Nov 25, 2011
မြန်မာ့သမိုင်းပုံပြင်
ဒွတ္တဘောင်မင်းကြီး
              ဒွတ္တဘောင်မင်းကြီးသည် သရေခေတ္တရာ ပြည်ကိုရှေးဦးစွာ တည်ထောင်ခဲ့သောမင်းဖြစ်သည်။
ရှေးက သရေခေတ္တရာမြို့ဟောင်းနေရာမှာ ယခုခေတ် ပြည်မြို့အနီးတွင်ရှိသော မှော်ဇာမြို့ကလေးဖြစ်
သည်။
              ဒွတ္တဘောင်မင်းကြီး ဘေဒါရီ၏ သားတော်ဖြစ်သည်။ နောင်တော်မဟာသမ္ဘ၀မင်း နတ်ရွာစံ၍
ညီတော်စူဠသမ္ဘ၀မင်း နန်းတက်သော အခါ။ ဘေဒါရီမိဖုယား၌ မဟာသမ္ဘ၀မင်းနှင့်ရသော ပဋိသန္ဓေ ကျန်
ရစ်ခဲ့သည်။ ညီတော် စူဠသမ္ဘ၀မင်းလက်ထက်တွင် ဒွတ္တဘောင်မင်းကို ဖွားမြင်သောကြောင့် “ အဘညီနောင်
ဒွတ္တဘောင”်   ဟုခေါ်ဆိုခဲ့ခြင်းဖြစ်လေသည်။
              ဒွတ္တဘောင်မင်းကြီးကား၊ ဖွားမြင်တော်မူကတည်းက နဖူးပေါ်တွင် မှဲ့ရှင်ပါလာ သဖြင့်အလွန်
ဘုန်းတန်ခိုး ကြီးမားလှသည်။ နန်းတက်စဉ်က၊ သိကြားမင်းကိုယ်တိုင်မ  ချီ၍ရာဇပလ္လင်ပေါ်သို့ တင်ပေး
ခဲ့ရသည်။ သရေခေတ္တရာမြို့ကြီးကို သူမြတ် ခုနစ်ဦး၏ အကူအညီဖြင့် သာသနာသက္ကရာဇ် ၁၀၁-ခုနှစ်
တွင် တည်ထောင်တော်မူခဲ့သည်။
              ဒွတ္တဘောင်မင်းကြီးသည် သိကြားမင်း ပေးသောလှံစကြာနှင့် စည်ကြီးများကိုရရှိသော ဘုန်းကံ
ရှင် မင်းတပါးဖြစ်၏။ နိုင်ငံတော် အရပ်ရပ်၌ တနှစ်တကြိမ် အခွန်တော်ကောက်ခံ တော်မူ၏။ အခွန်တော်
မဆက်သသော လက်အောက်ခံ မင်းများအား လှံစကြာတွင်စာဆွဲ၍ စေလွှတ်တောင်းခံ၏။ မင်းကြီး၏ ဘုန်း
တန်ခိုးကြီးမားလှသောကြောင့် နဂါးပြည်မှပင် လာရောက်၍ အခွန်တော်ဆက်ရ၏။
              မင်းကြီးသည် မြတ်စွာဘုရား ဗျာဒိတ် ရသူဖြစ်သောကြောင့် စေတီပုထိုး မြောက်များစွာကို တည်
လုပ်ခဲ့ရာ သရေခေတ္တရာ မြို့ဟောင်းအနီးတွင် မင်းကြီးတည်လုပ်ခဲ့သော စေတီပုထိုးတို့ကို ယနေ့တိုင်
အောင် တွေ့မြင်နိုင်ပေသည်။
              ဘုန်းပညာနှင့် ပြည့်စုံသူသည် အရာရာတိုင်း၌ ပိုမို၍ သတိထားသင့်သည်။
------------------------------------------------------------------------------------------------------------
သူရဲကောင်းပြူစောထီး
