မြန်မာလူမျိုးများ အသိပညာ၊ အတတ်ပညာ တိုးတက်မြင့်မားစေရန် ရည်ရွယ်လျက်............................
Aug 4, 2011
Aug 3, 2011
ခေါင်းဆောင်ဂုဏ်ရည်
လောက၌ စန္ဒကူပင်သည် ခြောက်သွေ့သော်လည်း အနံ့ကိုမစွန့်။ ဆင်ပြောင်သည် စစ်မြေပြင်
သို့ရောက်သော်လည်း လူတို့၏မျက်မှောက်၌ တင့်တယ်ခြင်းကိုမစွန့်။ ကြံသည် ယန္တယားစက်၏ အ၀သို့
ရောက်သော်လည်း ချိုသောအရသာကို မစွန့်။ ပညာရှိသူတော်ကောင်းသည် ဆင်းရဲခြင်းသို့ရောက်သော်
လည်း သူတော်ကောင်းတရားကို မစွန့်သည်သာတည်း။
သီရီမဟာစတုရင်္ဂဗလအမတ်
ပန်းတိုင် SMART Goals
ရည်မှန်းချက်ပန်းတိုင်ကို အောက်ပါ (၅) ချက်ဖြင့် ရှင်းလင်းပါရစေ -
၁။ S = သင်အလိုရှိရာအပေါ်မှာ တစ်သီးတစ်သန့် Specific ဖြစ်ပါစေ။
၂။ M = ဖြစ်ထွန်းလာမည့်ရလဒ်များကို တိုင်းတာနိုင် Measure သည်ဆိုတာ သေချာပါစေ။
၃။ A = သင်၏ပန်းတိုင်သည် ရနိုင်၊ ရောက်နိုင်၊ ဆွတ်ခူးနိုင်သည် Achieveable ဟုစွဲမြဲထားရမည်။
၎။ R = သင်၏ ပန်းတိုင်သည် စီလျော်ဆက်စပ် Relevant ရမည်။
၅။ T = Time အချိန်ကိုက် လုပ်ဆောင်ရမည်။ ဘယ်အချိန် ဘယ်အခါမှာ ဘယ်ပန်းတိုင်ဆွတ်ခူးပြီးဖြစ်ရမည်။

ကျန်းမာရေးနှင့် မညီညွတ်သည့် အချက် (၈)ချက်
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်တွေ အနည်းဆုံး တစ်ခု၊ နှစ်ခုလောက်တော့ သင့်မှာ ရှိနေနိုင်ပါတယ်။ သင်သတိမထား မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင့်မှာ ဒီလို အမူအကျင့်တွေ ရှိနေရင်တော့ ဒီနေ့ကစပြီး ပြင်ဆင်လိုက်ပါ။
ခြေထောက်ချိတ်ထိုင်ခြင်း
ခြေထောက်နှစ်ချောင်းယှက်ပြီးထိုင်တာ စတိုင်ကျလှပပေမယ့် သင့်ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ခြေထောက်သွေးလှည့်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ခြေထောက် သွေးကြောထုံးခြင်း(Varicose Vein)ကို ဖြစ်စေနိုင်ပါတယ်။ ဒူးအထက်ကနေ ခြေထောက်ကိုချိတ်ပြီး ထိုင်မယ်ဆိုရင်တော့ သွေးကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုအဟန့်အတား ဖြစ်စေပါတယ်။ အကောင်းဆုံးကတော့ သင့်ခြေထောက် နှစ်ချောင်းကို ကြမ်းပေါ်တစ်ပြေးတည်း ချထားတာဟာ သင့်ခန္ဓာကိုယ် အလေးချိန်ကို ညီညီမျှမျှ ထိန်းထားပြီးသား ဖြစ်စေပါတယ်။
သွားပွတ်တံမလဲဘဲ ဆက်သုံးနေခြင်း
