ပါဠိစာလုံးဆင့်ဖတ်နည်းရှင်းတမ်း
၁။ နှစ်လုံးဆင့်မှာ၊ အထက်သာ၊ သတ်ပါမြဲဧကန်၊
၂။ သဝေလည်းထိုး၊ တ - သတ်မျိုး၊
ဖတ်ရိုး စ - သတ်သံ၊
၃။ သဝေလည်းထိုး၊ န- သတ်မျိုး၊
ဖတ်ရိုး င - သတ်သံ၊
၎။ သဝေရေးချ၊ သတ်မြင်က၊
မှတ်ကြ ၀ - ဆွဲသံ၊
၅။ ဟထိုး ၀ဆွဲ၊ ရရစ် ယပင်း၊ တွေ့လျင်းက၊
နှစ်ဝတာဝန်၊ ကျေပွန် စေရန်၊
အသံ အသတ် ယူမြဲမှတ်။
၁။ အဓိပ္ပာယ်မှာ---အက္ခရာ ၂- လုံးဆင့်တွေ့လျှင် အပေါ်တွင်ရှိသော အထက်အက္ခရာကို အသတ်တင်
၍ဖတ်၊ အသံသေပြီ၊ ရှေ့အက္ခရာ နှင့်တွဲ၍ ဖတ်ရမည်။
ဥပမာ---သမန္တာ = သမန်တာ
၂။ အဓိပ္ပာယ်မှာ---သဝေထိုးနှင့်တွဲသော တ - သတ်ကို စသတ် အသံ ထွက်၍ ဖတ်ရမည်။
ဥပမာ---မေတ္တာ = မေတ်တာ(မစ်တာ ဟုဖတ်)
(မှတ်ချက် ။ ။ သဝေထိုးကို ပါဠိ၌ ဧ - သရဟု ခေါ်သည်။)
၃။ အဓိပ္ပာယ်မှာ---သဝေထိုးနှင့်တွဲသော န - သတ်ကို င သတ် အသံ ထွက်၍ဖတ်ရမည်။
ဥပမာ---ပူရေ န္တံ = ပူရေန်တံ(ပူရင်တံ ဟုဖတ်)
၎။ အဓိပ္ပာယ်မှာ---သဝေထိုးရေးချကို ၀ဆွဲသံထွက်၍ ဖတ်ရမည်။
ဥပမာ---ဟောန္တု = ဟောန်တု(ဟွန်တုဟုဖတ်)
(မှတ်ချက် ။ ။ သဝေထိုးရေးချကို ပါဠိ၌ သြ - သရဟုခေါ်သည်။)
၅။ အဓိပ္ပာယ်မှာ---ဟထိုး ၀ဆွဲ ရရစ် ယပင့် အက္ခရာစာလုံးများနှင့် တွဲသော အက္ခရာသည် အသတ်တာဝန်
ကိုလည်း ယူရသည်၊ မိမိ၏ မူလဗျည်းအသံလည်း ထွက်ရသည်။
ဥပမာ--- အမှ = အမ်မှ
ဤပြယုဂ်တို့၌ ဟထိုးနှင့်တွဲသော မ၊ ဏ၊ န - အက္ခရာတို့သည် အသတ်တာဝန်ကိုလည်း ယူရသည်၊ မိ
မိ၏ မူလဗျည်းအသံလည်း ထွက်ရမည်၊ အသတ်နှင့်အသံတာဝန် ၂ - မျိုးကို ယူထားသည်။
သကျ = သက်ကျ
ဤပြယုဂ်တို့၌ ယပင့်နှင့်တွဲသော ကနှင့်သတို့သည် အသတ်နှင့် အသံတာဝန် ၂ - မျိုးကိုယူထားသည်။
စကြာ = စက်ကြာ
ဤပြယုဂ်တို့ ၌ရရစ်နှင့်တွဲသော ကနှင့်တ အက္ခရာတို့သည် အသတ်နှင့် အသံတာဝန် ၂ - မျိုးကိုယူထား
သည်။
ကတွာ = ကတ်တ၀ါ
ဤပြယုဂ်တို့၌ ၀ - ဆွဲနှင့်တွဲသော တ - အက္ခရာတို့သည် အသတ်နှင့် အသံတာဝန် ၂ - မျိုးကို ယူထား
(မှတ်ချက် ။ ။ ဟထိုးသည် ဟ ၊ ယပင့်သည် ယ၊ ရရစ် သည် ရကောက် ၊ ၀ဆွဲသည် ၀ - အက္ခရာ၏ကိုယ်
စားလှယ်ဟု အသီးသီးမှတ်။)

No comments:
Post a Comment