မြန်မာလူမျိုးများ အသိပညာ၊ အတတ်ပညာ တိုးတက်မြင့်မားစေရန် ရည်ရွယ်လျက်............................
Nov 11, 2011
Nov 9, 2011
ဥပဒေသ(၁၀)ချက်
၁။ သင်ဟာခန္ဓာကိုယ်တစ်ခုရမယ်။
ဒါကိုလက်သင့်ခံပါ။
မိမိကိုယ်ကို မိမိတန်ဖိုးထားပါ။
သင့်ရဲ့ ဆောင်ရွက်ချက်တွေကို အမြင့်မားဆုံး၊ အကောင်းဆုံးဖြစ်အောင် ဘာတွေလိုအပ်သလဲဆို
တာ လေ့လာပါ။ ဘာတွေဖြည့်ဆည်းပေးရမလဲဆိုတာ ဆည်းပူးပါ။ ပြီးရင် လိုအပ်ချက်များကို အလေးထားဖြည့်
ဆည်းပါ။
၂။ သင်ခန်းစာများကို သင်ယူဆည်းပူးခြင်း။
မိမိရဲ့ သီးခြားဘ၀လမ်းနဲ့ လိုက်လျောညီထွေဖြစ်အောင် မိမိကိုယ်ကို ညှိယူပါ။
သင့်ကိုယ်သင် သိမြင်နားလည်လာအောင် ဇွဲနဲ့မာန်နဲ့ ကြိုးစားရမယ်။ အခြေခံကျတဲ့ သင်ခန်း
စာတွေက ရိုးသားပွင့်လင်းမှု၊ ရွေးချယ်မှု၊ တရားမျှတမှုနဲ့ တင့်တယ်အဆင်ပြေခြင်းတို့ ဖြစ်ကြတယ်။
၃။ လောကမှာ အမှားဆိုတာမရှိ။ သင်ခန်းစာများသာရှိတယ်။
မအောင်မြင်မှုများဟာ အောင်မြင်မှုများအတွက် အရေးပါတဲ့ အပိုင်းကဏ္ဍများအဖြစ် ပါဝင်
တယ်။ သင့်အမှားများကို သင်ခန်းစာယူဖို့ အခွင့်အလမ်းများအဖြစ် ယူဆလိုက်ပါ။
ကံဆိုးမိုးမှောင်ကျတဲ့ ဖြစ်ရပ်တိုင်းဟာ ပိုမိုအားထုတ်ဖို့ တွန်းအားတစ်ရပ်ဖြစ်ပြီး တန်ဖိုးရှိတဲ့
အရိပ်နိမိတ်တစ်ခုဖြစ်တယ်လို့ အီမာဆင်က ပြောခဲ့တယ်လေ။
ဂရုဏာတရား၊ ခွင့်လွှတ်ခြင်း၊ ကိုယ်ကျင့်တရားစောင့်ထိန်းခြင်းနဲ့ ဟာသဥာဏ်တို့ရှိပါစေ....။
၎။ သင်ခန်းစာတစ်ခုကို မတက်မချင်း ထပ်တလဲလဲသင်ရမှာပဲ။
သတိပြုမိဖို့လိုတယ်။
လိုလိုလားလားရှိဖို့လိုတယ်။
ကြောင်းကျိုးဆက်စပ်မှုကို နားလည်ရပါမယ်။
စိတ်ရှည်သည်းခံခြင်း ရှိဖို့လိုတယ်။
၅။ သင်ယူဆည်းပူးခြင်းသည် ပြီးဆုံးသည်ရယ်လို့မရှိ။
စွန့်လွှတ်ခြင်းရှိရပါလိမ့်မယ်။
ခိုင်ခိုင်မာမာ ဆုံးဖြတ်ခြင်းရှိရမယ်။
ရိုကျိုးနှိပ့်ချခြင်းရှိရပါမယ်။
ပြောင်းလွယ်ပြင်လွယ် (ပျော့ပြောင်း) ရပေမယ်။
၆။ ဤနေရာထက် ပိုသာသော ထိုနေရာဟူသည်မရှိ။
ကျေးဇူးတရားကို သိရှိရပါမယ်။
သံယောဇဉ်ဖြတ်ခြင်း ရှိတတ်ရမယ်။
အလျှံပယ်ပေါကြွယ်ခြင်းဟာ ကျေနပ်တတ်ခြင်းပဲ။
အေးချမ်းသာယာမှုက မိမိအထဲမှာပဲရှိတယ်။
၇။ အခြားသူများသည် သင့်ကြေးမုံရိပ်များသာဖြစ်တယ်။