သွားပွတ်တံတစ်ချောင်းကို ကြာရှည်သုံးစွဲတာ မကောင်းပါဘူး။ သုံးလကို တစ်ချောင်းလဲ သုံးပေးပါ။ ပျက်စီးသွားတဲ့ သွားပွတ်တံရဲ့အမျှင်လေးတွေက သင့်သွားရဲ့ကြွေလွှာနဲ့ သွားဖုံးကို ပျက်စီးစေတာကြောင့်ပါ။ သွားဖုံးနဲ့ ပတ်သက်တဲ့ ရောဂါတစ်ခုခု ဖြစ်ပွား နေချိန် မှာ အချိန်တစ်လ-တစ်လခွဲလောက်ကြာတိုင်း သွားပွတ်တံ တစ်ချောင်းလဲသုံးပေးပါ။ သင့်သွားပွတ်တံ အချောင်းတွေထဲမှာ ဘက်တီးရီးယားပိုးတွေ ရှင်သန်ခိုအောင်း နိုင်တာကြောင့်ပါ။ သွားဖုံးရောဂါက ကောင်းသွားတာနဲ့ သွားပွတ်တံ အသစ် တစ်ချောင်း လဲသုံးဖို့နဲ့ သွားတိုက်ပြီးတဲ့ အခါတိုင်း သွားပွတ်တံကို ရေနွေးနဲ့ဆေးကြောဖို့ မမေ့ပါနဲ့။
မကြာခဏ အပြင်ထွက်စားခြင်း
စားသောက်ဆိုင် အများစုဟာ လာရောက်စားသုံးသူတွေ ခံတွင်းတွေ့အောင် စီမံချက် ပြုတ်တတ်ကြပါတယ်။ အဲဒီလို ချက်ပြုတ်တဲ့အခါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဟင်းခတ်မှုန့်တွေ ပမာဏများများ ထည့်သွင်းချက်ပြုတ်ပြီး စားသုံးသူတွေကို ဆွဲဆောင်တတ် ပါတယ်။ တချို့စားသောက်ဆိုင် တွေမှာတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကို ရွေးချယ်စားသောက်လို့ ရနိုင်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို မရွေးချယ်တတ်ခဲ့ရင် အိမ်မှာ ချက်ပြုတ်စားတာက သင့်ကျန်းမာရေးအတွက် အသင့်တော်ဆုံးပါ။
မနက်စာ မစားဘဲနေခြင်း
မနက်စာက သင့်တစ်နေ့တာ အတွက် အကောင်းဆုံး လိုအပ်ချက်ပါ။ သင်စားလိုက်တဲ့ မနက်စာကရတဲ့ ကယ်လိုရီကို သင့်ခန္ဓာကိုယ်က တစ်နေ့တာ အသုံးပြုမယ့် စွမ်းအင်တွေရအောင် ဖြိုခွဲပေးပါတယ်။ ဒါကြောင့် အစားအစာနဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းချုပ်နေသူတွေ အနေနဲ့ မနက်စာမစားဘဲ နေတာမျိုး မလုပ်သင့်ပါဘူး။
ဒေါက်မြင့်ဖိနပ် စီးခြင်း
သေးသွယ်တဲ့ ဒေါက်မြင့်ဖိနပ် လှလှလေးတွေက သင့်ရဲ့ ကိုယ်နေဟန်ထားကို လှပစေပေမယ့် သင့်ခါးအတွက် အန္တရာယ်ရှိပါတယ်။ လမ်းများများ လျှောက်ရတဲ့နေ့တွေနဲ့ သင့်အလုပ်များတဲ့ နေ့တွေမှာတော့ ဒေါက်မြင့်ဖိနပ် စီးတာ မသင့်တော်ပါဘူး။ ဒေါက်မြင့်ဖိနပ်လေး စီးပြီး ပွဲတတ်တာမျိုးလောက်ကတော့ သင့်ခါးကို မထိခိုက်စေနိုင်ပါဘူး။
ဆိုဖာပေါ်မှာ အိပ်ခြင်း
ကြမ်းပြင်ပေါ်မှာ အိပ်မယ့်အစားမွေ့ရာနဲ့ ခုတင်ပေါ်မှာအိပ်ပေးပါ။ တကယ်လို့ သင့်မှာ စပရင်ခုတင် အဟောင်းကြီးရှိနှင့်ပြီး၊ အသစ်မဝယ်ချင်သေးဘူး ဆိုရင်တော့ ခုတင်ပေါ်မှာ အထပ်သား သစ်သားပြားခံပါ။ သစ်သားပြားပေါ်မှာ မွေ့ရာထပ်တင်အိပ်ပါ။ မွေ့ရာက ဟောင်းနွမ်းပြီး ပြားကပ်နေရင်တော့ မအိပ်သင့်ပါဘူး။ အသစ်လဲပေးပါ။ ဆိုဖာခုံတွေပေါ်မှာလည်း အချိန်ကြာကြာ ထိုင်မနေသင့်ပါဘူး။