              ရှေးအခါက ပုဂံပြည်တွင် စိုးစံနေသော သမုတိရာဇ် မင်းလက်ထက်၌ ငှက်ကြီး-၀က်ကြီး-ကျား
ကြီးနှင့်ရှူးပျံတို့သည်။ တိုင်းပြည်မငြိမ်သက်အောင် နှောက်ယှက် မင်းမူနေကြ၏။ ထိုရန်သူတို့ကို ဖြိုခွင်းရန်
ပြူစောထီးမင်းသား ပေါ်ထွက်လာလေသည်။
               ပြူစောထီးသည် တကောင်းမင်းမျိုး အဆက်အနွယ်ဖြစ်သော သတိုးအာဒိစ္စရာဇာမင်း၏သား
တည်း။ သူသည်တိုင်းပြည် မငြိမ်မသက် ဖြစ်စဉ်အခါ၌ ပုဂံပြည်အနီးသို့ ခိုအောင်းဝင်ရောက်လာ၍ လူအို
လင်းမယားထံတွင် ခေတ္တမှီခိုနေထိုင်ခဲ့ရသည်။ လေးပစ့်ခြင်းအတတ်ပညာကိုကာ။ အသက် ၇ နှစ်သား
အရွယ်ကပင်။ ကျွမ်းကျင်စွာ တတ်မြောက်လာခဲ့သည်။
               တနေ့သော လေးအတတ်ကို စမ်းသပ်ကြည့်အံ့ဟု စိတ်ကူးကြံစည်မိသော ပြူစောထီးသည်၊
မိမိ၏လေးမျှားကိုယူ၍တောထဲသို့ ထွက်လာလေ၏။ တောထဲတွင် ၀က်ကြီးကို တွေ့ရှိသဖြင့်းလေးမြင့်ပစ်
ခွင်းလိုက်လေသည်။ ၀က်ကြီးမှား လေးမျှား၏ ဒါဏ်ချက်ကြောင့် သေဆုံးသွားတော့သည်။
ငှက်စာပို့သူသည်။ မိန်းမပျိုခုနှစ်ယောက်ကိုခေါ်ဆောင်၍။ငှက်စာကျွေးရန်လာခိုက်ဖြစ်သဖြင့်။ ပြူစောထီး
နှင့်တွေ့ကြသောအခါ။ ပြူစောထီးက မိန်းမ ခုနှစ်ယောက်၏ အသက်ကို ကယ်ဆယ်ပြီးလျှင် ငှက်ကြီးကို
လေးမြား ဖြင့်ပင်သတ်ထိုက်လေသည်။
                ထိုအကြောင်းကို ပုဂံပြည့်ရှင် မင်းကြီး ကြားသိရသော်၊ အလွန်နှစ်သက် အားရတော်မူသဖြင့်
သမီးတော်စန္ဒာဒေ၀ီနှင့် ပြူစောထီးကို လက်ထပ်ထိမ်းမြား ပေး၍ အိမ်ရှေ့မင်း ရာထူးဖြင့် ချီးမြောက်တော်
မူသည်။ နောက်သော် ပြူစောထီးပင် မင်းဖြစ်တော်မူသည်။
                ပြူစောထီးသည် အလွန်ပင် အားခွန်ဗလ ကောင်းသဖြင့် အသက် ၁၁၀-ထိအောင် ထီးနန်းစိုး
စံခဲ့ရသည်။ ငှက်ကြီးကို ပစ်သတ်သော နေရာအား၊ ယခုထက်တိုင် “ငှက်ပစ်တောင်” ဟုခေါ်နေကြသည်။ 
“စွန့်ဦးတီထွင်များထဲက ပေါက်ရောက်အောင်မြင်သူများရဲ့ အယူအဆ အမူအကျင့်(၁၀)ချက်”
(၁) အရည်အချင်းရှိလျှင် အောင်မြင်မယ်၊ အရည်အချင်းမရှိရင် ကျဆုံးမယ်လို့ အောင်မြင်ခဲ့ကြတဲ့ စွန့်ဦး
