Aug 10, 2011

အသီးအရွက်များမှ ခန္ဓာကိုယ်အတွက် အကျိုးပြုပုံများ

ခရမ်းချဉ်သီး
                     ခရမ်းချဉ်သီးတွင် ပါဝင်သော ဓာတ်ပစ္စည်းတစ်မျိုးဖြစ်သည့် Lycopene သည် အစာလမ်း
ကြောင်းတွင်ဖြစ်တတ်သော ကင်ဆာရောဂါများကို ကာကွယ်နိုင်ပါသည်။ ယင်း Lycopene သည် ခရမ်း
ချဉ်သီးအား ချက်ပြုတ်ခြင်းဖြင့် ရရှိလာသော ဓာတ်တစ်မျိုး ဖြစ်သည်။ အာဟာရတွင် ခရမ်းချဉ်သီးပါဝင်
ခြင်းသည် အစာလမ်းကြောင်း ကင်ဆာဖြစ်ပွားမှုကို လျော့နည်းစေမည်ဖြစ်၏။

ဟင်းနုနယ်
                    ဟင်းနုနယ်သည် ရေတွင်ပျော်ဝင်သော ဗီတာမင်တစ်မျိုးဖြစ်သည့် Folic Acid ပါဝင်သည်။
ဖောလစ်အက်စစ်သည် ဗီတာမင် "ဘီ" အုပ်စုဝင်ဖြစ်ပြီး သွေး၌ Homocysteine ဓာတ် လျော့နည်းစေသည်။
သွေး၌ Homosteine ဓာတ်များခြင်းသည် နှလုံးသွေးကြော ရောဂါနှင့် ဦးနှောက်သွေးကြောရောဂါများဖြစ်
ပွားမှုနှင့် ဆက်နွယ် မှုရှိ၏။ ထို့ကြောင့် ဟင်းနုနယ်စားသုံးခြင်းကြောင့် Heart Attack ရခြင်းနှင့် Stroke ရ
ခြင်းတို့မှကာကွယ်ပေးနိုင်သည်။ ဖောလစ် အက်စစ်ချို့ယွင်းခြင်းသည် သွေးအားနည်းခြင်း Anaemia ကို
လည်းဖြစ်စေနိုင်သည်။ ဟင်းနုနယ်သည် ကျန်းမာခြင်းအတွက် စားသုံးသင့်သော အာဟာရတစ်မျိုးဖြစ်သည်။


ဂျုံတစ်မျိုး(မြင်းစားဂျုံ)


                     မြင်းစားဂျုံသည် သွေးဖိအားကို ကျစေနိုင်သော သတ္တိရှိပြီး နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်
နိုင်၏။ ထို့အပြင် သွေး၌ သကြားဓာတ်ပမာဏ (Glucose Level ) ကိုလည်း လျော့နည်းစေပါသည်။ သို့ဖြစ်
ရာ မြင်းစားဂျုံသည် ဆီးချိုရောဂါ ဖြစ်ပွားမှုကို လျော့နည်းစေနိုင်သည်။


ပင်လယ်ငါး


                   ပင်လယ်ငါးများတွင် Omega & Fatty Acid ( ဖက်တီး အက်စစ် ) ဓာတ်များ ပါဝင်သည်။ ယင်း
Omega & Fatty Acid များသည် သွေး၌ အန္တရာယ်ရှိသော ( ဆိုးဝါးသော ) ကိုလက်စထရော (Bad Choles-
terol ) ကိုလျော့နည်းစေပါသည်။ ဦးနှောက်ကလာပ်စည်း (Brain Cells) များပျက်ယွင်းမှုကိုလည်း ကာကွယ်
ပေးနိုင်ပါသည်။ ထို့ကြောင့် ပင်လယ်ငါးများစားသုံးခြင်းဖြင့် သွေးကြောပိတ်ဆို့ခြင်းကို ကာကွယ်ရာရောက်
ပါသည်။ သွေးကြောပိတ်ဆို့ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် နှလုံးပျက်ခြင်း၊ လေငန်းဖြစ်ခြင်း၊
ကိုယ်တစ်ခြမ်းသေခြင်း၊ ကိုယ်တစ်ပိုင်းသေခြင်း စသည် တို့ကိုလည်း လျော့နည်းပပျောက်စေနိုင်မည်ဖြစ်ပါ
သည်။ ယနေ့အချိန်တွင် အသက်အရွယ်ကြီးရင့်သူများ၌ ဖြစ်သော အယ်ဇိုင်းမား မှတ်ဥာဏ်ချို့ယွင်းမှုကို
လည်း ကာကွယ်ပေးနိုင်ပါသည်။ Omega & Fatty Acid မြောက်မြားစွာ ပါဝင်သော ငါးတချို့မှာ  ပင်လယ်
ငါးသလောက်၊ မြောက်အတ္တလန္တိတ်ပင်လယ်ငါး၊ ငါးပြက်၊ ငါးကွမ်းရှပ် စသည်တို့ဖြစ်၏။