ခေါင်းအုံးထူထူပေါ် အိပ်ခြင်း
လူအများစုက ခေါင်းအုံးထူထူတွေနဲ့ အိပ်တာကို နှစ်သက်ကြပါတယ်။ သင်ရဲ့ လည်ပင်း၊ ခါးနဲ့ ကိုယ်နေဟန်ထားတွေအတွက် မသင့်တော်ပါဘူး။ သင်အိပ်စက် အနားယူဖို့ တကယ်လိုအပ်တာက မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးပါ။ အဲဒီခေါင်းအုံးက အသုံးပြုတာများလို့ မှို့တွေပိပြားပြီး နဂိုခေါင်းအုံး ပုံသဏ္ဌာန် မဟုတ်တော့ဘဲ ပြောင်းသွားရင် မသုံးသင့်တော့ပါဘူး။ အသစ်တစ်လုံးလဲပေးပါ။ သင်ဟာ မှောက်အိပ်တတ်သူဖြစ်ရင်တော့ ခေါင်းအုံးပါးပါးတစ်လုံးနဲ့ အိပ်ပေးပါ။ ပက်လက် အနေအထားနဲ့ အိပ်တတ်တဲ့လူ ဖြစ်ရင်တော့ မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးနဲ့ အိပ်ပေးပါ။ ဒါမှ သင့်လည်ပင်းအတွက် အထောက်အကူ ဖြစ်စေမှာပါ။
လေ့ကျင့်ခန်း မလုပ်ခြင်း
လေ့ကျင့်ခန်းလုပ်တာ ကောင်းတယ်လို့ သိထားပေမယ့် သင်တကယ် လုပ်ဖြစ်ပါရဲ့လား။ ရောဂါဖြစ်လာမယ့် အချိန်ကိုစောင့်မနေပါနဲ့။ သင်ရဲ့ အမူအကျင့်တွေကို ဒီနေ့ပဲ စတင်ပြောင်းလဲလိုက်ပါ။ မာရသွန်ပြေးရလောက်အောင် မလိုအပ်ပါဘူး။ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ကို၃-၄ ရက်လောက် လမ်းလျှောက်ပေးပါ။ အကျင့်ရလာတဲ့အခါ တစ်နေ့ကို မိနစ်၎ဝ လောက်နဲ့ တစ်ပတ် ၄ ရက်လောက် အချိန်ထပ်တိုးပြီး လေ့ကျင့်ပေးပါ။
ငွေရှိတိုင်းမဖြစ်တဲ့ လောက
လောကမှာငွေရှိရင် ဘာမဆိုဖြစ်တယ်လို့ ထင်နေကြသူတွေအတွက်…
အောက်ကအချက်(၂၀)ကို ဖတ်ကြည့်ပေးပါ…………။
1. ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို မင်းဝယ်လို့ရလိမ့်မယ်၊
စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။
2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို မင်း ဝယ်လို့ရလိမ့်မယ်၊
ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။
3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို မင်း ဝယ်နိုင်လိမ့်မယ်၊
မေတ္တာတရား (Love) ကို ဝယ်လို့မရဘူး။
4. ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကို မင်းဝယ်လို့ရလိမ့်မယ်၊
ကျန်းမာခြင်း (Health) ကို ဝယ်လို့မရဘူး။
5. ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကို
