Jan 26, 2012

ရယ်မောခြင်းကနေ ရရှိနိုင်တဲ့ အချက် (၁၀) ချက်


ရယ်မောခြင်းက ကျွန်တော်တို့ရဲ့ ၀ိညာဉ်ကို သာယာ ညိမ့်ညောင်းစေပါတယ်။ အဲဒါက ကျွန်တော်တို့ကို ပျော့ပျောင်းစေပြီး ပျော်ရွှင်စေပါတယ်။ သင်က အလုပ်၊ အိမ် ဒါမှမဟုတ် ကဇာတ်ရုံတွင် ရှိနေတဲ့ အခါ ဖြစ်နိုင်ရင် အချိန်တိုင်း လိုလို ရယ်မောခြင်းကို သင့်ဘ၀ထဲ ယူဆောင်လာစေချင်ပါတယ်။ ကဇာတ် ဟာသများကို ကြည့်ပြီး သင်တို့ ကိုယ်တိုင် နဲ့ တစ်ယောက်ချင်းစီ ကြည့်ပြီး ရယ်မောလိုက်ပါ။ ရူးကြောင်ကြောင် လုပ်ပေးပါ။ ဟာသ ဇာတ်ကားများ ကြည့်ပေးပါ။ ဟာသ စာများ ဖတ်ပေးပါ။ အရေးကြီးဆုံးအရာက သင် ချစ်မြတ်နိုးတဲ့၊ သင် ဂရုစိုက်တဲ့၊ အတူတကွ ရယ်မောတတ်တဲ့ လူတွေနဲ့ အချိန်ကို ကုန်ဆုံးစေပါ။ ဘ၀ဆိုတာက ရယ်မောခြင်းလို့ ဆိုလိုတဲ့ ဟာသမဟုတ်တာတွေနဲ့ ကြမ်းတမ်းတဲ့ အလုပ်တွေ လို့ မဆိုလိုပါဘူး။ ဒီလိုအချိန်လေးတွင် သင် ရောက်ရှိနေတုန်း ကောင်းမွန်တဲ့ အချိန်လေး ဖြစ်ပါစေ။ ပြီးတော့ သင့် ဘ၀ရဲ့ နေရာတိုင်းထဲ ပျော်ရွှင်မူကို ရယူနိုင်ဖို့ လေ့လာ သင်ယူပါ။ ကောင်းကောင်း ရယ်မောနိုင်ပါစေ။ ပြီးတော့ ဟာသမြောက်ပါစေ။ ဘ၀ဆိုတာက ကောင်းမွန်တဲ့ အချိန်လေးကို ဆိုလိုတာပါ။

၁။ ဘ၀ဆိုတာက ပျော်ရွှင်စရာလို့ ဆိုလိုပါတယ်။ ပြီးတော့ မကြာခဏ ပျော်ရွှင်စေဖို့ ကျွန်တော်တို့ တစ်တွေ ကိုယ့်ကိုယ်ကို ခွင့်ပြုထားဖို့ လိုအပ်ပါတယ်။

၂။ သင်ကိုယ့်ကို ပြင်းပြင်းထန်ထန် မထားပါနဲ့။ သင့်ကို အမှန်တကယ် ချစ်မြတ်နိုးတဲ့ လူတွေက ဘာပဲ ဖြစ်ဖြစ် သင့်ကို ဆက်ပြီး ချစ်မြတ်နိုးနေဦးမှာပါ။ တစ်ခြားလူတွေကတော့ အရေးမကြီးပါဘူး။

၃။ ကျယ်ကျယ်လောင်လောင် ရယ်မောနိုင်လေ၊ ပိုပြီးကောင်းလေပါပဲ။

၎။ ရယ်မောခြင်းက သင့်ကို ကောင်းမွန်တဲ့ ခံစားချက် ပေးပါတယ်။

၅။ ကြိမ်ဖန်များစွာ ရယ်မောခြင်းက ရှေ့ရေးကို တွေးဖို့ သင့်ကို တစ်စုံတစ်ရာပေးပါတယ်။ စဉ်းစားဖို့လည်း မှတ်ဥာဏ်တွေ ပေးပါတယ်။

