Nov 1, 2011

၃၈ ဖြာမင်္ဂလာ ပုံပြင်



“မိမိ၏ကိုယ်စိတ်နှစ်ပါးကိုစောင့်ထိန်းခြင်း”

-  ကုသိုလ်ပညာဥစ္စာရဖို့
   သင့်ရာဒေသအမြဲနေ၊
   ရှေ့ကတင်ကြိုပြုခဲ့ဖူးသည့်
   ကောင်းမှုအထူးရှိပါစေ၊
   မိမိကိုယ်ကိုကောင်းအောင်ထိန်းလို့
   မတိမ်းစေနဲ့ဆောက်တည်လေ၊
   ဥစ္စာကိုပေးနေထိုင်ရေး
   မျှော်တွေးသုံးချက်ပေ၊
   အဲဒါမှဗုဒ္ဓ၀ါဒကမ္ဘာ့ မင်္ဂလာတွေ။





“မိမိကိုယ်ကိုနှိမ့်ချခြင်း”

- အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက
  ဆည်းကပ်ခစားရိုသေလေ၊
  မာနတံခွန် ဂုဏ်မကြွနဲ့
  ကိုယ်ကိုနှိမ့်ချအမြဲနေ၊
  လောဘအပို အလိုမလိုက်နဲ့
  ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ၊
  ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး
  အထူးသိတတ်စေ၊
  ကောင်းကျိုးဆင့်ပွား မြတ်တရား
  နာကြားမပျက်ပေ၊
  အဲဒါမှဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။




“မူးယစ်သေစာ မသောက်စားခြင်း”

- မကောင်းမှုတွေ ဟူသမျှကို
  မတွေ့ခင်က ရှောင်ကြဉ်လေ၊
  တွေ့ကြုံလာရင် မလွန်ကျူးနဲ့
  အထူးသဖြင့် စောင့်စည်းနေ၊
  အရက်သေစာ မသောက်စားနဲ့
  မှောက်မှားတတ်တဲ့ အရာတွေ၊
  လုပ်ကိုင်ပြောကြား သတိထား
  တရားမမေ့စေ၊
  အဲဒါမှဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

No comments:

Post a Comment