မင်းဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကို ဝယ်လို့မရဘူး။
6. ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကို မင်းဝယ်လို့ရလိမ့်မယ်၊
ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ် (Home) ကို ဝယ်လို့မရဘူး။
7. ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကို မင်းဝယ်နိုင်လိမ့်မယ်၊
ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကို ဝယ်လို့မရဘူး။
8. ပိုက်ဆံပေးပြီး အရေးပါတဲ့ နေရာတစ်နေရာ (Position) ကို မင်းဝယ်လို့ရလိမ့်မယ်၊
လေးစားမှု (Respect) ကို ဝယ်လို့မရဘူး။
9. ပိုက်ဆံပေးပြီး ဖိတ်ဖိတ်တောက်နေတဲ့ အဖိုးတန် ပစ္စည်းတွေ (Glitter)ကို မင်းဝယ်လို့ရလိမ့်မယ်၊
လှပ တင့်တယ်မှု (Beauty) ကို ဝယ်လို့မရဘူး။
10. ပိုက်ဆံပေးပြီး နာရီ (Clock) ကို မင်း ဝယ်လို့ရလိမ့်မယ်၊
အချိန် (Time) ကို ဝယ်လို့မရဘူး။
11. ပိုက်ဆံပေးပြီး ဂြိုဟ်တုတစ်လုံး (Satellite) ကို မင်း ဝယ်လို့ရလိမ့်မယ်၊
နည်းပညာ (Technique) ကို ဝယ်လို့မရဘူး။
12. ငွေကြောင့် အသိအကျွမ်းတွေ အများကြီး (Acquaintances) မင်း ဖန်တီးနိုင်လိမ့်မယ်၊
မိတ်ဆွေစစ်တွေ (Friends) ကို ဝယ်လို့မရဘူး။
13. ငွေကြောင့် အချွေအရံတွေ အများကြီး (Servant) မင်း ထားနိုင်လိမ့်မယ်။
သစ္စာရှိမှု (Faithfulness) ကို ဝယ်လို့မရဘူး။
14. အနားယူချိန်တွေ၊ အားလပ်ချိန်တွေ (Leisure) ကို မင်း ဝယ်လို့ရချင် ရလိမ့်မယ်။
ငြိမ်းချမ်းခြင်း (Peace) ကို ဝယ်လို့မရဘူး။
15. အဖြစ်ပျက် ဟောင်းတွေကိုသတိမရအောင် ခေတ်သစ် တစ်ခု (New Age) ကို မင်း ဝယ်နိုင်လိမ့်မယ်၊
လုံးဝ မေ့ပျောက်ခြင်း (forgets) ကို ဝယ်လို့မရဘူး။
16. ငွေပုံပေးပြီး လူသတ်ခိုင်းလို့ရတယ်၊
အသက်တစ်ချောင်းကို ငွေပုံပေးပြီး ပြန်ရှင်အောင်လုပ်လို့မရဘူး။
17. ငွေပုံပေးပြီး အရှက်ကွဲအောင် လုပ်လို့ရတယ်၊
အရှက်တကွဲ အကျိုးနည်း ဖြစ်သွားပြီးရင်တော့ ငွေပုံပေးပြီး သိက္ခာဆည်လို့မရဘူး။
18. ငွေပုံပေးပြီး မလုပ်ဖြစ်အောင် မင်း တားနိုင်လိမ့်မယ်၊
လုပ်ပြီးသွားရင်တော့ ပကတိအတိုင်းဖြစ်အောင် ပြန်ကာလို့မရဘူး။
19. ငွေပုံပေးပြီး အကောင်းပြောခိုင်းလို့ ရလိမ့်မယ်၊
အကောင်းမြင်ခိုင်းလို့မရဘူး။
20. လောကတွင် ငွေရလျှင် ဘာမဆိုလုပ်မည်၊ အရာအားလုံး ရင်းနိုင်သည်ဟူသောသူ နှစ်မျိုးသာရှိတယ်။