     တီထွင် စီးပွားရေး လုပ်ငန်းရှင်တွေက လက်ကိုင်ယူဆခဲ့ ကျင့်သုံးခဲ့သတဲ့။
(၂) အရှုံးကို အားလုံးယူပြီး နောက်တစ်ကြိမ်ပြန်ရုန်းထဖို့ သူတို့က အမြဲကြိုးစားတတ်ကြပါတယ်။
(၃) သူတို့ကုမ္ပဏီတွေမှာ ဖန်လိုမှန်လို ထိုးဖောက်မြင်ရအောင် စီမံကြတယ်။ တတ်နိုင်သမျှအမြဲစောင့်
     ကြည့်အကဲခတ်ပြီး ရင်အုပ်မကွာပြုပြင် ကြပ်မတ်နေတတ်တယ်။ အတောင်အလက်စုံရင် လက်အောက်
     ကလူကို သူတော်ရင်တော်သလောက် ကြည်ကြည်ဖြူဖြူပဲခွဲထွက်ပျံသန်းခွင့် ပေးတတ်ကြတယ်။
(၄) ပြိုင်တာတော့ အသေအကြေပြိုင်တာပဲ။ သို့သော် ပေါင်းရင်လည်း အသည်းလှိုက်အူလှိုက် ပေါင်းစပ်
     လိုက်တယ်။ အညှိုးအာဃာတ မထားတတ်ဘူး။
(၅) ဥာဏ်အားကိုး ပညာအားကိုးနဲ့ စွန့်စားလိုကြတယ်။
(၆) အမြတ်ရဲ့ ငါးဆယ်ရာခိုင်နှုန်းကို သုတေသနနဲ့ဖွံ့ဖြိုးရေး(R&D) အဖြစ် သုံးစွဲတတ်ကြတယ်။
(၇) အပြောင်းအလဲကို စိတ်အားထက်သန်စွာနဲ့ ရင်ဆိုင်ဖြတ်သန်းတတ်ကြတယ်။
(၈) ငွေကြေးပမာဏထက် မိမိအလုပ်ရဲ့ ရလဒ်အပေါ် ဂုဏ်ယူမြတ်နိုးတတ်တဲ့ သဘောရှိတတ်ကြတယ်။
(၉) မိမိထက်ရှေ့ရောက်နေတဲ့ ပြိုင်ဘက်ကို ပိတ်နေတဲ့သူလို့ ရန်မလိုဘူး။ ငါလည်းတစ်နေ့ သူ့ရှေ့ကို
     ကျော်တက်နိုင်တာပါပဲလို့သာ တွေးတယ်။ နမူနာယူပြီး ပိုကောင်းအောင် ချပြမယ်လို့ ခံယူတယ်။
(၁၀) ဓနကို လက်ဝါးကြီးအုပ်ထားမှာထက် မျှဝေခံစားစေတာက ပိုမိုပြီးရေရှည် အကျိုးဖြစ်မယ်လို့ တွက် 
        ဆနားလည်တတ်ကြတယ်တဲ့။
        မှတ်သားစရာကောင်းပါတယ်။
(အောင်မြင်ကျော်ကြားတဲ့ သူတွေရဲ့ အကြံကောင်းဥာဏ်ကောင်းနဲ့ အတွေးအမြင် အမူအကျင့်တွေကိုသိ
 ကြရပြီ။ မိမိတို့အဖို့ သိရုံသက်သက်နဲ့တော့ အကျိုးမထူး၊ လက်တွေ့ကိုယ်ပိုင်ဖြစ်လာအောင် အတုယူ
 လုပ်ဆောင်သွားမယ်ဆိုရင်တော့ ဘ၀ခရီးလမ်းကို သာယာချမ်းမြေ့အောင် လူငယ်များအတွက် တကယ်
 အထောက်အကူရစေမယ့် ဥပဒေသဗဟုသုတတွေဖြစ်ပါတယ်။ )
          ဆရာချစ်နိုင်(စိတ်ပညာ)မှ ကူးယူဖော်ပြအပ်ပါသည်.........................။ 
Nov 20, 2011
မြန်မာ့သမိုင်းပုံပြင်
(၁) မင်းကြီးအဘိရာဇာ (တကောင်းမြို့)
