Dec 31, 2011

ကမ္ဘာကျော်တို့၏ တန်ဖိုးရှိသောစကားများ (၃)

(၂၆)  လုပ်ငန်းအောင်မြင်၍ ငွေကြေးချမ်းသာလိုရင် ပူပန်သောက ပွားတတ်တဲ့ အကျင့်ကို ဖျောက်ဖျက်ရပါမယ်၊ သောကဟာ စိတ်ဓါတ်နဲ့ အားမာန်ကို ထိခိုက်ပျက်ပြားစေနိုင်တယ်။                        ( ဟားဗတ်အင်ကတ်ဆင် )
(၂၇)  ကျွန်ုပ်ငယ်စဉ်ကတည်းက ဖြစ်ပေါ်လာပြီး ဖော်ပြ၍ မရအောင် မြတ်နိုးခုံမင်သော စာဖတ်ခြင်းကို အိန္ဒိယပြည်မှ ရတနာများနှင့် မလဲလှယ်နိုင်။ ( အက်ဒွတ်ဂစ်ဘွန်း )
(၂၈)  ခွင့်လွတ်ခြင်းဟာ အောင်ပွဲများအနက် အမြင့်မြတ်ဆုံးသော အောင်ပွဲဖြစ်သည်။( ဖရက်ဒရစ်ရှီလာ )
(၂၉)  အလင်းရှိလျှင် အရိပ်ရှိမည်။ ထို့အတူ ဘ၀ရှိလျှင် အမှားရှိရမည်မှာ အမှန်ပင်။ ( အာဒီ )
(၃၀) ပူပန်ခြင်းသည် ကြောက်ရွံ့ခြင်းတစ်မျိုးဖြစ်သည်။ ကြောက်ရွံ့ခြင်းဟူသမျှသည် ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်စေသည်ချည်းပင်၊ ကြောက်ရွံ့ခြင်းစိတ်ကို ပယ်ဖျောက်နိုင်သောသူအဖို့ နေ့စဉ်ဘ၀၌ ကြုံတွေ့နေရသော ပင်ပန်းနွမ်းနယ်မှု အများအပြား ပပျောက်သွားပေလိမ့်မည်။ (ဘာထရန်ရပ်ဆဲလ် )
(၃၁)  လောကတွင် မိမိလုပ်လိုသော အလုပ်ကို အကောင်အထည်မဖော်လိုက်ရပဲ သေသွားသူလောက် စရာ ကောင်းသူမရှိပေ။ လူသည် ဒုက္ခကိုနိုင်နင်းသော စိတ်ထားရှိမှသာ အောင်မြင်မှုကို ရနိုင်ပေသည်။      ( အမည်မသိစာဆို )
(၃၂)  ကျွန်ုပ်တို့သည် ဘာမဆိုလုပ်နိုင်ကြသည်။ ကျွန်ုပ်တို့သည် အောင်မြင်မှုကို လိုလားပါက ထိုစိတ်အတိုင်း အားကြိုး မာန်တက်လုပ်လိုက်ပါ။ ကျိန်းသေအောင်မြင်ရမည် မလွဲတည်း။                         ( ဆင်မြူရယ်ခန်း )
(၃၃)  မည်မျှပင် ပညာတွေတတ်တတ်၊ ပစ္စည်းတွေရှိရှိ အတွင်းစိတ်ဓါတ်မကြံ့ခိုင်လျှင် ကျဆုံးမည်ဖြစ်၏။ ပစ္စည်းမဲ့၍ ဥစ္စာနွမ်းပါးသူဖြစ်စေဦး၊ စိတ်ဓါတ်ကြံ့ခိုင် ဇွဲလုံလ၀ီရိယ ရှိလျှင် အောင်မြင်မည် အမှန်၊ အောင်မြင်ရေးလျှို့ဝှက်ချက်ဟူသည်
လွယ်ကူရိုးထုံးစံမရှိ၊ ရရှိသောအခွင့်အရေးနှင့် အချိန်ကာလကို အရအမိယူနိုင်ခြင်းသာ အဓိကဖြစ်၏။         ( xxx )
(၃၄)  ရယ်မောပျော်ရွှင်၍ စိတ်ကြည်လင်နေလျှင် သင့်ကိုယ်တွင်းမှ ရောဂါများ ပျောက်ကင်းသွားပေလိုက်မည်။ လူသည်ဝမ်းသာခြင်းနှင့် ၀မ်းနည်းခြင်းကို တပြိုက်တည်း ထိတွေ့မခံစားနိုင်၊ တစ်ခုပြီးမှ တစ်ခုခံစား၍ရသည်။ ဤသည်မှာ စိတ်တို့၏ ထူးထွေ ဆန်းပြားသောသဘောဖြစ်သည်။ ( xxx )
(၃၅)  လူတစ်ယောက်သည် မိမိ၏ ဘ၀ခရီးလမ်းကို ဖြောင့်ဖြူးလိုစိတ် မရှိဘဲနှင့် တိုးတက်နိုင်မည် မဟုတ်ပေ။ မည်မျှပင် တစ်ပါးသူက ကူညီပါစေ အချည်းနှီးသာဖြစ်ပေလိမ့်မည်။ ( xxx )
(၃၆)  တည်ငြိမ်၍ အနှောက်အယှက်ကင်းမဲ့ခြင်းသည် ကြီးမားမြင့်မြတ်သော စိတ်၏သဘာဝဖြစ်၏။           ( ဂရိတ်ပညာရှိဆီနဲကား )
(၃၇)  နေ၏အရောင်ကို အပေါက်ငယ်ကလေးများမှ  မြင်ရသည့်နည်းတူ လူတစ်ယောက်၏ စိတ်နေစိတ်ထားနှင့် သဘောသက္ကာယတို့ကို သူနှင့် ပတ်သက်သည့် အသေးအဖွဲ ကိစ္စကလေးများမှ ထင်ရှားစွာ သိမြင်နိုင်ပေသည်။
 ( ကြီးပွားရေးကျမ်းပြုဆရာကြီးဆင်မြူရယ်စမိုင်း )
(၃၈)  သူတစ်ပါး၏ အပြစ်ကို သည်းခံပါ။ တစ်ပါးသူ၏ အမှားကို မိမိအမှားကဲ့သို့ သဘောထားပါ။ သည်းခံမှုနှင့် နားလည်မှုကို လက်ကိုင်ပြု၍ ဘ၀တာသည် ရန်ညိုးဖွဲ့ရန် အလွန်တိုတောင်းလှ၏။ ထို့ထက် သဘောထား သေးသိမ်ခြင်းနှင့် ဂရုဏာကင်းမဲ့ခြင်းသည် သာ၍ တိုတောင်းသည်။  ( ဖီးလစ်ဘရက်စ် )
(၃၉)  လူသုံးမျိုးသာရှိသည်။ ထိုလူသုံးမျိုးမှာ တိုးတက်နေသောသူ၊ ရပ်တန့်နေသောသူ၊ ဆုတ်ယုတ်နေသောသူ ဟူ၍ ဖြစ်သည်။               ( လာဗာတာ )
(၄၀)  လူယဉ်ကျေး ပီသသည်၊ မပီသသည်ကို သိလိုလျှင် လူသည် သူ့အတွက် အသုံးမ၀င်သည့် နိမ့်ကျသူများအား ရိုသေပါ၏လားဟု စိစစ်ပါ။ ( ဖလ်လစ် )

No comments:

Post a Comment