(1) တစ်မျိုးမှာ မွေးကတည်းက သူများသုံးသလို မသုံးရပဲ သူများသုံးသလို သုံးချင်သူ။
(2) အသိပညာ နှင့် အတတ်ပညာ နည်းပါးပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စားချင်သူ။

ထမင်းစားပြီး ရှောင်ကြဉ်သင့်သောအချက်များ
မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး
နေ့စဉ်ထမင်းစားနေကြသည်ဖြစ်ရာ ထမင်းစားပြီး
ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန်
ဖော်ပြလိုက်ရပါသည်။
(၁) ဆေးလိပ်မသောက်ပါနှင့်။
ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမ်းစားပြီး
စီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက်
ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန်
အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။
(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။
ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ်
လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက
ထမ်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ
တစ်နာရီအလိုတွင်သာစားသုံးသင့်သည်။
(၃)လက်ဖက်ရည်မသောက်ပါနှင့်။
လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည်
ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို
မာကျောစေသည့်အတွတ်အစာချေရန်
အခက်ခဲဖြစ်စေသည်။
(၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။
ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း
(တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ
အူကိုခေါက်စေသည်။
(၅) ရေမချိုးပါနှင့်။
ထမ်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့်
ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို တိုးပွားစေပြီး
အစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏလျော့ကျသွားသည့်အတွက်
ကျွနိုပ်တို့အစာအိမ်ရှိ အစာချေစနစ်ကို အားနည်းသွားစေသည်။
(၆) လမ်းမလျှောက်ပါနှင့်။
လူအများကပြောနေကြသည်မှာ ထမ်းစားပြီးလမ်းလျှောက်ခြင်းသည်
ခြေလမ်းပေါင်းတစ်ရာလမ်းလျှောက်ခြင်းနှင့်ညီမျှပြီး အသက်(၉၉)
နှစ်အထိ အသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို
ကြားဖူးပါသည်။
တစ်ကယ်တော့ ထိုသို့ပြုလိုပ်ခြင်းကြောင့် အစာချေစနစ်သည်
ကျွန်ုပ်တို့စားသုံးလိုက်သော အစာအေဟာရများကို စုပ်ယူရန်
အခက်ခဲဖြစ်သွားပါသည်။
