Oct 30, 2011

၃၈ ဖြာမင်္ဂလာ ပုံပြင်



“တင်းတိမ်ရောင့်ရဲခြင်း”

- အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက
  ဆည်းကပ်ခစားရိုသေလေ၊
  မာနတံခွန် ဂုဏ်မကြွနဲ့
  ကိုယ်ကိုနှိမ့်ချအမြဲနေ၊
  လောဘအပို အလိုမလိုက်နဲ့
  ကိုယ်ထိုက်တာနဲ့ကျေနပ်လေ၊
  ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး
  အထူးသိတတ်စေ၊
  ကောင်းကျိုးဆင့်ပွား မြတ်တရား
  နားကြားမပျက်ပေ၊
  အဲဒါမှဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။





“ပညာရှိကိုမှီဝဲဆည်းကပ်ခြင်း”

- လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့
  မမှီဝဲနဲ့ကင်းအောင်နေ၊
  ပညာရှိကို အရှည်တွဲလို့
  မှီဝဲဆည်းကပ်နည်းယူစေ၊
  သုံးပါးရတနာ မိဘများနဲ့
  ဆရာသမားကိုပူဇော်စေ၊
  ချမ်းသာကိုပေး ဆက်ဆံရေး
  မျှော်တွေးသုံးချက်ပေ၊
  အဲဒါမှဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။




 

“ပူဇော်ထိုက်သူကိုပူဇော်ခြင်း”

- လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့
  မမှီဝဲနဲ့ကင်းအောင်နေ၊
  ပညာရှိကို အရှည်တွဲလို့
  မှီဝဲဆည်းကပ်နည်းယူစေ၊
  သုံးပါးရတနာ မိဘများနဲ့
  ဆရာသမားကိုပူဇော်စေ၊
  ချမ်းသာကိုပေး ဆက်ဆံရေး
  မျှော်တွေးသုံးချက်ပေ၊
  အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
 

No comments:

Post a Comment