                 မင်းကြီးအဘိရာဇာသည် သာကီဝင်မင်းမျိုးဖြစ်၍ ဂေါတမမြတ်စွာဘုရားပွင့်တော်မမူမှီ နှစ်ပေါင်း
သုံးရာကျော်လောက်က အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ရှေးဦးစွာ ၀င်ရောက်လာခါ တကောင်းမြို့ကြီးကို ရှေး
ဦးဆုံး တည်ထောင်စိုးစံခဲ့သည်။
                  ထိုမင်းတွင် သားတော်ကံရာဇာကြီး၊ ကံရာဇာငယ်ဟူ၍ သားတော်နှစ်ပါးရှိသည်။ တခါသော်၊
သားတော်နှစ်ပါးအနက် မည်သူသည် ထီးနန်းစည်းစိမ်နှင့် ထိုက်တန်လေသနည်းဟု စုံစမ်းလို၍ ညချင်းတွင်း
စေတီတဆူစီပြီးအောင်တည်စေရာ သားတော်ငယ်က အလျှင်ပြီးသဖြင့်၊ အိမ်ရှေ့အရာအပ်နှင်းတော်မူသည်။
                  မင်းကြီးအဘိရာဇာ ကွယ်လွန်သောအခါ သားတော်ငယ် ကံရာဇာက ဆက်ခံစိုးစံ တော်မူ
သည်။ နောင်တော်ဖြစ်သူ ကံရာဇာကြီး မင်းသားမှာမူကား၊ ကလေးတောင်ညို၊ ကျောက်ပန်းတောင်း၊ ဓညဝ
တီ မြို့ဟောင်း စသောမြို့နယ် အသီးသီးသို့ အဆင့်ဆင့် ပြောင်းရွှေ့၍ စိုးစံတော်မူခဲ့သည်။ တကောင်းမြို့
ကြီးကို အဘိရာဇာမင်းကြီးက ရှေးဦးစွာ တည်ထောင်တော် မူခဲ့သောကြောင့်။
     “ မြန်မာအစ၊ တကောင်းက၊ ပြောကြစဉ်အလာ၊ သာကီနွယ်ရင်း၊ ၀င်ရောက်ခြင်း၊ မင်းအဘိရာဇာ ” ဟူ
၍ယနေ့ထက်တိုင်အောင် ခေါ်ဆိုခဲ့ကြသည်။
_________________________________________________________________________
(၂) မျက်မမြင်မင်းသားညီနောင်
                  တကောင်းပြည်ကြီးကို စိုးစံတော်မူခဲ့သော သတိုးမဟာရာဇာမင်းကြီးတွင်၊ မဟာသမ္ဘ၀ နှင့်
စူဠသမ္ဘ၀ ဟူ၍ သားတော်နှစ်ပါးရှိ၏။ သားတော်နှစ်ပါးစလုံး မျက်စိမမြင်သည်ကို ရှက်တော်မူသဖြင့် ဖွားမြင်
စကတည်းက တိတ်တဆိတ်သတ်ဖြစ်ရန် မိဖုယားကြီးအား အမိန့်ပေးတော်မူသည်။ သို့သော်မိဖုယားကြီး
သည် မိမိရင်နှစ်ဖြစ်သောသားတော်များကို မသတ်ရက်သဖြင့် မင်းကြီး မသိရအောင် တိတ်တဆိတ်ဝှက်
ထားလေ၏။ နှစ်ပေါင်း အတော်ကြာသောအခါ ထိုအကြောင်းကို မင်းကြီး သိလေသဖြင့်။ မိဖုယား ၊ သင်၏
သားတော်များကို ယခုပင် ဖျောက်ဖျက်ပြစ်လော့ဟု မိန့်ကြားတော်မူသည်။ မယ်တော်ဖြစ်သူ မိဖုယားကြီး
