Nov 8, 2011

၃၈ ဖြာမင်္ဂလာ ပုံပြင်


ရိုသေလေးစားထိုက်သူကို ရိုသေလေးစားခြင်း

- အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက
  ဆည်းကပ်ခစားရိုသေလေ၊
  မာနတံခွန် ဂုဏ်မကြွနဲ့
  ကိုယ်ကို နှိမ့်ချအမြဲနေ၊
  လောဘအပို အလိုမလိုက်နဲ့
  ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ၊
  ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး
  အထူးသိတတ်စေ၊
  ကောင်းကျိုးဆင့်ပွား မြတ်တရား
  နာကြားမပျက်ပေ၊
  အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။






ရှုပ်ထွေးမှုကင်းလျက်စနစ်တကျ ကြိုးစားစူးစိုက်လုပ်ကိုင်ခြင်း

- မြင်းမိုရ်ရွှေတောင် မိဘကြွေးကို
  ကောင်းစွာဆပ်ပေး ၀တ်ကျေကျေ၊
  ကြွေးသစ်ချကာ သားနှင့်မယားကို
  မြှောက်စားချီးမြှင့် ၀တ်ကုန်စေ၊
  အလုပ်တာဝန် မလစ်ဟင်းနဲ့
  အပြစ်ကင်းအောင် လုပ်ပါလေ၊
  စည်းစိမ်ကိုပေး ဆက်ဆံရေး
  မျှော်တွေးသုံးချက်ပေ၊
  အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။




လူမိုက်နှင့်ကင်းချမ်းသာခြင်း

- လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့
  မမှီဝဲနဲ့ကင်းအောင်နေ၊
  ပညာရှိကို အရှည်တွဲလို့
  မှီဝဲဆည်းကပ်နည်းယူစေ၊
  သုံးပါးရတနာ မိဘများနဲ့
  ဆရာသမားကို ပူဇော်စေ၊
  ချမ်းသာကိုပေး ဆက်ဆံရေး
  မျှော်တွေးသုံးချက်ပေ၊
  အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

No comments:

Post a Comment