Jan 5, 2012

စကားပြောအတတ်ပညာ

မြတ်ဗုဒ္ဓမိန့်တော်မူခဲ့သော စကားပြောကောင်းခြင်း အင်္ဂါ(၆)ပါးကို တင်ပြချင်ပါသည်။ ၎င်းတို့မှာ………..

၁။ ချစ်ခင်မြတ်နိုးဖွယ် ကိုယ်အမူအရာရှိခြင်း။

၂။ ချစ်ခင်မြတ်နိုးဖွယ် နူတ်အမူအရာရှိခြင်း။

၃။ ချစ်ခင်မြတ်နိုးဖွယ် လိုက်လျှောတတ်ခြင်း။

၎။ ချစ်ခင်မြတ်နိုးဖွယ် မျှတဝေဖန်မူရှိခြင်း။

၅။ ချစ်ခင်မြတ်နိုးဖွယ် ကိုယ်ကျင့်သိက္ခာရှိခြင်း။

၆။ ချစ်ခင်မြတ်နိုးဖွယ် အသိပညာရှိခြင်းတို့ပင် ဖြစ်ပေသည်။

Jan 4, 2012

တိလောကဟုဆုံးမစာ

၁။ တိလောကဟု၊ မရနှိုင်းတူ၊ ဘက်မပြူသည့်၊ သုံးဆူရတနာ၊ မာတာပိတ၊ ဆရာစသား၊ အရှင်များကို၊ ပြစ်မှားမဆို၊ ရိုသေကြစေ၊ သာမဏေက၊ သူငယ်စသား၊ တပည့်များတို့၊ မှတ်သားကြပ်ကြပ်၊ မပြတ်သို့ပင်၊ ဆုံးမသင်သည်၊ ဝမ်းတွင်အမြဲသွတ်။

၂။ ကရောက်ကရက်၊ ကျက်ကျက်ပျောက်ပျောက်၊ စားသောက်အိပ်နေ၊ မရှိစေနှင့်၊ သေသေသပ်သပ်၊ စိတ်ယူစွဲမှတ်။

၃။ ဆရာသမား၊ မိဘများကို၊ နိုးကြားမပြတ်၊ မျက်သစ်တံပူ၊ လုံ့လကူသည်၊ ယူ၍မပြတ်၊ နေ့တိုင်းကပ်။

၎။ ဘုရားခြေရင်း၊ ကျောင်းသင်းတွင်၊ မြက်သစ်ပင်ကို၊ မြင်လျှင်မဖွယ်၊ မတင့်တယ်သော်၊ လယ်၍မပြတ်၊ တံမြက်ခတ်။

၅။ သုံးဆောင်ရေနှင့်၊ သောက်ရေအိုးတွင်၊ ရေနည်းမြင်သော်၊ ခေါ်ငင်ညီညွတ်၊ သွား၍ခပ်။

၆။ ရိုင်းစိုင်းနီးကပ်၊ မကိုင်းညွတ်ဘဲ၊ မတ်တတ်ထိုး၍၊ မသွားနှင့်။

၇။ စားဖွယ်စားရာ၊ ကပ်သောခါလည်း၊ ချဉ်းလာနီးစေ၊ ခြေစုံနေ၍၊ ရိုသေကိုင်းညွတ်၊ ချဉ်း၍ကပ်။

၈။ ဘုန်းပေးဆိုတမ်း၊ ရဟန်းတို့အား၊ စားမည်လားဟု၊ စကားသည့်နှယ်၊ မမေးနှင့်။

၉။ မိဦးဘဦး၊ ဆရာဦးကို၊ ခူး၍အလျင်၊ မစားနှင့်။

၁၀။ မိဘဆရာ၊ ထားသည့်ဟာကို၊ မျက်နှာကွယ်လျှင်၊ မယူငင်နှင့်၊ လိုချင်သောအား၊ စားချင်ငြားက၊ ဝပ်တွားခယ၊ တောင်းပန်ကြ။

သျှင်မဟာသီလဝံသ
မြန်မာ (၈၁၅-၈၈၀)