၆။ ရယ်မောခြင်းက ရယ်မောနေတဲ့ လူတွေအတွက် ကောင်းစေရုံ သာမက သူတို့ ပတ်လည်က လူတိုင်းကို လည်း တောက်ပ နုပျိုစေပါတယ်။

၇။ ဘ၀ရဲ့ အကောင်းဆုံးသော အရာတွေက အခမဲ့ ဖြစ်ပါတယ်။ ရယ်မောခြင်းက ကုန်ကျစရိတ် မရှိပါဘူး။

၈။ ရယ်မောခွင့် မရတဲ့ လူတွေနဲ့ အခြေအနေတွေက တွေ့ကြုံရတဲ့ မကောင်းတဲ့ လူတွေနဲ့ အခြေအနေတွေ ဖြစ်ပါတယ်။

၉။ သင့် ဘ၀ထဲတွင် အရေးကြီးတယ်လို့ သင် ထင်တဲ့ အရာတွေက အမှန်တကယ်တော့ အရေးမကြီးပါဘူး။

၁၀။ ရယ်မောခြင်းက ကျွန်တော်တို့ အများစု လက်ရှိ အမှန်တကယ် ရှိနေတဲ့ အကြိမ်အရေတွက် အနည်းငယ်ထဲက တစ်ခုသာ ဖြစ်ပါတယ်။ ရယ်မောဖို့ ဆိုတာက ခက်ခဲပါတယ်။ ပြီးတော့ တခြားနေရာမှာလည်း ရနိုင်ဖို့ ခက်ခဲပါတယ်။


                 ပြန်လည်မျှဝေခြင်းဖြစ်သည်။

Jan 25, 2012

ဘာကြောင့် ချစ်ခင်သူလိုအပ်ရတာလဲ


လူဆိုတာ တစ်ဦးတစ်ယောက်တည်း နေလို့မရပါဘူး။ မိသားစု၊ ဆွေမျိုး၊ အပေါင်းအသင်း၊ မိတ်ဆွေ၊ သူငယ်ချင်း စတဲ့ ကိုယ်ချစ်ခင်သူတွေနဲ့ ဘဝကို လျှောက်လှမ်း ဖြတ်သန်းကြရပါတယ်။ ချစ်ခင်သူတွေက သင့်ဘဝအတွက် မရှိမဖြစ်ကို လိုအပ်ပါတယ်။ သင့်ရဲ့ဝမ်းနည်းမှု၊ ပျော်ရွှင်မှုတွေကို မျှဝေခံစားဖို့၊ သင်အားငယ်ချိန်မှာ အားပေးဖို့၊ သင့်အောင်မြင်မှုကို မုဒိတာပွားပေးဖို့၊ သင်ရှုံးနိမ့်ချိန်မှာ ဖေးမကူညီပေးဖို့ သင့်အတွက် အရေးတကြီး လိုအပ်တာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ချစ်ခင်ရတဲ့သူပါ။

၁။ ယုံကြည်မှုရှိစေသူ

သင့်အလုပ်မှာ မတော်တဆ အလွဲအမှားတစ်ခုကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မဲ့သွားတာလား၊ အလုပ်ရှင်ဆူခံရလို့ စိတ်ပျက် အားငယ်သွားတာလား၊ ပတ်ဝန်းကျင်ကလူတွေ ထိုးနှက်မှုကြောင့် စိတ်ဓာတ် ကျနေတာလား။ ဒီအချိန်မှာ သင်လုပ်သင့်တဲ့အရာက အသက်ကို ဖြည်းဖြည်းချင်း အဆုံးထိ ရှူသွင်းပြီး သင်ချစ်ခင်သူဆီ ဖုန်းဆက်လိုက်ပါ။ အချိန်မရရင် ဖုန်းထဲကပဲ ရင်ဖွင့်လိုက်ပါ။ အချိန်ရခဲ့ရင်တော့ အေးအေးဆေးဆေး စကားပြောနိုင်မယ့် နေရာတစ်နေရာကို ချိန်းဆိုပြီး သင့်ရဲ့ စိတ်ပျက်အားငယ်မှုတွေကို ပြောဆို တိုင်ပင်လိုက်ပါ။ သင်ချစ်ခင်သူဆီက အားပေးစကားကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ပြန်လည် တည်ဆောက်နိုင်ပါလိမ့်မယ်။