ခံနိုင်ရည်ရှိရပါမယ်။
ကြည်လင်ပြတ်သားရမယ်။
ကုသပျောက်ကင်းစေတတ်ရမယ်။
အားပေးကူညီခြင်းရှိရမယ်။
၈။ သင့်ဘ၀မှာ ဖြစ်လာသမျှအကြောင်းအရာများဟာ ဘယ်သူမပြု မိမိမှုချည်းသာ ဖြစ်တယ်။
တာဝန်ယူခြင်း ရှိရမယ်။
ဖြေလျော့ခြင်းရှိရပါမယ်။
သတ္တိမွေးရမယ်။
စွမ်းအားပြည့်အောင် ကြိုးစားရမယ်။
စွန့်စားခြင်းပြုရဲရမယ်။
၉။ သင့်အဖြေအားလုံးဟာ သင့်ရင်တွင်းမှာပဲရှိတယ်။
နားထောင်ခြင်းရှိပါစေ။
ယုံကြည်စိတ်ချခြင်းရှိပါ။
ဈာန်ဝင်စားခြင်း ရှိရမယ်။
၁၀။ သင့်ကိုမွေးဖွားစဉ်မှာ ဒါတွေအားလုံးကို မေ့ပျော်သွားလိမ့်မယ်။ သင်ဟာ အနန္တစွမ်း အား ရှင်ပါ။
သက်ဝင်ယုံကြည်မှု ရှိထားပါ။
ဥာဏ်အမြော်အမြင်ရှိပါစေ။
သင်၏ ဆင့်ကဲတိုးတက်မှုဖြစ်စဉ်သည် ဘယ်တော့မှ မဆုံးဘူး၊ အတိုင်းအတာ အတိုင်းအဆမဲ့
ပဲ။ စွမ်းရည်တံခါးများကို ဖွင့်သွားပါလိမ့်မယ်။
x x x x x x x x x x x x x x x
ပြည့်ပြည့်စုံစုံ မဖော်ပြနိုင်တော့ ရေရေလည်လည် သိမြင်ထွင်းဖောက်ပြီး မြင်ချင်မှမြင်နိုင်ပေ
လိမ့်မယ်။ တကယ်တော့ လက်တွေ့ လုပ်ဆောင်ကျင့်သုံးမှုများနဲ့ ယှဉ်တွဲသုံးသပ်မှ ကိုယ်တွေ့နားလည်
နိုင်တာမျိုးတွေပဲမို့ ဥာဏ်မီသမျှ စမ်းသပ်လိုက်နာကြည့်ရင် အကျိုးရှိပေလိမ့်မယ်။
( လိုက်နာကျင့်သုံး ကြည့်ပါ တကယ်အကျိုးထူးလိမ့်မယ်)
ဆရာချစ်နိုင်(စိတ်ပညာ) မှကူးယူဖော်ပြအပ်ပါသည်.......အားလုံးပျော်ရွှင်ပါစေဗျာ။

ကမ္ဘာ့စကားပုံထဲက မိန်းမသား (၄)
My first wife was my wife; the second-my ruler, the third-my my icon.
Bulgarian Proverb
ကျွန်တော်၏ ပထမဦးဆုံးဇနီးသည် ကျွန်တော်၏ ဇနီးဖြစ်သည်။
ဒုတိယဇနီးသည် ကျွန်တော်၏ အုပ်ချုပ်သူဖြစ်သည်။
တတိယဇနီးသည် ကျွန်တော်၏ ကိုးကွယ်သည့် ရုပ်တုဖြစ်သည်။
ဘူလ်ဂေးရီးယန်း စကားပုံ
An aproned wife has no time to be bad.
Bulgarian Proverb
အလုပ်များသော ဇနီးဖြစ်သူသည် ဆိုးသွမ်းဖို့ အချိန်မရှိပေ။
ဘူလ်ဂေးရီးယန်း စကားပုံ
The love of a maid's is water in a basket.
Catalonian Proverb
မိန်းမပျိုလေးတစ်ယောက်၏ အချစ်သည် ခြင်းထဲကရေဖြစ်သည်။
ကက်တလုံးနီးယန်း စကားပုံ
A woman's beauty is her own prediction and the prediction of others.