ဂဏန်းတွေနဲ့တွေး ဘဝအားဆေး

အသက်ရှင်နေတဲ့ ဘ၀မှာ လိုက်နာစရာ ကျင့်သုံးစရာတွေ ရှိသလို ကိုယ့်အတွေး ကိုယ့်ခံယူချက်နဲ့လည်း လျှောက်လှမ်းနိုင်ပါတယ်။ ဘ၀ကိုလေးလေးနက်နက် တည်ဆောက်နိုင်သလို ပေါ့ပေါ့ပါးပါးလေး ဖြတ်သန်းနိုင်ပါတယ်။ ဒီဂဏန်းလေးတွေနဲ့
အောင်မြင်တဲ့ ဘ၀ကို တည်ဆောက်နိုင်တာပေါ့။

(1) The most selfish one-letter world is’ I ‘ . Avoid it.
အက္ခရာတစ်လုံးတည်းရှိတဲ့ တကိုယ်ကောင်းအဆန်ဆုံးစကားလုံးကတော့ “ ငါ ”ပါ။ အဲဒါကို ရှောင်ကျဉ်ပါ .။
(2) The most satisfying two-letter world is ‘ We ‘ . Use it.
အက္ခရာ နှစ်လုံးပါတဲ့ စိတ်ကျေနပ်စရာအကောင်းဆုံး စကားလုံးကတော့ “ ငါတို့” ပါ။ အဲဒါကို အသုံးပြုပါ ။
(3) The most poisonous three-letter world is ‘ Ego ‘ . Kill it.
အက္ခရာသုံးလုံးနဲ့ဖွဲ့စည်းထားတဲ့ အဆိပ်အပြင်းဆုံးစကားလုံးဟာ “ အတ္တ ” ပါ။ အဲဒါကို သတ်ပစ်ပါ။
(4) The most used four-letter world is ‘ Love ‘ . Value it.
အက္ခရာလေးလုံးပါတဲ့ လူသုံးအများဆုံးစကားလုံးကတော့ “ ချစ်ခြင်းမေတ္တာ ” ပါ။ အဲဒါကို တန်ဖိုးထားပါ။
(5) The most pleasing five-letter world is ‘ Smile ‘. Keep it.
အက္ခရာငါးလုံးပါတဲ့ ကြည်နူးစရာ အကောင်းဆုံး စကားလုံးကတော့ “ အပြုံး ” ပါ။ အဲဒါကို ဆောင်ထားပါ ။
(6) The fastest spreading six-letter world is ‘ Rumour ‘. Ignore it.
အက္ခရာခြောက်လုံးပါပြီး အလျင်မြန်ဆုံး ပျံ့နှံ့လွယ်တဲ့ စကားလုံးကတော့ “ ကောလဟာလ ” ပါ။ အဲဒါကို လျစ်လျှူရှုပါ ။
(7) The hardest working seven-letter world is ‘ Success’. Achieve it.
အက္ခရာခုနှစ်လုံးနဲ့ ဖွဲ့စည်းထားပြီး အပြင်းထန်ဆုံး ကြိုးစားရယူရတဲ့ စကားလုံးကတော့ “ အောင်မြင်မှု ” ပါ။ အဲဒါကို အရယူပါ ..။
(8) The most troublesome eight-letter world is ‘ Jealousy’. Distance it.
အက္ခရာရှစ်လုံးနဲ့ဖွဲ့စည်းထားတဲ့ ဒုက္ခအပေးဆုံးစကားလုံးကတော့ “ မနာလိုဝန်တိုမှု ” ပါ။ အဲဒါကို ဝေးဝေးရှောင်ပါ ။
(9) The most powerful nine-letter world is ‘ Knowledge’. Acquire it.
အက္ခရာကိုးလုံးနဲ့တည်ဆောက်ထားတဲ့ အင်အားအရှိဆုံး စကားလုံးကတော့ “ အသိပညာ ဗဟုသုတ ” ပါ။ အဲဒါကို ကြိုးစားရယူပါ ။
(10) The most essential ten-letter world is ‘ Confidence’. Build it.
အက္ခရာဆယ်လုံးနဲ့ဖွဲ့စည်းထားတဲ့ မရှိမဖြစ်အလိုအပ်ဆုံးစကားလုံးကတော့ “ယုံကြည်မှု ” ပါ။ အဲဒါကို တည်ဆောက်ယူပါ ။  