၂။ တိုင်ပင်ဖော်၊ တိုင်ပင်ဖက်

တစ်ခါတစ်ရံ တချို့နေရာတွေကို တစ်ယောက်တည်းသွားဖို့ အခက်အခဲ ရှိတဲ့အခါမျိုးမှာ သင့်ချစ်ခင်သူက သင့်အတွက် အဖော်မွန်ကောင်းတစ်ယောက် ဖြစ်စေမှာပါ။ ဈေးဝယ်ထွက်တဲ့အခါ သင်နဲ့အတူ သင့်ချစ်ခင်သူက တိုင်ပင်ဖော်၊ တိုင်ပင်ဖက်ကောင်း တစ်ယောက် ဖြစ်စေသလို၊ အခမ်းအနား တက်ရောက်ရတဲ့ အခါမျိုးမှာလည်း သင့်ကို မဝံ့မရဲမဖြစ်စေဘဲ လူတောတိုးရဲအောင် ခွန်အား ရှိစေပါလိမ့်မယ်။

၃။ စိတ်ဖြေပေးမယ့်သူ

နေ့စဉ်နဲ့အမျှ ကျင်လည်လှုပ်ရှားနေရတဲ့ လူမှုပတ်ဝန်းကျင်မှာ စိတ်ဖိစီးမှုတွေ အနည်းနဲ့အများဆိုသလို ရှိနေပါတယ်။ ဒါကို ဖြေဖျောက်ပေးမယ့်သူက သင့်ရဲ့ချစ်ခင်သူပါ။ စိတ်ဖိစီးမှုတွေ ကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုအတွက် ချစ်ခင်သူက မရှိမဖြစ်ပါ။

၎။ သစ္စာရှိစေသူ

သင်နဲ့ သင့်ချစ်ခင်သူတို့ရဲ့ ဆက်ဆံရေးတွေ ကြာရှည်လာတာနဲ့အမျှ တစ်ဦးနဲ့တစ်ဦး ခင်မင်မှုတွေ၊ သံယောဇဉ်တွေ တိုးပွားလာပါတယ်။ အချိန်ကာလတွေက သင်နဲ့ သင့်ချစ်ခင်သူကြား တီးတိုး တိုင်ပင်တာကစလို့ ကြီးကြီးမားမား လုပ်ငန်းကိစ္စတွေအထိ ပြောဆိုနိုင်ပြီး တစ်ဦးနဲ့တစ်ဦး သစ္စာရှိမှုကို တည်ဆောက် ယူနိုင်ပါလိမ့်မယ်။

၅။ တံခါးဖွင့်ပေးမယ့်သူ

သင်ဟာ ခေါင်းမာတဲ့သူတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင်တော့ တော်ရုံနဲ့ အတွေးအခေါ် ထင်မြင်ချက် အသစ်..အသစ်တွေကို လက်ခံချင်မှ လက်ခံပါလိမ့်မယ်။ ဒါပေမဲ့ သင့်ချစ်ခင်သူက ပြောပြတဲ့အခါ သင်လက်ခံကောင်း လက်ခံနိုင်ပါတယ်။ သင့်အတွေးအခေါ်တွေ ဆန်းသစ်စေဖို့ သင့်ကို တိုက်တွန်းပေးပါလိမ့်မယ်။ သင့်မျက်စိနဲ့ ဦးနှောက်ကို တံခါးဖွင့်ပေးမယ့်သူက သင့်ချစ်ခင်သူပါ။

         ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

Jan 22, 2012

သိသင့်တယ်၊လိုက်နာသင့်တယ်၊မှတ်သားသင့်တယ်။


အိမ် အလုပ်ကို တစ်မိသားစုလုံး ၀ိုင်းလုပ်မှ ပျော်ရွှင်မည်။
တိုင်းပြည်အလုပ်ကို ပြည်သူတစ်ရပ်လုံးလုပ်မှ ၀ိုင်းလုပ်မှ တိုးတက်ဖွံ့ဖြိုးမည်။
စေတနာစကားသည် သိက္ခာ၏ အခြေခံဥပဒေတည်း။
မိဘ၏ စကားသည် မိသားစု၏ အခြေခံဥပဒေတည်း။
ပြည်သူ၏ စကားသည် တိုင်းပြည်၏ အခြေခံဥပဒေတည်း။
စည်းမျဉ်းသည် ဥစ္စာဓနကို ကာကွယ်မှုပေး၏
ဆေးဝါးသည် ခန္ဓာကိုယ်ကို ကျမ်းမာအောင် ကုသ၏
အင်အားသည် အသက်ဇီဝိန်ကို ကာကွယ်စောင့်ရှောက်၏
ကလေးဘ၀တွင် မိဘစကားကို လိုက်နာ၏
ကျောင်းသားဘ၀တွင် ဆရာ့စကားကို လိုက်နာ၏
ရည်းစားဘ၀တွင် ချစ်သူ့စကားကို လိုက်နာ၏
ကိုယ်တိုင်ကိုယ်ကြပ် ထိတွေ့ခံစားခြင်းဖြင့် ဆင်းရဲဒုက္ခကို သိနိုင်၏
ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာခြင်းဖြင့် အဆိုးအကောင်း ခွဲခြားနိုင်၏
ခင်တွယ်မှု ရှိသည်နှင့် အရာကိစ္စအားလုံး ပြေလည်သွားတော့၏
ဘာသာစကား ပြောနိုင်သည်နှင့် အတွေးအခေါ်ချင်း ဖလှယ်နိုင်၏
လူသည် အသက်အရွယ်ကြီးလေ ချည့်နဲ့လေ။
နာမည် နောရာတကာ ပျံ့နှံ့လေ ကြီးကျယ်လေ။
ယဉ်ကျေးခြင်းကို ဦးနှောက်မှစ၍ ကြည့်ရ၏
အိုမင်းခြင်းကို ခြေထောက်က စတင်သိရှိ၏
စာပေအနုပညာသည် လူ့စိတ်ကို ရွှင်လန်းထက်သန်စေ၏
လက်ရုံးရည်အတတ်သည် ခန္ဓာကိုယ်ကို ကျန်းမာပေါ့ပါးစေ၏
တရားသည် အနှစ်တစ်ထောင်ကြာလည်း မပြောင်းလဲ။
နည်းလမ်းသော်ကား အချိန်မရွေး ပြောင်းလဲတတ်၏
စစ်ပွဲသည် အမှားထင်ခြင်းမှ စတင်၏
အောင်ပွဲသည် အမှားလျှော့ခြင်းမှ ရယူ၏
စစ်မြေပြင်တွင် ဓားသေနတ်တို့ဖြင့် အနိုင်အရှုံးယှဉ်ပြိုင်၏
စေ့စပ်ဆွေးနွေးလျှင် အမှားအမှန်ကို နှုတ်လျှာဖြင့် ယှဉ်ပြိုင်၏
အချိန်ကာလကသာလျှင် အဆိုးအကောင်းကို ခွဲခြားသိမြင်နိုင်၏
အကွားအဝေးသာလျှင် ရုပ်ဆိုးရုပ်လှကို ခွဲခြားသိမြင်နိုင်၏
ပျော့ညံ့မှုကြောင့် အလိမ်ခံရမည်။
တွန့်ဆုတ်မှုကြောင့် မုချ ကျဆုံးမည်။
မှန်ကန်ခြင်းသည် အဘယ်နည်း။ အမှားကင်းခြင်းတည်း
ကောင်းမွန်ခြင်းသည် အဘယ်နည်း အကျိုးရှိခြင်းတည်။
ငွေကြေးပြုလုပ်သော ကျေးကျွန်သည် ဆင်းရဲပင်ပန်း၏
ငွေကြေးပြုလုပ်သော သခင်သည် ချမ်းသာပျော်ရွှင်၏
တရားသေနိုင်မှုသည် လူကို အယူသည်းစေ၏
ဆိုးဝါးသော စကားသည် လူကို ဆိုးသွမ်းလွယ်စေ၏
ငွေကြေးနှင့် အာဏာသည် လူကို ပျက်စီးလွယ်စေ၏
ပညာသင်ခြင်းသည် လူကို တိုးတက်စေ၏
ဘာသာတရားသည် လူကို သန့်စင်စေ၏
လှူဒါန်းပေးကမ်းခြင်းသည် လူကို သိက္ခာတက်စေ၏
အနုပညာသည် လူကို လှအောင် မွမ်းမံနိုင်၏
စဉ်းစားပြီးပြောပါ။ လုပြီးမပြောပါနဲ့။ လွဲမှားမှုကင်းသည်။
ကြည့်ပြီးလျှောက်ပါ။ နမော်နမဲ့ မလျှောက်ပါနဲ့။ ချော်လဲကျတတ်သည်။
လူချင်းသင့်မြတ်လျှင် အရာကိစ္စတိုင်း အဆင်ပြေ၏
အိမ်တွင်းသင့်မြတ်လျှင် အိမ်သားအားလုံး ကျန်းမာ၏
တွေးတ၍ မရသော ကိစ္စများကို စဉ်းစားလျှင် စိတ်ကူးယဉ်သည်မည်၏
လုပ်၍ မရသော အလုပ်ကို ဇွတ်လုပ်လျှင် ထုံသည်မည်၏
သိက္ခာမဲ့သော အထက်လူနောက် လိုက်ခြင်းထက် မကျွမ်းကျင်သော လူနောက်လိုက်ခြင်းက

