ရှားစွာ သိမြင်နိုင်ပေသည်။
 ( ကြီးပွားရေးကျမ်းပြုဆရာကြီးဆင်မြူရယ်စမိုင်း )
(၃၈)  သူတစ်ပါး၏ အပြစ်ကို သည်းခံပါ။ တစ်ပါးသူ၏ အမှားကို မိမိအမှားကဲ့သို့ သဘောထားပါ။ သည်းခံမှုနှင့် နားလည်မှုကို လက်ကိုင်ပြု၍ ဘ၀တာသည် ရန်ညိုးဖွဲ့ရန် အလွန်တိုတောင်းလှ၏။ ထို့ထက် သဘောထား သေးသိမ်ခြင်းနှင့် ဂရုဏာကင်းမဲ့ခြင်းသည် သာ၍ တိုတောင်းသည်။  ( ဖီးလစ်ဘရက်စ် )
(၃၉)  လူသုံးမျိုးသာရှိသည်။ ထိုလူသုံးမျိုးမှာ တိုးတက်နေသောသူ၊ ရပ်တန့်နေသောသူ၊ ဆုတ်ယုတ်နေသောသူ ဟူ၍ ဖြစ်သည်။               ( လာဗာတာ )
(၄၀)  လူယဉ်ကျေး ပီသသည်၊ မပီသသည်ကို သိလိုလျှင် လူသည် သူ့အတွက် အသုံးမ၀င်သည့် နိမ့်ကျသူများအား ရိုသေပါ၏လားဟု စိစစ်ပါ။ ( ဖလ်လစ် )

Dec 29, 2011

ကမ္ဘာကျော်တို့၏ တန်ဖိုးရှိသောစကားများ (၂)

(၁၁)  လူယုတ်မာများသည် ကြောက်ခြင်းတရားအား နာခံကြ၍ လူကောင်းသူကောင်းများမှာ မေတ္တာတရားကို နာခံကြတယ်။      (အရစ်စတိုတယ် )
(၁၂)  အမှန်တရားသည် ပြောသူအား ဘယ်တော့မှ ထိခိုက်နစ်နာစေခြင်းမရှိ။(ရောဘတ်ဘရောင်းနင်း )
(၁၃)   သင်သောကဖြစ်နေသောအရာအားလုံးကို ရေးချပြီးသောအခါ ခဲတံတစ်ချောင်းကိုယူ၍ အရေးမကြီးသော အရာများကို ဖျက်ပစ်ပါ။ ထိုအခါ တစ်ကယ်သောကဖြစ်စရာ အနည်းငယ်သာ ကျန်တော့တာ တွေ့ရပေမယ်။( ဟားဗတ်အင်ကက်ဆင် )
(၁၄)  လူတစ်ယောက် ဘယ်လိုသေဆုံးသည်ဆိုသည်မှာ အရေးမကြီး၊ ဘယ်လိုနေထိုင်သည်သာ အရေးကြီးတယ်။ ( ဟိုးမား )
(၁၅)  ဆင်ဆင်ခြင်ခြင် နေထိုင်ခြင်းနှင့် အလုပ်လုပ်ခြင်းသည် လူသား၏ အကောင်းဆုံး ဆရာဝန်နှစ်ဦး ဖြစ်တယ်။                                 ( ဂျေ၊ဂျေ၊ ရူးဆိုး )
(၁၆)  အချိန်နဲ့ ကြိုးစားအားထုတ်မှုဟာ နေ့စဉ်အသိအမြင်သစ်ကို ပေးတယ်။      (သောမတ်ဟောဘ် )
(၁၇)  အမှန်တရား၌ သတ္တိရှိခြင်းဟာ တွေးခေါ်ခြင်းဆိုင်ရာ လေ့လာဆည်းပူးမှု၌ ဦးဆုံးလိုအပ်သော အရည်အသွေးဖြစ်တယ်။                  ( ဂေဟယ် )
(၁၈)  သည်းခံခြင်းသည် အကောင်းဆုံး ဘာသာတရားပင်ဖြစ်တယ်။ ( ဗစ်တာဟူဂို )
(၁၉)  ခင်ဗျားရဲ့ သဘောတူညီမှုမပါဘဲနှင့် ဘယ်သူကမှ ခင်ဗျားကို သိမ်ငယ်စိတ်ဝင်အောင် မလုပ်နိုင်ပါဘူး။ ( အယ်လင်နွာရုစဗဲ့ )
(၂၀)  ပညာဖြင့် ဆုံးဖြတ်၍ သည်းခံခြင်းဖြင့် လုပ်ဆောင်ပါ။ ( ရစ်ချယ်လူ )
(၂၁)  ဤလောက၌ ပြင်းပြတဲ့စိတ်ဆန္ဒ မရှိဘဲနှင့် ထူးခြားပြောင်မြောက်တဲ့ အရာများကို လုံးဝမပြုလုပ်နိုင်ကြောင်း ကျွန်ုပ်တို့ အခိုင်အမာ ပြောဆိုရပေမယ်။ ( ဂေဟယ် )
(၂၂)  မှတ်ဥာဏ်ကောင်းစေသောနည်းက အာရုံစိုက်ခြင်းပင်ဖြစ်တယ်။   ( ဟိုးမား )
(၂၃)  အရာရာကို မလုပ်နိုင်တဲ့အတွက် ရှက်စရာမဟုတ်၊ သို့သော်မလုပ်တတ်ပဲနှင့် လုပ်ခြင်း၊ သို့မဟုတ် ဟန်ဆောင်ခြင်းသည် ရှက်စရာကောင်းရုံတင်မက စိတ်ပျက်စရာလည်း ကောင်းလှတယ်။ ( ပလူးတက် )
(၂၄)  ကံဆိုးမှုများဟာ တစ်ခါတစ်ရံ၌ ထူးခြားသော အစွမ်းအစများ ဖြစ်ပေါ်စေတယ်။ ( အိုဗစ်တပ်နိုဆော့ )
(၂၅)  စကားပြောမှာ စကားကို တိုတိုနဲ့ လိုရင်းပြောခြင်းဟာ စကားပြောကောင်းခြင်းရဲ့ အဓိက ဆွဲဆောင်မှုတစ်ခုပင် ဖြစ်တယ်။ (စီဆာဂို )