ထို့ကြောင့်ထမ်းစားပြီးလမ်းမလျှောက်ပါနှင့်။
(၇) ချက်ချင်းမအိပ်ပါနှင့်
ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့်
ကျွန်ုပ်တို့စားသုံးလိုက်သောအစာများသည်
ကောင်းစွာအစာမကျေနိုင်တော့ပေ။

အိမ်ထောင်သည်၏ ခရီးလမ်း
ပျော်စရာကောင်းသည့် ခိုင်မြဲသောအိမ်ထောင်တစ်ခု ဖြစ်ရန်အတွက်
နှစ်ဦးစလုံးတွင် တာဝန်ရှိပါသည်။ ခင်ပွန်းသည်အမျိုးသားများသည် အောက်ပါ
အချက်များကို မပြုလုပ်မိရန် အရေးကြီးပါသည် -
(က) အမိန့်ပေးသကဲ့သို့ အမြဲပြောဆိုဆက်ဆံခြင်း။
(ခ) ဆေးလိပ်ပြာများကို အိမ်အနှံ့ကြမ်းပြင်၊ ခုံ၊ စားပွဲများအပေါ်သို့ စည်း
ကမ်းမဲ့ ချွေချခြင်း။
(ဂ) ကြိုတင်မပြောဘဲ အိမ်သို့ တစ်ဦးတစ်ယောက်အား ထမင်းစားခေါ်လာ
ခြင်း။
(ဃ) မိမိဇနီးပြောနေသော အကြောင်းအရာတစ်ခု မပြီးဆုံးမီ မိမိပြောလိုသည့်
အရာကို ပြောခြင်း။
(င) အခြားသူများရှေ့တွင် မိမိ၏ဇနီးကို ဝေဖန်ပြောဆိုခြင်း။
(စ) မိမိဇနီး၏ ချက်ပြုတ်မှုကို အခြားသူ၏ ဇနီးများနှင့် နှိုင်းယှဉ်ပြောဆိုအပြစ်
တင်ခြင်း။
(ဆ) ဇနီးသည် တန်ဖိုးထားမှုများကို မလေးစားခြင်း။
(ဇ) လက်ထပ်သည့်နေ့ရက်ကို အမှတ်မထားခြင်း။
(ဈ) ပစ္စည်းများကို နေသားတကျ ပြန်မထားဘဲ လက်လွတ်စပယ်ထားခြင်း။
ဇနီးသည်ကလည်း အောက်ပါအချက်များကို မပြုလုပ်မိရန် သတိထား
ရပါမည် -
(က) လက်ကြောတင်းအောင် အလုပ်မလုပ်ဘဲမင်းသမီးကဲ့သို့နေထိုင်ခြင်း
နှင့်အခြားသူကို တစ်ချိန်လုံး အပြစ်ရှာပြောဆိုခြင်း။
(ခ) အတင်းအဖျင်းပြောဆိုခြင်း။ အခြားသူ၏ ကိုယ်ရေးကိုယ်တာ လုပ်ငန်း
ဆိုင်ရာ ကိစ္စများကို အတင်းပြောဆိုခြင်း။
(ဂ) နောက်ကျစွာအိမ်ပြန်တတ်ခြင်း
(ဃ) သပ်ရပ်စွာ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုမရှိခြင်း။
(င) ခင်ပွန်းသည် စကားပြောစဉ် စကားပြီးသည်အထိ မစောင့်ဆိုင်းဘဲဖြတ်
၍ပြောခြင်း။
(စ) မိမိ၏ ကလေးများအကြောင်းသာ အစဉ်အမြဲ ရှေ့တန်းတင်ပြောဆိုနေ
ခြင်း။
(ဆ) မိမိ၏ ဆွေမျိုးများကို အိမ်လုံးပြည့် အမြဲခေါ်ထားခြင်း။ မိခင်အိမ်သို့ မ
ကြာခဏအလည်ပြန်ခြင်း။
(ဇ) ခင်ပွန်းသည်၏ သူငယ်ချင်းများကို မနာလိုခြင်း။ လုပ်ငန်းခွင်တွင် သုံးရ
သော အချိန်များကို မကျေမနပ်ဖြစ်ခြင်း။
(ဈ) ခင်ပွန်းသည်ကို အသိမပေးဘဲ သာရေး/နာရေးကိစ္စများ သွားခြင်း။
(ည) ဇနီးသည်မှာ ၀န်ထမ်းမဟုတ်သဖြင့် လက်အောက်ဝန်ထမ်းများကို အမိန့်