Catalonian Proverb
မိန်းမတစ်ယောက်၏ အလှတရားသည် သူမ၏ကိုယ်ပိုင် နိမိတ်ဖတ်ခြင်းနှင့်
တခြားသူတို့၏ နိမိတ်ဖတ်ခြင်းတို့ပင်ဖြစ်သည်။
ကတ်တလုံးနီးယန်း စကားပုံ
A whole house-full of sons and daughters is not after all equal to a second wife.
Chinese Proverb
တစ်အိမ်လုံးတွင် သားတွေ၊ သမီးတွေ ပြည့်နှက်နေခြင်းသည်လည်း ဒုတိယဇနီးတစ်ယောက်
နှင့် မညီမျှပေ။
တရုတ် စကားပုံ
The places of the great are full of women; the cottage of the poor full of children.
Chinese Proverb
ကြွယ်ဝချမ်းသာသော နေရာများတွင် မိန်းမတွေ ပြည့်နှက်နေသည်။ ဆင်းရဲသားတဲကုပ်လေးထဲ
တွင် ကလေးများနှင့် ပြည့်နှက်နေသည်။
တရုတ် စကားပုံ
A wife's long tongue is the flight of steps by which misfortune comes.
Chinese Proverb
ဇနီးတစ်ယောက်ရဲ့ ရှည်လျားတဲ့လျှာဟာ ကံဆိုးမှုတက်လာတဲ့ လှေကားထစ်တွေပါပဲ။
တရုတ် စကားပုံ
The first counsel of women is the wiset, and their last resolution the most dangerous.
Chinese Proverb
မိန်းမတွေရဲ့ ပထမဆုံးအကြံဥာဏ်ဟာ အမြော်အမြင်အရှိဆုံးပဲ။
သူတို့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ အန္တရာယ် အကြီးဆုံးပဲ။
တရုတ် စကားပုံ
The upper classes their daughter on marriage; the middle classes do nothing, but rare
and marry them; the lower classes make money by marriage them.
Chinese Proverb
အထက်တန်းလွှာများသည် သူတို့၏သမီးများကို ထိမ်းမြားလက်ထပ်ပေးကြသည်။
အလယ်လတ်အလွှာများသည် သူတို့၏သမီးများကို ထိုသို့မလုပ်ပေးနိုင်သော်လည်း
သူတို့၏သမီးများကို ကျွေးမွေးပြုစုပြီးမှ အိမ်ထောင်ပြုပေးလိုက်ကြသည်။ အနိမ့်ဆုံး
အလွှာများသည် သူတို့၏သမီးများကို လက်ထပ်ပေးခြင်းဖြင့် ငွေရှာကြလေသည်။
တရုတ် စကားပုံ
A secret revealed to a woman is a bubble that is blown.
Chinese Proverb
မိန်းမတစ်ယောက်အား လျှို့ဝှက်ချက်တစ်ခု ပြောပြလိုက်ခြင်းသည်
ပူပေါင်းဖောက်လိုက်သလိုပင်။
တရုတ် စကားပုံ
စကားပုံသာဖြစ်သည် မည်သည်ကိုမျှ မရည်ရွယ်ပါ အားလုံးပျော်ရွှင်ပါစေဗျာ......