                                      ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်သည်

Jan 1, 2012

ကမ္ဘာကျော်တို့၏ တန်ဖိုးရှိသောစကားများ (၄)

(၄၁)  လူသည် ကောင်းလွန်းလျှင် ဘေးဖြစ်သည်။ ( ဘားနဒ်ရှော )
(၄၂)  ဘ၀သည် တိုတောင်း၏။ အတတ်ပညာသည် ရှည်လျား၏။ ( လက်တင်စကားပုံ )
(၄၃)  သေရမှာ ကြောက်သည်ထက် ခံစားရသောအခါ၌ ပိုပြီးသတ္တိရှိရန်လိုသည်။ ( နပိုလီယံ )
(၄၄)  မေတ္တာသည် သစ္စာ၏ ရေသောက်မြစ်ဖြစ်၍ သစ္စာသည် မေတ္တာ၏ အပွင့်အဖူးဖြစ်လေသည်။ မေတ္တာတည်းဟူသော ရေသောက်မြစ်ခိုင်မြဲမှသာလျှင် သစ္စာတည်းဟူသော အပွင့်အဖူးသည် ငွားငွားစွင့်စွင့် ပွင့်လန်းနိုင်ပေသည်။
သို့သော် မေတ္တာတည်းဟူသော ရေသောက်မြစ်သည် သစ္စာတည်းဟူသော အပွင့်အဖူးမရှိက မတင့်တယ်ပေ။( အာရပ်စကားပုံ )
(၄၅)  ဆုံးရှုံးပြီးမှ တန်ဖိုးသိရသော အရာနှစ်ခု၇ှိသည်။ ၄င်းတို့မှာ ငယ်ရွယ်နုပျိုခြင်းနှင့် ကျန်းမာခြင်းပင်ဖြစ်သည်။ ( အာရပ်စကားပုံ )
(၄၆)  ရိုးသားမှုသည် အကောင်းဆုံးသော ကျင့်သုံးမှုဖြစ်၏။ ( အင်္ဂလိပ်စကားပုံ )
(၄၇)  ကာလကြာရှည်စွာ နေရုံဖြင့် အိုလာသည်ဟု မဆိုအပ်။ မိမိခံယူချက်များကို စွန့်ပစ်သူများကိုသာ အိုစာတတ်သည်။ အချိန်က ပါးရေကိုပဲ တွန့်စေသည်။ စိတ်ဝင်စားမှုကို ပယ်လိုက်လျှင်ကား စိတ်ဓါတ်ပါ ရှုံတွသွားတော့သည်။
( မက်အာသာ )
(၄၈)  သဘာဝတရား၊ အချိန်အခါနှင့် သည်းခံခြင်းတို့သည် ကြီးမြတ်သော သမားတော်ကြီး သုံးပါးပင်ဖြစ်သည်။( အိပ်ဂျီဘုန် )
(၄၉)  အနုပညာဟူသည် သိပ္ပံပညာထက် အဆင့်အတန်းမြင့်၏။ သိပ္ပံပညာက ရှာဖွေသည်။ အနုပညာက ဖန်တီးသည်။ ( ဂျွန်အိုပီး )
(၅၀)  သစ္စာတရားဆိုသည်မှာ အတွေ့အကြုံနှင့် စမ်းသပ်မှုကို ခံနိုင်သောအရာဖြစ်၏။ ( xxx )
(၅၁)  အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ရှိနေမည်သာပင်။ ( အာရပ်စကားပုံ )
(၅၂)  သတ္တိ ဗျတ္တိရှိသော ရန်သူကို မကြောက်ပါနှင့်၊ မာယာ ဥာဏ်များသော၊ လှည့်ပတ်လိမ်ကောက်သော မိတ်ဆွေကို ကြောက်ပါ။     ( အဂ္ဂါး )
(၅၃)  အများကောင်းကျိုးကို သင်ကြည့်တတ်လျှင် အများကလည်း သင့်ကောင်းကျိုးကို ပြန်လည်ကြည့်တတ်မည်ကား မလွဲပါ။      ( အဂ္ဂါး )