Jul 30, 2011

လောကနီတိများ

                                   တောင်းပန်သင့်သောအခါများ

                တောင်းပန်ပြောဆိုရမှုကို မည်သူမျှ မနှစ်သက်တတ်ကြပါ ။ သို့ရာတွင် အခြေအနေ အချိန်
အခါအပေါ်မူတည်၍ တောင်းပန်ရမည့်အခါ များလည်း ရှိပါသည်-
(က)   လက်ထပ်မင်္ဂလာဆောင်များ(သို့မဟုတ်) နေ့လည်စာ၊ ညစာဖိတ်ကြားခြင်းခံရသောအခါ နောက်
         ကျသင့်သည့် အချိန်ထက်ပို၍ နောက်ကျသွားပါက မင်္ဂလာသတို့သား၊ သတို့သမီး၏ မိဘ(သို့မ
         ဟုတ်) အိမ်ရှင်ဆီသို့ ဦးစွာသွားရောက်၍ အနူးအညွတ် တောင်းပန်ရပါမည်။
(ခ)     ဖိတ်ကြားခံရသောအချိန်ထက် အနည်းငယ်နောက်ကျပါက ခိုင်လုံသောအကြောင်းပြချက်ကောင်း
          တစ်ခုကိုပေး၍ တောင်းပန်ပါ။
(ဂ)    ချိန်းဆိုထားမှုတစ်ခုကို ပျက်ကွက်ပါက သင်နှင့် ချိန်းထားသူထံသို့ တယ်လီဖုန်းဖြင့်ဖြစ်စေ၊ စာတို
        ရေး၍ဖြစ်စေ၊ သင်ပျက်ကွက်ရသော အကြောင်းကို ရှင်းပြပါ။
(ဃ)   အခြားသူများ၏ မဖြစ်နိုင်သော တောင်းဆိုမှုကို အားနာ၍ မလိုက်လျော့ပါနှင့်။ ထိုသို့ မလိုက်လျော
        နိုင်ပါက သင် မလိုက်လျောနိုင်ကြောင်းကို ပြေလည်စွာရှင်းပြပါ။
(င)   မိမိကြောင့် ပစ္စည်းတစ်စုံတစ်ရာ ပျက်စီးသွားပါက ထိုပစ္စည်းကဲ့သို့သော ပစ္စည်းကို ပြန်၍အစားထိုး
        ပါ။ အစားထိုးရန် လုံးဝထပ်တူညီသောပစ္စည်းမရရှိနိုင်ပါက အလားတူ ပစ္စည်းတစ်ခုပြန်ပေး၍ မိမိ၏
        စိတ်မကောင်းကြောင်းကို အနူးအညွတ်တောင်းပန်၍ ရှင်းပြပါ။
(စ)    အခြားသူတစ်ဦးအား ကျော်လွှားသွားရန် လိုအပ်ပါက ခွင့်တောင်းပြီးမှ ကျော်သွားပါ။
(ဆ)  မိမိ၏ ပေါ့လျော့မှုကြောင့် သူတစ်ပါးအား နာကျင်သွားစေခြင်း၊ ထိခိုက်အနာတရဖြစ်ပွားစေခြင်းမျိုး
        ဖြစ်သွားပါက တောင်းပန်သည်ထက်ပို၍သူ၏ ခွင့်လွှတ်မှု၊ ကျေနပ်မှုကို ရရှိအောင် ကြိုးစားပါ။
(ဇ)   တယ်လီဖုန်းမဆက်သင့်သည့် ညအချိန်များတွင် တယ်လီဖုန်း နံပါတ်မှား နှိပ်မိပါက မှားယွင်းဆက်
        မိသွားသော အိမ်ကို တောင်းပန်ပါ။

No comments:

Post a Comment