Aug 15, 2011

မိမိကိုယ်မိမိ မေ့နေခြင်း  
        (မောင်တည်ငြိမ်)
သမီးရည်းစားတုန်းကလည်း
သမီးရည်းစားမို့ ချစ်လိုက်ရတာ။
ဇနီးမယားကျတော့လည်း
ဇနီးမယားမို့ ချစ်လိုက်ရတာ။
သမီး သားကျတော့လည်း
သမီး သားမို့ ချစ်လိုက်ရတာ။
မြေးသားများကျတော့လည်း
မြေးသားများမို့ ချစ်လိုက်ရတာ။
ဒီလိုနဲ့ပဲ
ရက်စွဲတွေ အတော်ကြာမှ
ချစ်ရမယ့်သူ နောက်တစ်ယောက်
ထောက်ခနဲ သတိရ
ချစ်ပြမယ်လည်း ကြံရော
(ဟိုက်)
အချိန်က မရှိတော့ပါလား။            ။

No comments:

Post a Comment