Nov 7, 2011

၃၈ ဖြာမင်္ဂလာ ပုံပြင်



မကောင်းမှုကိုကိုယ်၊နှုတ်ဖြင့်ရှောင်ခြင်း

- မကောင်းမှုတွေ ဟူသမျှကို
  မတွေ့ခင်က ရှောင်ကြဉ်လေ၊
  တွေ့ကြုံလာရင် မလွန်ကျူးနဲ့
  အထူးသဖြင့် စောင့်စည်းနေ၊
  အရက်သေစာ မသောက်စားနဲ့
  မှောက်မှားတက်တဲ့ အရာတွေ၊
  လုပ်ကိုင်ပြောကြား သတိထား
  တရားမမေ့စေ၊
  အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။






မကောင်းမှုကိုစိတ်ဖြင့်ရှောင်ခြင်း

- မကောင်းမှုတွေ ဟူသမျှကို
  မတွေ့ခင်က ရှောင်ကြဉ်လေ၊
  တွေ့ကြုံလာရင် မလွန်ကျူးနဲ့
  အထူးသဖြင့် စောင့်စည်းနေ၊
  အရက်သေစာ မသောက်စားနဲ့
  မှောက်မှားတတ်တဲ့ အရာတွေ၊
  လုပ်ကိုင်ပြောကြား သတိထား
  တရားမမေ့စေ၊
  အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။





ရဟန်းသူမြတ်တို့ကို ဖူးမြော်ခြင်း

- ၀တ်စားနေထိုင် ရန်ခပ်သိမ်း
  စိတ်ကိုချုပ်ထိန်း သည်းခံလေ၊
  ကျိုးကြောင်းပြညွှန် ဆုံးမစကားကို
  ပြောကြားလာက နာလွယ်စေ၊
  သူမြတ်ပုဂ္ဂိုလ် ဟူသမျှကို
  မကြာခဏ တွေ့ဆုံလေ၊
  သဘာဝတွေး မှန်ကန်ရေး
  ဆွေးနွေးမပျက်ပေ၊
  အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
 

No comments:

Post a Comment