Dec 25, 2011

စကား စကား စကားထဲက ဇာတိပြ

စကားကြီး (၁၁) ခွန်း
၁။ ရေကူးညာတင်ပြောဆိုခြင်း ~ လိုသည်ထက်ပို၍ပြောဆိုခြင်း
၂။ ကောက်ပင်ရိတ်လှီးပြောဆိုခြင်း ~ စကားတစ်ခွန်းတည်းနှင့် အပိုင်ပြောဆိုခြင်း
၃။ ရေစီးဖောင်ဆန်ပြောဆိုခြင်း ~ စကားပြောရာ၌ လက်ဝင် ပင်ပန်းသော စကားမျိုးပြောဆိုခြင်း
၎။ အိုးတန်ဆန်ခပ်ပြောဆိုခြင်း ~ တစ်ဖက်လူနှင့် တန်သလောက်ပြောဆိုခြင်း
၅။ ဆီပွတ်ကျည်ပွေ့ပြောဆိုခြင်း ~ တဖြည်းဖြည်း ကိုယ့်ဘက်ပါအောင် ဖွဲ့နွဲ့ ပြောဆိုခြင်း
၆။ ဆင်ဝှေ့ရန်ရှောင်ပြောဆိုခြင်း ~ တာဝန်မဲ့သော၊ ရှောင်လွှဲသောစကားကို ပြောဆိုခြင်း
၇။ တောင်သူယာခုတ်ပြောဆိုခြင်း ~ ပြောသင့်သည်ကိုအရင်ပြောပြီး လိုရာကို နောက်မှပြောဆိုခြင်း
၈။ ကြက်ဆုပ်ခွပ်ပစ်ပြောဆိုခြင်း ~ မိမိအသာစီးရသောအခါ အပိုင်ပြောဆိုခြင်း
၉။ ရေစစ်ကရားပြောဆိုခြင်း ~ စကားကိုချန်မထားဘဲ အကုန်ပြောခြင်း
၁၀။ ရေသာသဲတင်ပြောဆိုခြင်း ~ အရှုံးဖြင့်ပြောဆိုခြင်း
၁၁။ ခက်တင်မောင်းနင်းပြောဆိုခြင်း ~ မတင်မကျနှင့် ရှေ့မရောက် နောက်မထိုင် ပြောဆိုခြင်း

စကားများခြင်း၏ အပြစ် (၅) ပါး
၁။ မဟုတ်မမှန်သောစကားကို ပြောမိတတ်၏။
၂။ ကုန်းတိုက်စကားကို ပြောမိတတ်၏။
၃။ ကြမ်းတမ်းသောစကားကို ပြောမိတတ်၏။
၎။ အနှစ်မဲ့သောစကားကို ပြောမိတတ်၏။
၅။ သေလွန်သောအခါ အပါယ်သို့ကျ၏။

စကားအရာ အင်္ဂါ (၁၀) ပါး
၁။ ကာလဝါဒီ ~ ပြောချိန်ပြောခွင့်သင့်မှ ပြောဆိုခြင်း
၂။ ဘူတဝါဒီ ~ ဟုတ်မှန်သော စကားကိုသာ ပြောဆိုခြင်း
၃။ ဓမ္မဝါဒီ ~ တရားနှင့် စပ်သည်ကိုသာ ပြောဆိုခြင်း
၎။ အတ္တဝါဒီ ~ အကျိုးနှင့် စပ်သည်ကိုသာ ပြောဆိုခြင်း
၅။ ပိယဝါဒီ ~ ချစ်ဖွယ်သောစကားကိုသာ ပြောဆိုခြင်း
၆။ မိဟိတပုဗ္ဗဘာဏီ ~ ပြုံးရွှင်ခြင်းကိုသာ ရှေးဦးပြ၍ ပြောဆိုခြင်း
၇။ မိတာဘာဏီ ~ မပိုမလွန် ချင့်ချိန်၍ ပြောဆိုခြင်း
၈။ အတုရိတဝါဒီ ~ အဆောတလျင် မပြောဆိုခြင်း
၉။ ပေါရီ ~ ဓလေ့ထုံးစံကိုလိုက်၍ ပြောဆိုခြင်း
၁၀။ ဝိသဒဝါဒီ ~ သန့်ရှင်းသေချာ ဋ္ဌာန်ကရိုဏ်းကျအောင် ပြောဆိုနိုင်ခြင်း