Nov 8, 2011
၃၈ ဖြာမင်္ဂလာ ပုံပြင်
ရိုသေလေးစားထိုက်သူကို ရိုသေလေးစားခြင်း
- အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက
ဆည်းကပ်ခစားရိုသေလေ၊
မာနတံခွန် ဂုဏ်မကြွနဲ့
ကိုယ်ကို နှိမ့်ချအမြဲနေ၊
လောဘအပို အလိုမလိုက်နဲ့
ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ၊
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး
အထူးသိတတ်စေ၊
ကောင်းကျိုးဆင့်ပွား မြတ်တရား
နာကြားမပျက်ပေ၊
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
ရှုပ်ထွေးမှုကင်းလျက်စနစ်တကျ ကြိုးစားစူးစိုက်လုပ်ကိုင်ခြင်း
- မြင်းမိုရ်ရွှေတောင် မိဘကြွေးကို
ကောင်းစွာဆပ်ပေး ၀တ်ကျေကျေ၊
ကြွေးသစ်ချကာ သားနှင့်မယားကို
မြှောက်စားချီးမြှင့် ၀တ်ကုန်စေ၊
အလုပ်တာဝန် မလစ်ဟင်းနဲ့
အပြစ်ကင်းအောင် လုပ်ပါလေ၊
စည်းစိမ်ကိုပေး ဆက်ဆံရေး
မျှော်တွေးသုံးချက်ပေ၊
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
လူမိုက်နှင့်ကင်းချမ်းသာခြင်း
- လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့
မမှီဝဲနဲ့ကင်းအောင်နေ၊
ပညာရှိကို အရှည်တွဲလို့
မှီဝဲဆည်းကပ်နည်းယူစေ၊
သုံးပါးရတနာ မိဘများနဲ့
ဆရာသမားကို ပူဇော်စေ၊
ချမ်းသာကိုပေး ဆက်ဆံရေး
မျှော်တွေးသုံးချက်ပေ၊
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
Nov 7, 2011
၃၈ ဖြာမင်္ဂလာ ပုံပြင်
မကောင်းမှုကိုကိုယ်၊နှုတ်ဖြင့်ရှောင်ခြင်း
- မကောင်းမှုတွေ ဟူသမျှကို
မတွေ့ခင်က ရှောင်ကြဉ်လေ၊
တွေ့ကြုံလာရင် မလွန်ကျူးနဲ့
အထူးသဖြင့် စောင့်စည်းနေ၊
အရက်သေစာ မသောက်စားနဲ့
မှောက်မှားတက်တဲ့ အရာတွေ၊
လုပ်ကိုင်ပြောကြား သတိထား
တရားမမေ့စေ၊
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
မကောင်းမှုကိုစိတ်ဖြင့်ရှောင်ခြင်း
- မကောင်းမှုတွေ ဟူသမျှကို
မတွေ့ခင်က ရှောင်ကြဉ်လေ၊
တွေ့ကြုံလာရင် မလွန်ကျူးနဲ့
အထူးသဖြင့် စောင့်စည်းနေ၊
အရက်သေစာ မသောက်စားနဲ့
မှောက်မှားတတ်တဲ့ အရာတွေ၊
လုပ်ကိုင်ပြောကြား သတိထား
တရားမမေ့စေ၊
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
ရဟန်းသူမြတ်တို့ကို ဖူးမြော်ခြင်း
- ၀တ်စားနေထိုင် ရန်ခပ်သိမ်း
စိတ်ကိုချုပ်ထိန်း သည်းခံလေ၊
ကျိုးကြောင်းပြညွှန် ဆုံးမစကားကို
ပြောကြားလာက နာလွယ်စေ၊
သူမြတ်ပုဂ္ဂိုလ် ဟူသမျှကို
မကြာခဏ တွေ့ဆုံလေ၊
သဘာဝတွေး မှန်ကန်ရေး
ဆွေးနွေးမပျက်ပေ၊
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
Nov 6, 2011
လူတိုင်းမှာအလားအလာရှိတယ် (၂)
ခြောက်ပြစ်ကင်းမှ ဖြစ်မှာလား
လူတစ်ယောက်မှာ ဆုံးဖြတ်ပြဌာန်းပြီးသားတွေချည်းဖြစ်နေရင် ပညာဥာဏ်အတွက် နေရာသိပ်ကျန်
မှာမဟုတ်တော့ဘူး။
မယ်လ်ကွမ်း ဟိန်း
There is little room left for wisdom when one is full of judgement.
MALCOLM HEIN
ကမ္ဘာ့ခိုကြီးများသို့
ကိုယ့်ဒုက္ခမှ ဒုက္ခလုပ်မနေနဲ့။ လောကမှာ ထာဝရတည်တံ့တာ ဘာတစ်ခုမှ မရှိဘူး။
အန်း ဂလက်ဆိုး
Nothing last forever-not even your troubles.
ARNOLD GLASOW
ရဲရဲလျှောက်
သစ်ကိုင်းပေါ် ဘာပြုလို့ တိုးမသွားရဲရမှာလဲ။
အသီးသီးနေတာက အဲဒီမှာ မဟုတ်ဘူးလား။
ဖရဲန့် စကလ္လီး
Why not go out on a limb?
Isn't that where the fruit is?