ပေးစေခိုင်ခြင်းမပြုရပါ။ အမိန့်တစ်ခုသည် ၎င်း၏ ခင်ပွန်း၏ အမိန့်သာ
ဖြစ်ရပါမည်။
(ဋ) အခမ်းအနား တွင်လွန်ကျွံစွာ ၀တ်စားဆင်ယင်မှုမျိုး ပြုလုပ်ခြင်း။
ခင်ပွန်းနှင့်ဇနီးသည် တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစားရပါ
မည်။ တစ်ဦးကိုတစ်ဦး သေးသိမ်အောင် မည်သည့်အခါမျှ မပြုလုပ်ရ။ တစ်ဦး
နှင့်တစ်ဦး ပြေလည်မှုမရှိသည့် အခါများတွင်လည်း နှစ်ဦးတည်းရှိနေချိန်တွင်
သာ ဖြေရှင်းသင့်ပါသည်။ ကလေးများ၊ လက်အောက်ဝန်ထမ်းများ၏ အရှေ့
တွင် ကတောက်ကဆ မဖြစ်သင့်ပေ။ ခင်ပွန်နှင့်ဇနီး နှစ်ဦးလုံးသည် အိမ်ထောင်
မပြုကြမီ အချိန်အခါတုန်းက ကဲ့သို့ပင် သပ်ရပ်စွာ ၀တ်စားဆင်ယင် နေထိုင်
သင့်ပါသည်။ အိမ်ထောင်ရှင်များ ဖစ်သွားသည်နှင့်ကပိုကရိုဝတ်စားနေထိုင်
ခြင်း မပြုသင့်ပေ။

Length-အလျားအတိုင်းအတာများ
METRIC စံနစ် ENGLISH စံနစ်
10 မီလီမီတာ(mm) = 1 စင်တီမီတာ(cm) 4 လက်မ = 1 မိုက် (hand)
10 စင်တီမီတာ = 1 ဒက်ဆီမီတာ(dm) 12 လက်မ = 1 ပေ (ft)
10 ဒက်ဆီမီတာ = 1 မီတာ(m) 3 ပေ = 1 ကိုက် (yd)
10 မီတာ = 1 ဒက်ကာမီတာ(Dm) 22 ကိုက် = 1 သံကြိုး (ch)
10 ဒက်ကာမီတာ = 1 ဟက်တိုမီတာ(Hm) 10 သံကြိုး = 1 ဖာလုံ (flr)
10 ဟက်တိုမီတာ = 1 ကီလိုမီတာ(Km) 8 ဖာလုံ = 1 မိုင် (M)
10 ကီလိုမီတာ = 1 မီရီယာမီတာ(Mm) 3 မိုင် = 1 လီဂဲ
100 မီရီယာမီတာ = 1 မက်ဂါမီတာ 5280 ပေ = 1 မိုင်
1760 ကိုက် = 1 မိုင်
6860 ပေ = 1 မိုင် (ရေမိုင်)
1 cm(စင်တီမီတာ) = 0.3937 in (လက်မ) = 0.0328 FTS (ပေ)
1 m(မီတာ) = 39.37 in = 1.0936 YDS
1 KILOMETER = 0.6217 MILES = 3280 FTS
1 MILE = 1.6093 KILOMETER
0.001 in = 0.025 mm
1 mm = 0.039 in
စင်တီမီတာ -------- လက်မ х 0.39
မီတာ -------- ပေ х 3.281

Aug 2, 2011
Metric System Prefixes
MEGA သည်အကြိမ်တစ်သန်း DECI သည်ဆယ်စိတ် 0.1
KILO သည်အကြိမ်တစ်ထောင် CENTI သည်ရာစိတ် 0.01
HECTO သည်အကြိမ်တစ်ရာ MILLI သည်ထောင်စိတ် 0.001
DEKA သည်အကြိမ်တစ်ဆယ် MICRO သည်သန်းစိတ် 0.00001

Aug 1, 2011
မြန်မာရွှေအလေးချိန်
၂- ရွေးကလေး = ၁ ရွေးကြီး
၎- ရွေးကြီး = ၁ ပဲသား
၂-ပဲသား = ၁ မူး
၂-မူးသား = ၁ မတ်
၂-မတ် = ၁ ငါးမူး
၂-ငါးမူး = ၁ ကျပ်
၂-ငါးမူး = ၁၆ ပဲသား
ကျပ် ၁၀၀ = ၁ ပိဿာ
၁ ပိဿာ = ၃.၆ ပေါင်
၁ ပိဿာ = ၁.၆၃၂၉၃၃ ကီလိုဂရမ်
၁ ကျပ်သား = ၀.၅၇၆ အောင်စ
၎- ရွေးကြီး = ၁ ပဲသား