စကား ၆ ခွန်း လူ၌ထွန်း၊ ၄ ခွန်းကိုပယ် ၂ ခွန်းတည်
၁။ မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ သူတစ်ပါးကလည်းမနှစ်သက်သော မုသာဝါဒစကားများ
၂။ မှန်လည်းမှန်၏၊ အကျိုးလည်းမရှိ၊ သူတစ်ပါးကနှစ်သက်သော ပိသုဏဝါစာစကားများ
၃။ မှန်လည်းမှန်၏၊ အကျိုးလည်းမရှိ၊ သူတစ်ပါးလည်းမနှစ်သက်သော ဖရုသဝါစာစကားများ
၎။ မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ သူတစ်ပါးကနှစ်သက်သော သမ္ဖပ္ပလာပဝါစာစကားများ
၅။ မှန်လည်းမှန်၏၊ အကျိုးလည်းရှိ၏၊ သူတစ်ပါးလည်းနှစ်သက်သော သမ္မာဝါစာစကားများ
၆။ မှန်လည်းမှန်၏၊ အကျိုးလည်းရှိ၏၊ သူတစ်ပါးတော့မနှစ်သက်သော သမ္မာဝါစာစကားများ

ကမ္ဘာကျော်တို့၏ တန်ဖိုးရှိသောစကားများ (၁)

(၁)   သင်တို့သည် တဲများထဲ၌ အိပ်မနေကြနှင့်၊ ကမ္ဘာကြီးသည် ရှေ့သို့သွားနေတယ်၊ ကမ္ဘာကြီးနှင့်အတူ     ရှေ့သို့ ချီတက်သွားကြပါ။        (မာဇင်နီ )

(၂)   လုံလ၀ီရိယရှိခြင်းက ကံကောင်းခြင်းရဲ့ မိခင်ဖြစ်တယ်။  ( ဆာဗန်တီ )

(၃)   တရားမျှတသောသူသာလျှင် စိတ်ငြိမ်းချမ်းခြင်းကို ရတယ်။ ( ဒီဆိုင်ရပ်အီးရပ်မတ် )

(၄)   ဥာဏ်ပညာရှိသူ၏ ဦးတည်ချက်မှာ ပျော်ရွှင်ကျေနပ်မှုကို ခိုင်မြဲအောင်လုပ်ရန်ထက် ထိခိုက်နစ်နာမှုကို ရှောင်ရှားရန် ဖြစ်တယ်။          ( အရစ်စတိုတယ် )

(၅)   မိမိကိုယ်မိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဦးဆုံးသော သော့ချက်ပဲ။  ( နီကီတာခရုရှက် )

(၆)   အကောင်းဆုံးသော သာယာချမ်းမြေ့မှုမှာ ကောင်းမွန်သည့်အလုပ်ကို လူမသိအောင်လုပ်ပြီး ထိုသို့လုပ်သည်ကို အမှတ်တမဲ့ သိသွားစေခြင်းပင်ဖြစ်တယ် ( ကစ်ပလင်း )

(၇)   လျှို့ဝှက်နက်နဲခြင်းက သင့်အား လှည့်ဖြားပေလိမ့်မယ်၊ ရိုးသားဖြောင့်မတ်တည်ကြည်ခြင်းက ဘယ်တော့မှ မလှည့်ဖြားပါ။      (အိုလီဗာခရွှန်းဝဲ )

(၈)   ဥာဏ်ပညာရှိကြောင်း အသေချာဆုံးဖော်ပြသည့်အချက်မှာ အမြဲစိတ်ကြည်လင် ချမ်းမြေ့နေခြင်းပင် ဖြစ်တယ်။( မစ်ချယ်ဒီမွန်တေဂျင် )

(၉)   သန္နိဋ္ဌာန် ချရာ၌ နှေးပါ။ လုပ်ဆောင်ရန်၌ မြန်ပါ။  ( ဂျွန်ဒရိုင်းဒန် )

(၁၀)  ဤကမ္ဘာပေါ်၌ မည်သူ့ကိုမျှ အားမကိုးပဲ မိမိဘာသာမိမိ ရပ်တည်သောသူသာလျှင် အတော်ဆုံးလူဖြစ်တယ်။ ( ဟင်းရစ်အစ်ဆန် )

             သုတေသီ ဘုန်းမြင့်သွေးရဲ့“ ကမ္ဘာကျော်တို့ရဲ့ တန်ဖိုးရှိသောစကားများ ” မှကူးယူဖော်ပြ လိုက်ပါ တယ်ခင်ဗျာ။