Jul 26, 2011

Computer ကို shutdown ချအချိန်ကြာမြင့် ခြင်းကို ဖြေရှင်းနည်း

                Shutdown အချိန်ကိုကြာမြင့်ခြင်းကို ဖြေရှင်းဖို့အတွက် အရင်ဆုံး Run box ကိုဖွင့်ပါ(တနည်းအားဖြင့် keyboard ကနေ  win + R  ကိုတွဲနှိပ်ပါ) Run box ထဲမှာ gpedit.msc ကိုရိုက်ထည့်ပါ ပြီးရင် OK  ကိုနှိပ်ပါ။ ပွင့်လာတဲ့ box မှာ Computer Configuration ကိုရှာပါ  computer   configuration ကို click ပါ ပြီးနောက် Windows Settings ကို click ပါ ပြီးနောက် Security Settings ကို click ပါ ပြီးနောက်   Local Policies ကို click ပါ ပြီးနောက် Security Options ကို click ပါ ပြီးနောက်  box ရဲ့ ညာဘက်အပိုင်းမှာ Shutdown:    
Clear virtual memory page file ဆိုတဲ့ စာသားကို ရှာပါ တွေ့ရင် Disabled လား Enabled လားဆိုတာကို ကြည့်ပါ              Disabled ဆိုရင်တော့ ပြင်ထားပြီးသားပါ။ အကယ်လို့ Enabled ဖြစ်နေရင် Disabled ပြောင်းပေးရပါမည်။ Disabled ပြောင်း  ဖို့အတွက်ဆိုရင် အဲ့ဒီစာကြောင်းပေါ်မှာ Double Click နှိပ်ပါ  ပြီးရင် Disabled ကိုရွေးချယ်ပါ။ Ok ပေါ်လာပါကနှိပ်ပါ။ပြီး
နောက် ကွန်ပျူတာကို  Restart ချပေးပါ။ ဒါဆိုရင် အဆင်ပြေပါပြီခင်ဗျာ။
                                   အားလုံးအဆင်ပြေ ချောမွေ့ကြပါစေခင်ဗျား................................။

No comments:

Post a Comment