ရေနွေးကြမ်း
                   လက်ဖက်အကြမ်းခြောက်ခတ်ထားသော ရေနွေး(ရေနွေးကြမ်း) သောက်ခြင်းအလေ့အထ
သည် အစာအိမ်နှင့် အသည်းကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။

ဂေါ်ဖီထုပ်
                      ဂေါ်ဖီထုပ်တစ်မျိုးဖြစ်သော Broccoli သည်သားမြတ် ကင်ဆာ၊ အူမကြီးကင်ဆာနှင့် အစာ
အိမ်ကင်ဆာရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်သည်။

ကြက်သွန်ဖြူ
                      ကြက်သွန်ဖြူသည် သွေး၌ ကိုလက်စထရောဓာတ်ကို ကျဆင်းစေခြင်းနှင့် သွေးပျစ်ချွဲမှုကို
လျော့နည်းစေခြင်းတို့ကြောင့် နှလုံးရောဂါမဖြစ်အောင် ကာကွယ်နိုင်စွမ်းရှိပါသည်။ ထို့ကြောင့်ပင် ယနေ့
အချိန်၌ ကြက်သွန်ဖြူကို ဆေးဝါးများ ဖော်စပ်ရာ၌ အသုံးပြုလျက်ရှိကြ၏။

သံလွင်ဆီ
                     သံလွင်ဆီဖြင့် ဟင်းလျာများကို ချက်ပြုတ်စားသောက်ပါက နှလုံးရောဂါနှင့် ကင်ဆာရောဂါ
များ ဖြစ်ပွားမှုကို လျော့နည်း ပပျောက်စေနိုင်ကြောင်း ကျန်းမာရေးသုတေသီများက လက်ခံထားကြသည်။

ဗာရီသီး
                     ဗာရီသီး (Berry) သည်နှလုံးရောဂါနှင့် ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်ခြင်းအတွက်
များစွာအထောက်အကူပြုနိုင်သည်ဟု ဆိုပါသည်။

စပျစ်သီးခွံ
                 စပျစ်သီးခွံ၌ ပါဝင်သော ဓာတ်ပစ္စည်းတချို့သည် သွေး၌ ကောင်းသော ကိုလက်စထရော
ဓာတ် Good Cholesterol ( High Density Lipoprotein ) ပမာဏကို တိုးပွားစေနိုင်သည်။ စပျစ်ဝိုင်းကို
အနည်းငယ်မျှ မှန်မှန်သောက်သုံးခြင်းသည် အထက်ပါအာနိသင် စွမ်းအားကို ရရှိစေနိုင်ပါသည်။ သိုသော်
အရက်အလွန်အကျွံ သောက်ခြင်းကို ရှောင်ကြဉ်ရန်သတိမမေ့သင့်ပေ။ သွေး၌ High Density Lipoportein
ပမာဏများခြင်းသည် နှလုံးသွေးကြောရောဂါနှင့် ဦးနှောက်သွေးရောဂါများ၏ နောက်ဆက်တွဲဆိုးကျိုးများ
ကို အဓိကကာကွယ်ပေးနိုင်သော အကြောင်းအချက်ဖြစ်သည်။ High Density Lipoprotein နှင့် ဆန့်ကျင်
ဘက်ဖြစ်သော Low Density Lipoportein သည် နှလုံးနှင့် ဦးနှောက်ပိုင်း ဆိုင်ရာ သွေးကြောရောဂါများ
ကို ဖြစ်ပွားစေပါသည်။

                        

No comments:

Post a Comment