FRANK SCULLY
ပြောရရင် မကောင်းဘူး
ကမ္ဘာဦးစကတည်းက ခေါင်းကြီးပိုင်းတွေလောက် ကောက်ကောက်ပြောတတ်ကြလို့ မဟုတ်က
ဟုတ်က ဟာတွေများနေတာ။ အာဒမ်နဲ့ဧ၀မှာ ဆင်းရဲဒုက္ခဆို ဘာမှန်းကိုမသိတဲ့ တတိယသား တစ်
ယောက် ရှိသေးတယ်ဆိုတာကျတော့သိတဲ့လူဘယ်နှစ်ယောက်ရှိလို့လဲ။
ဆစ်ဒနီ ဂျေ၊ ဟဲရစ္စ်
Ever since the world began, it has been mostly wickedness that has made the headlines.
How many people even konw that Adam and Eve had a third son, who never got into trouble?
Sydney J. Harris
မှန်တမ်းပဲကောင်းပါတယ်
ကိုယ့်အနားမှာ လူတွေ ၀ိုင်းဝိုင်းလည်နေတာကို အရေးပါအရာရောက်လှပြီလို့ ကျွန်တော်မထင်
ဘူး။ ဖြစ်နိုင်ရင် ဓားနဲ့ပါးပါးလှီးထားသလို၊ လူတွေကို တစ်လွှာချင်းပဲ ကျွန်တော်တွေ့ချင်တယ်။
ဘာနဘီ ကီးနေး
I don't think being well-rounded is particularly important.
I would rather see people with a cutting edge on them.
BARNABY KEENEY
အစုံသောနားကိုစွင့်
ရှေ့ကနေ ဦးဆောင်မယ့်လူအနေနဲ့ နားရွက်တစ်ဖက်ကို မြေကြီးနဲ့ ကပ်ထားမယ်ဆိုရင် ကျန်တဲ့
နားရွက်တစ်ဖက် ပစ်မှတ်ဖြစ်သွားလိမ့်မယ်။
အဲန်ဂျီ ပါရာဒါကီးစ်
A leader who keeps his ear to the ground allows his rear end to become a target.
ANGIE PARADAKIS
လက်မြဲတဲ့ ကစားနည်း
ဖဲကစားတာ ငွေကုန်ကြေးကျတော့ များတယ်။ ဒါပေမယ့် ဒီကစားနည်းလို ကိုယ့်လက်နဲ့ သေ
သေချာချာ ဆုပ်ထားလို့ရတဲ့ တခြားကစားနည်း ရှိလို့လား။
ဝိုင်လူကူ
CARD GAMES can be expensive, but so can any game where you hold hands.
WAILUKU
ပန်းချီဆေးရေးအတတ်
ပန်းချီဆွဲတယ်ဆိုတာ ပျံ့ပျူးတဲ့ မျက်နှာပြင်တွေကို ရာသီဥတုဒဏ်ကနေ အကာအကွယ်ပေးပြီး၊
ဝေဖန်မယ့်သူရှေ့ ရောက်အောင်ထုတ်ပြဖို့ လုပ်တဲ့အတတ်ပါပဲ။
အမ်ဘရိုစ် ဘီးယားစ်
PAINTING is the art of protecting flat surface from the weather and exposing them to
the critic.
AMBROSE BIERCE
ပညာရဲ့စည်း
ပညာရေးဆိုတာ ဘ၀စွန့်စားခန်းအတွက် စည်းကမ်းကလနားပဲ။
အဲလ်ဖရက် နော့သ် ၀ှိုက်တ်ဟက်ဒ်
EDUCATION is discipline for the adventure of life.
ALFRED NORTH WHITEHEAD
ဘာလင်ပန်းနဲ့ အချင်းဆေးသလဲ
ဆေးပညာ ဘယ်လောက်ပဲ ရှေ့တန်းရောက်တယ်ဆိုဆို ခုအချိန်ထိ၊ လူချင်းအတူတူ သူချင်း
မျှမျှ မွေးဖွားလာရတဲ့ ဘ၀ကို ရောက်ကြဖို့ ဆေးနည်းမတွေ့သေးဘူး။
ဆီးနိတ်လွှတ်တော်အမတ် ဂျွန်ဂလင်း
For all the advances in medicine, there is still no cure for the common birthday.
SENATOR JOHN GLENN
Subscribe to:
Posts (Atom)