ပိုကောင်းသေး၏
မရိုးဖြောင့်သော ၀မ်းကျောင်းမှုပြုခြင်းထက် ဆင်းရဲစွာ ဘ၀ကို ကျောင်းရခြင်းက စိတ်ချမ်းသား၏
သူများကို မှီခိုရခြင်းသည် စွမ်းရည် အညံ့ဖျင်းဆုံး။
သားကွဲ မယားကွဲနေရခြင်းသည် စိတ်အဆင်းရဲဆုံး။
သိက္ခာကို ရောင်းစားလိုက်ရခြင်းသည် ရှက်စရာအကောင်းဆုံး။
သေသည်အထိ ယောင်နနဖြစ်နေရခြင်းသည် ၀မ်းနည်းစရာအကောင်းဆုံး။
လေပေးဖြောင့်လျှင် အခွန်းတစ်ထောင်ပြောသော်လည်း မများပါ။
အမြင် မတူသော် တစ်ခွန်းပြောသော် များသည်ထင်။
စကား အပြောမှားလျှင် စိတ်မချမ်းသာဖြစ်ရ။
အမှားလုပ်မိလျှင် အချိန်ကြာကြာ ၀မ်းနည်းရ။
ကူညီမှားလျှင် ပတ်ဝန်းကျင်မှာ မျက်နှာပြလို့မရ။
လူကို မှားယုံမိပြီး ကူညီဖို့ ပြောမိလျှင် တစ်သက်လုံးနောင်တရ။

ကဗျာတစ်ပုဒ်လေးနဲ့ အဆုံးသတ်ပါ့မယ်။ ကဗျာလေးက
နိဂုံးချုပ်ကဗျာ
နာမ်ရုပ်နဲ့ ဘောင်ခတ်ထားတဲ့
အချန်းကျဉ်းကျဉ်းလေးထဲမှာတော့
မရှိသင့်ပဲ ရှိနေတာက “ဒေါသ”
ရှိသင့်နေတာထက် ပိုရှိနေတာက “လောဘ”
မရှိသလိုလို ရှိနေတာက “မောဟ”
အခန်းဘောင်ကို ထွင်းထုထားတာက “အတ္တ”
အခန်းပြိုကျလို့ ယိုစီးလာတာက “သောက၊ ပရိဒေ၀”
ပြီးတော့. . .
အကုန်လုံး စုရုံးပွက်ထ
အခန်းတစ်ခုလုံးကြေမွ၊ ကွဲလျှ၊ အုံကြွ
မလှမပ၊ သဘာဝကျကျ
အဆုံးသတ်သွားတာက “မရဏ”။

ဂိုဂို (ဆေးတက္ကသိုလ်)
ဒီနေ့ ဖတ်မိတဲ့စာအုပ်ထဲက မောင်မောင်လှိုင်ရဲ့ စာတွေပါ။ ကဗျာကတော့ ဂိုဂိုရဲ့ ကဗျာ။