Aug 12, 2011

မှတ်သားလိုက်နာကျင့်ကြံအပ်သော............

အောင်မြင်ကြီးမြတ်စေသော အဓိပဓိတရားလေးပါး

၁။ ၀ီရိယာဓိပဓိ
     ထက်သန်ပြင်းပြသော လုံ့လရှိခြင်း

၂။ ဆန္ဒာဓိပဓိ
     ထက်သန်ပြင်းပြသော ဆန္ဒရှိခြင်း

၃။ စိတ္တာဓိပဓိ
     ထက်သန်ပြင်းပြသော စိတ်ဓာတ်ရှိခြင်း

၎။ ပညာဓိပဓိ
     ပြည့်စုံလုံလောက်သော ဥာဏ်ပညာအမြော်အမြင်ရှိခြင်း 



ဣဒ္ဓိပါဒ်လေးပါး

၁။ ခိုင်မာသောရည်မှန်းချက်ရှိရမည်။
၂။ မဆုတ်မနစ်ကြိုးပမ်းရမည်။
၃။ စိတ်ဓာတ်ခိုင်မာရမည်။
၎။ လုံလောက်သောဥာဏ်ပညာရှိရမည်။


ခွန်အားကြီးမားသောဗလငါးတန်

၁။ ကာယဗလ
     ကာယကြံ့ခိုင် ခံနိုင်ရည်ရှိ ကျန်းမာ
၂။ စာရိတ္တဗလ
     သီလဖြူစင် ကိုယ်ကျင့်တရားကောင်း
၃။ မိတ္တဗလ
     ပေါင်းသင်းဆက်ဆံရေး ခင်မင်လေးစားခံရ
၎။ ဥာဏဗလ
     ဗဟုသုတ အမြော်အမြင်ပြည့်ဝ
၅။ ဘောဂဗလ
     စုဆောင်းရှာဖွေ ပေးဝေ ကူညီတတ်


ရှိရန်အကြံပြုချက်လေးချက်

၁။ ကိုယ့်ကိုယ်ကိုယုံကြည်မှု             Self - confidence
၂။ မိမိကိုယ်ကိုထိန်းသိမ်းနိုင်ခြင်း     Self - control
၃။ မိမိကိုယ်ကိုသုံးသပ်ခြင်း             Self - criticism
၎။ မိမိကိုယ်ကိုပျိုးထောင်ခြင်း          Self - cultivation


လောကီကြီးပွားချမ်းသာစေသောအကြောင်းတရား (၇) ချက်

၁။ လုံ့လဥဿဟ ကြိုးစားမှုရှိရ
၂။ သတိရှိရ
၃။ အလုပ်အကိုင်သည် အပြစ်ကင်း
၎။ ရှေ့နောက်မြော်မြင် ဆင်ခြင်ပြီးလုပ်ဆောင်
၅။ ကိုယ်နှုတ်စိတ်များ အလိုမလိုက်ဘဲစောင့်စည်းထား
၆။ တရားသဖြင့် အသက်မွေးခြင်းဖြစ်ရ
၇။ ပေါ့ဆခြင်း၊ မေ့လျော့ခြင်းတို့မရှိစေရ
(ဓမ္မပဒ၊ အပ္ပမာဒ၀ဂ် (၂)၊ ကုမ္မဃောသက ဇာတ်မှ)

အထက်ပါ (၇) ချက်ကို ဆရာတော် အရှင်ကုမာရက ကဗျာလင်္ကာဖွဲ့ဆိုရေးသားတော်မူခဲ့သည်။

     လုံ့လလည်းထူ၊ သတိမူသား
     ဆင်ဖြူအလုပ်၊ ဆင်ခြင်လုပ်၍
     ကိုယ်နှုတ်စိတ်များ၊ စောင့်စည်းထားလျက်
     တရားသက်မွေး၊ ကင်းဝေမေ့လျော့၊ မပေါ့ဆမူ
     ထိုသူတို့မှာ၊ ဥစ္စာစီးပွား၊ ကြီးမားရာထူး
     ကျေးဇူးသတင်း၊ ကျော်စောခြင်းများ၊
     လွန်တိုးပွား၏။




စာတစ်စောင်ရေးနည်း

                 မည်သူမဆိုစာတစ်စောင်တော့ ရေးတတ်၏။ သို့သော် အကျိုးတရား အမှန်တကယ် ထိရောက်
သည့် ရုံးစာ၊ ကိုယ်ရေးစာ၊ ပေးစာတစ်စောင် ရေးတော့မည်ဆိုလျှင် လုပ်ထုံးလုပ်နည်း စနစ်ကျရမည်ဖြစ်၏။
စာတစ်စောင်ရေးနည်းတွင် ဆောင်ရွက်စဉ် Procedure (၉) ဆင့်ရှိပေသည်။

၁။ လေ့လာကြံဆ
၂။ မှတ်သမျှပြန်စဉ်
၃။ မဆိုင်လျှင်ပယ်ပစ်
၎။ တစ်ထက်မပို
၅။ ၀ါကျတို
၆။ ခေါင်းစဉ်ကိုမကျော်ငြား
၇။ ဘန်းစကားမသုံး
၈။ နိဂုံးတွင်မသစ်
၉။ ပြီးလျှင်စစ်ပါ ကောင်းသောစာ။
 
 

No comments:

Post a Comment