Sep 7, 2011
စာမတတ်သူ ပပျောက်ရေး
ပညာရွှေအိုး လူမခိုး၊
ချစ်ဖွယ် ထိုဆိုရိုး၊
တစ်မြတ်တစ်နိုး မှတ်စရာ၊
ပညာရွှေခေတ်ပါ၊
ပညာဆိုတာ အိုသည်မရှိ၊
လူတိုင်းလူတိုင်းသိ။
ထိုအသိကို အခြေခံ၊
ပညာတတ်မြောက်ရန်၊
ပညာတတ်မှန် ဖြစ်စေဖို့၊
စာတွေဖတ်ကြစို့။
စာတွေဖတ်ဖို့ စာသင်ယူ၊
ကြီးငယ် ဘယ်မဟူ၊
စာမတတ်သူ ပပျောက်ရေး၊
ဝိုင်းဝန်းကူညီပေး။
                                 ( သောင်းကိုကို )
ဝရမ်းဆိုသည်မှာ (What is a warrant?)
                   ရှေးက အနောက်နိုင်ငံများ၌ ရာဇ၀တ်သားတစ်ယောက်ကို လိုက်လံဖမ်းဆီးသူတစ်ယောက်က “ငါ
မင်းကို ဖမ်းဖို့ဝရမ်းရှိတယ်” ဟုပြော၍ ဖမ်းဆီးနိုင်သည်။ ထိုလိုက်လံဖမ်းဆီးသည့် ၀ရမ်းသည် ယနေ့ခေတ်၌
ကိုင်ဆောင်ထားသူအား အချို့သော အခွင့်အရေးများကိုပေးသည့် ငွေရေးကြေးရေးဝရမ်းများနှင့် အတူတူပင်
ဖြစ်သည်။ ရှေးက ထုတ်ပေးသည့် ၀ရမ်းမျိုးသည် ရာဇ၀တ်သားတစ်ယောက်အား ဖမ်းဆီးခွင့် ခွင့်ပြုသလို ကမ္ဘာ့
ငွေကြေးဈေးကွက်၌ ရှိသည့် ၀ရမ်းတော်တော်များများတို့သည် ထိုဝရမ်းကို ကိုင်ဆောင်ထားသူအား ကုမ္ပဏီ
တစ်ခု၌ အစုရှယ်ယာများကို ၀ယ်ယူခွင့်ရှိသည်။
                  အစုရှယ်ယာဝယ်ယူခွင့် ၀ရမ်းများသည် ထိုဝရမ်းကို ၀ယ်ယူကိုင်ဆောင်ထားသူများအား အချိန်
ကာလတစ်ခုအတွင်း ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာများကို ဈေးနှုန်းတစ်ခု၌ ၀ယ်ယူခွင့်ပြုသည်။ ဤ၀ရမ်းများ
သည် သာမန်စတော့ရွေးချယ်ခွင့်များနှင့် မတူညီပေ။ ၀ရမ်းများကို ကုမ္ပဏီက တိုက်ရိုက်ထုတ်ဝေရောင်းချ
ခြင်းဖြစ်သည်။ ထိုသို့ ထုတ်ဝေရောင်းချရာ၌ ငွေချေးစာချုပ်ထုတ်ဝေရောင်းချခြင်းနှင့် တွဲ၍ ရောင်းချလေ့ရှိ
ကြသည်။
ယောက်အား ငွေချေးစာချုပ်များကို အတိုးနှုန်းသက်သက်သာသာဖြင့် ၀ယ်ယူရန် မက်လုံးပေးလိုက်ရာရောက်
သည်။ ဥပမာ ဂျပန်ကုမ္ပဏီများသည် ငွေချေးစာချုပ်များကို ထုတ်ပေးရာ၌ အစုရှယ်ယာဝယ်ယူခွင့်များကို တွဲ
ဖက်၍ ပေးတတ်သည်။ ဤနည်းအားဖြင့် ရင်းနှီးမြုပ်နှံ သူများအားကုမ္ပဏီအစုရှယ်ယာများဝယ်ယူရန် အခွင့်
အရေးပေးရာရောက်သည်။အခြားရွေးချယ်ခွင့်များကဲ့သို့ပင် ၀ရမ်းများကို အစုရှယ်ယာ ဈေးနှုန်းများ လက်ရှိ
ဈေးနှုန်းထက် တက်နေသည့်အခါများမှသာ အသုံးပြုသည်။ အကယ်၍ ဈေးကွက်ထဲ၌ အစုရှယ်ယာများ၏
ဈေးနှုန်းသည်ထိုးတက်သွားပြီး ၀ရမ်းများ၌ သတ်မှတ်ထားသည့် ဈေးနှုန်းထက်တက်သွားသည့်အခါ ၀ရမ်းကို
ကိုင်ဆောင်ထားသူ အနေဖြင့် ၀ရမ်းကို အသုံးချကာ အစုရှယ်ယာများဝယ်ယူပြီး အခြား ရင်းနှီးမြုပ်နှံသူများ