သည် သားတော်နှစ်ပါးကို မသတ်ဖြတ်လို သဖြင့် ဖောင်ပေါ်တင်၍ စားနပ်ရိက္ခာ အပြည့်အစုံ ထည့်ပြီးလျှင်
ဧရာဝတီမြစ်အတိုင်း မျှောချလိုက်လေသည်။
                  မင်းသားတို့စီးလာသော ဖောင်တော်သည် စစ်ပင်ကြီးကိုင်းကျနေသောနေရာသို့ရောက်လျှင်
ဖောင်တော်တိုက်မိလေ၏။ ထိုအရပ်ကို ယခုအခါတွင် “ စစ်ကိုင်းမြို့” ဟုခေါ်ကြသည်။ ထိုအရပ်တွင်နေ
သော စန္ဒမုခိ ဘီလူးမသည် မင်းသားတို့၏ စားသောက်ဘွယ်များကို ၀င်ရောက်စားသောက်ရာမှ အစပြု၍
မင်းသားတို့နှင့် သိကျွမ်းပြီးလျှင် မျက်မမြင်ရောဂါကို ကုသပေးရန် ၀န်ခံဂတိပြုလိုက်လေသည်။ ထိုဂတိအ
တိုင်း ဖောင်ပေါ်တွင် အတူတကွလိုက်ပါ၍ ကုသပေးရာ မကြာမှီပင် မင်းသားညီနောင်နှစ်ပါးစလုံး စက္ခုအ
လင်းကို ရရှိကြလေသည်။ မင်းသားတို့ကို စ ကုသောနေရာအား “ စကု ” ဟူ၍၎င်း မင်းသားကိုမျက်စိအ
လင်းရောင်ရသော နေရာအား “ ရွာလင်း ” ဟူ၍ ၎င်း၊ ယခုထက်တိုင် ခေါ်ဝေါ်ခဲ့ကြသည်။
                  မင်းသားညီနောင်တို့သည် မျက်စိအလင်းကို ရရှိပြီး နောက်၊ ဧရာဝတီ မြစ်စဉ် အတိုင်းစုန်
ဆင်း သွားခဲ့ရာ ကုဉ္စပြင်အရပ်သို့ ရောက်သောအခါ။ ဖောင်တော်ကို ကမ်းသို့ကပ်၍ ကုန်းပေါ်သို့တက်
သွားကြလေ၏။ ထိုအရပ်တွင် မင်းသားတို့၏ ဦးရီးတော်စပ်သူ ရှင်ရသေ့၏သမီး ဘေဒါရီသည်။ ရေခပ်လာ
ခိုက် ကြုံကြိုက်သည်နှင့် မင်းသားတို့နှင့်တွေ့ရှိကြလေ၏။ ဘေဒါရီက မင်းသားညီနောင်တို့အား ရှင်ရသေ့
၏ ကျောင်းတော်သို့ ခေါ်ဆောင်သွားလေ၏။ ရသေ့ကြီးက မင်းသားညီနောင်တို့၏ အမျိုးအနွယ်ကိုမေးမြန်း
စုံစမ်းရာ။ မင်းသားတို့ကလည်း မိမိတို့၏ အဖြစ်အပျက်ကိုပြန်လည် တင်လျှောက်သောကြောင့်။ မိမိ၏ တူ
တော်များဖြစ်ကြောင်းကိုသိရလေ၏။
                   ဦးရီးတော်ရသေ့ကြီးသည် တူတော်အကြီး မဟာသမ္ဘ၀မင်းသားနှင့် သမီးတော်ဘေဒါရီတို့ကို
စုံဘက်ပေးပြီးလျှင် ရသေ့မြို့ကိုတည်ထောင်၍ မင်းပြုစေခဲ့သည်။ မဟာသမ္ဘ၀မင်းနတ်ရွာစံလျှင်။ ညီတော်
စူဠာသမ္ဘ၀မင်းသားက မရီးတော်ဘေဒါရီကိုပင် မိဖုယားမြောက်၍ဆက်လက်စိုးစံခဲ့သည်။