၂-ပဲသား = ၁ မူး
၂-မူးသား = ၁ မတ်
၂-မတ် = ၁ ငါးမူး
၂-ငါးမူး = ၁ ကျပ်
၂-ငါးမူး = ၁၆ ပဲသား
ကျပ် ၁၀၀ = ၁ ပိဿာ
၁ ပိဿာ = ၃.၆ ပေါင်
၁ ပိဿာ = ၁.၆၃၂၉၃၃ ကီလိုဂရမ်
၁ ကျပ်သား = ၀.၅၇၆ အောင်စ
ပါဠိစာလုံးဆင့် များဖတ်တတ်စေရန် ရည်ရွယ်လျက်
ပါဠိစာလုံးဆင့်ဖတ်နည်းရှင်းတမ်း
၁။ နှစ်လုံးဆင့်မှာ၊ အထက်သာ၊ သတ်ပါမြဲဧကန်၊
၂။ သဝေလည်းထိုး၊ တ - သတ်မျိုး၊
ဖတ်ရိုး စ - သတ်သံ၊
၃။ သဝေလည်းထိုး၊ န- သတ်မျိုး၊
ဖတ်ရိုး င - သတ်သံ၊
၎။ သဝေရေးချ၊ သတ်မြင်က၊
မှတ်ကြ ၀ - ဆွဲသံ၊
၅။ ဟထိုး ၀ဆွဲ၊ ရရစ် ယပင်း၊ တွေ့လျင်းက၊
နှစ်ဝတာဝန်၊ ကျေပွန် စေရန်၊
အသံ အသတ် ယူမြဲမှတ်။
၁။ အဓိပ္ပာယ်မှာ---အက္ခရာ ၂- လုံးဆင့်တွေ့လျှင် အပေါ်တွင်ရှိသော အထက်အက္ခရာကို အသတ်တင်
၍ဖတ်၊ အသံသေပြီ၊ ရှေ့အက္ခရာ နှင့်တွဲ၍ ဖတ်ရမည်။
ဥပမာ---သမန္တာ = သမန်တာ
၂။ အဓိပ္ပာယ်မှာ---သဝေထိုးနှင့်တွဲသော တ - သတ်ကို စသတ် အသံ ထွက်၍ ဖတ်ရမည်။
ဥပမာ---မေတ္တာ = မေတ်တာ(မစ်တာ ဟုဖတ်)
(မှတ်ချက် ။ ။ သဝေထိုးကို ပါဠိ၌ ဧ - သရဟု ခေါ်သည်။)
၃။ အဓိပ္ပာယ်မှာ---သဝေထိုးနှင့်တွဲသော န - သတ်ကို င သတ် အသံ ထွက်၍ဖတ်ရမည်။
ဥပမာ---ပူရေ န္တံ = ပူရေန်တံ(ပူရင်တံ ဟုဖတ်)
၎။ အဓိပ္ပာယ်မှာ---သဝေထိုးရေးချကို ၀ဆွဲသံထွက်၍ ဖတ်ရမည်။
ဥပမာ---ဟောန္တု = ဟောန်တု(ဟွန်တုဟုဖတ်)
(မှတ်ချက် ။ ။ သဝေထိုးရေးချကို ပါဠိ၌ သြ - သရဟုခေါ်သည်။)
၅။ အဓိပ္ပာယ်မှာ---ဟထိုး ၀ဆွဲ ရရစ် ယပင့် အက္ခရာစာလုံးများနှင့် တွဲသော အက္ခရာသည် အသတ်တာဝန်
ကိုလည်း ယူရသည်၊ မိမိ၏ မူလဗျည်းအသံလည်း ထွက်ရသည်။
ဥပမာ--- အမှ = အမ်မှ
ဤပြယုဂ်တို့၌ ဟထိုးနှင့်တွဲသော မ၊ ဏ၊ န - အက္ခရာတို့သည် အသတ်တာဝန်ကိုလည်း ယူရသည်၊ မိ
မိ၏ မူလဗျည်းအသံလည်း ထွက်ရမည်၊ အသတ်နှင့်အသံတာဝန် ၂ - မျိုးကို ယူထားသည်။
သကျ = သက်ကျ
ဤပြယုဂ်တို့၌ ယပင့်နှင့်တွဲသော ကနှင့်သတို့သည် အသတ်နှင့် အသံတာဝန် ၂ - မျိုးကိုယူထားသည်။
စကြာ = စက်ကြာ
ဤပြယုဂ်တို့ ၌ရရစ်နှင့်တွဲသော ကနှင့်တ အက္ခရာတို့သည် အသတ်နှင့် အသံတာဝန် ၂ - မျိုးကိုယူထား
သည်။
ကတွာ = ကတ်တ၀ါ
ဤပြယုဂ်တို့၌ ၀ - ဆွဲနှင့်တွဲသော တ - အက္ခရာတို့သည် အသတ်နှင့် အသံတာဝန် ၂ - မျိုးကို ယူထား
(မှတ်ချက် ။ ။ ဟထိုးသည် ဟ ၊ ယပင့်သည် ယ၊ ရရစ် သည် ရကောက် ၊ ၀ဆွဲသည် ၀ - အက္ခရာ၏ကိုယ်
စားလှယ်ဟု အသီးသီးမှတ်။)

Jul 30, 2011
Subscribe to:
Posts (Atom)