အား တစ်ဆင့်ပြန်လည်ရောင်းချခြင်းအားဖြင့် အကျိုးအမြတ်ရှိနိုင်သည်။ ၀ရမ်းများသည် ငွေချေးစာချုပ်များမှ
ထုတ်ပြီး သီးခြားရောင်းချနိုင်သည့် ကူပွန်(cupons) များနှင့်တူသည်။ ၀ရမ်းနှင့်အတူရောင်းသော ငွေချေးစာ
ချုပ် များဟု ဖော်ပြလေ့ ရှိသည်။ ၀ရမ်းမပါဝင်သည့် ရောင်းချသော ငွေချေးစာချုပ်များကိုလည်း ၀ရမ်းမပါ
သော ငွေချေးစာချုပ် ဟု သေသေချာချာ တိတိ ကျကျ ဖော်ပြလေ့ရှိသည်။
ယူထားသည့် ငွေချေးစာချုပ်အချို့ကို ကုမ္ပဏီ၏ စတော့ရှယ်ယာအဖြစ် အသွင်ပြောင်းလဲခြင်းဖြစ်သည်။ အစု
ရှယ်ယာ ၀ရမ်းတစ်ခုက ရင်းနှီးမြုပ်နှံသူတစ်ယောက်ကို မိမိကိုယ်ပိုင်ငွေဖြင့် စတော့ရှယ်ယာများ ၀ယ်ယူခွင့်
ပြုသကဲ့သို့ပင် အစုရှယ်ယာအဖြစ် ပြောင်းလဲနိုင်သော ငွေချေးစာချုပ်တစ်ခုက ထိုငွေချေးစာချုပ်ကို ဈေးနှုန်း
တစ်ခု၌ အချိန်ကာလတစ်ခုအတွင်း ကုမ္ပဏီ၏ အစုရှယ်ယာမည်မျှအဖြစ် ပြောင်းလဲနိုင်မည်ဟု ခွင့်ပြုထား
သည်။
အား အနာဂတ်ကာလ၌ တစ်စုံတစ်ရာ အကျိုးရှိစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျက်ရှိကြသည်။ ကုမ္ပဏီ၏ အစုရှယ်ယာများနှင့်ပတ်သက်၍ အကျိုးအမြတ်ရှိစေရန် ရည်ရွယ်တတ်ကြသည်။ ဤနည်းအားဖြင့်
ကုမ္ပဏီက ထုတ်ဝေသည့် ငွေချေးစာချုပ်များသည် လောလောဆယ်၌ အတိုးနှုန်းနိမ့်နေသည့်တိုင် အနာဂတ်
ကာလတွင် အကျိုးတစ်စုံတစ်ရာ ရှိနေသည်ဟူသော မျှော်လင့်ချက်ဖြင့် လက်ခံစေရန် ဆောင်ရွက်ခြင်းဖြစ်
သည်။ သို့ဖြစ်၍ အစုရှယ်ယာများ လုံးဝမရှိသည့် နိုင်ငံတစ်နိုင်ငံသို့မဟုတ် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုအ
နေဖြင့် ၀ရမ်းကိုလည်းကောင်း မည်သည့်အခါမျှ ထုတ်ဝေနိုင် မည်မဟုတ်ပေ။
                နိုင်ငံတကာ ဈေးကွက်ထဲ၌ ၀ရမ်းများကို ငွေကြေးအမျိုးမျိုးဖြင့် ရောင်းဝယ်ကြရာ အထူးသဖြင့်
ဆွစ်-ဖရန့်၊ အမေရိကန်ဒေါ်လာ၊ ဂျပန်ယန်းငွေတို့ဖြင့် အရောင်းအ၀ယ်များကြသည်။ ဥပမာ နယူးယောက်
စတော့ဒိုင်၌ အရောင်းအ၀ယ်လုပ်ကြသော ၀ရမ်းများသည် ကုမ္ပဏီများ ပေါင်းစည်းရန်အတွက် ငွေကြေးလို
အပ်နေသော ထုတ်ဝေသည့် ၀ရမ်းများဖြစ်သည်။ ထိုအစုရှယ်ယာဝရမ်းများကို ၀ယ်ယူသည့် ရင်းနှီးမြုပ်နှံသူ
များအနေဖြင့် အနာဂတ်ကာလ အချိန်တစ်ခု၌ အကျိုးအမြတ်များ ရရှိလာသည့်အခါ ပေါင်းစည်းထားသည့်
ကုမ္ပဏီ၏ အစုရှယ်ယာများ ၀ယ်ယူခွင့်ကို ရရှိသည်။
တစ်ခုက ၎င်း၏ အစုရှယ်သာများကို ၀ယ်ယူစေရန်အတွက် ၀ရမ်းများထုတ်ရောင်းချလျှင် အစုရှယ်ယာ ဈေး
နှုန်းများတက်လာကာ ရင်းနှီးမြုပ်နှံသူများအား အခွင့်အလန်းများ ဖွင့်ပေးထားရာရောက်သည်။