Jul 23, 2011

လိုက်နာသင့်တဲ့အချက်လေးတွေပါ

၁။ ပန်းတိုင်ကို မျက်ခြည်အပြတ်မခံပါနှင့်
၂။ ရည်မှန်းချက် ပန်းတိုင်တွေ သတ်မှတ်ထားရှိပါ
၃။ ဒီလုပ်ငန်းအပေါ်မှာ အားကိုးပြုပြီး ဘ၀ကို တည်ဆောက်ဖို့ သင့်မသင့်လေ့လာဆန်းစစ်ပါ
၎။ လူတစ်ယောက်နှင့် မင်းလက်ပွန်တတီး အတူမနေဘဲအလုပ်တွဲလုပ်ဖို့ ရမှာမဟုတ်ဘူး
၅။ အာဏာရှိတဲ့ ဘ၀ဟာ မိန်းမပျိုလေးဘ၀နှင့် တူပါတယ်။ ပြောစရာရှိပေမယ့် ပြောသင့်မပြောသင့်မနည်း
    စဉ်းစားရတယ်
၆။ ရှုံးမှာကြောက်တဲ့လူဟာ ရှုံးကိုရှုံးတယ်
၇။ ကျွန်တော်ကိုယ်ထဲက အကောင်းဆုံးတွေထုတ်ယူနိုင်တဲ့ လူဟာ ကျွန်တော်ရဲ့အကောင်းဆုံး မိတ်ဆွေပါ
    ဘဲ
၈။ မင်းလုပ်နိုင်တဲ့ကိစ္စကို " မလုပ်နိုင်ဘူး " ဆိုတဲ့စကားက ၀င်ရောက်နှောင့်ယှက်ခွင့် မပေးလိုက်ပါနဲ့
၉။ အောင်နိုင်တာဟာ အလေ့အကျင့်တစ်ခုပါ ကံမကောင်း အကြောင်းမလှလို့သာ ဆုံးရှုံးမှုဖြစ်သွားရတာပါ
၁၀။ သူရဲဘောကြောင် သူတွေဟာဘယ်တော့မျှစံပြ ပုဂ္ဂိုလ်ဖြစ်မှာ မဟုတ်ပါဘူး
၁၁။ စီးပွားရေး ၊ လူမှုရေးနယ်ပယ်မှာ
      မိတ်ဆွေ ကြွယ်ဝဖို့ လိုတယ်။
      မိတ်ဆွေ ကောင်းရဖို့အရေးကြီးတယ်။
၁၂။ ငွေရှာဖို့ ပညာကို အသေအချာရအောင် လုပ်ရမယ်။ ခုအချိန်ဟာ ပညာခေတ်ဖြစ်သည်။
၁၃။ ဒီတော့  .....ထမင်း ၀၀ ၊ ဘ၀ လှလှနေနိုင်ဖို့ သုံးစားလို့ရတဲ့ အတတ်ပညာတစ်ခုခု
      ကျွမ်းကျွမ်း ကျင်ကျင် တတ်မှဖြစ်မယ်။
၁၄။ ကံကိုယုံပါ။ ဒါပေမဲ့ ဆူးပုံမနင်းပါနဲ့။ ကံစီမံတာ ငုတ်တုတ်ထိုင်ခံ မနေပါနဲ့လို့ မင်းသိအောင် ပြောချင်
      တယ်။
၁၅။ လုပ်အားနဲ့ငွေရှာတာ ချမ်းသာဖို့ ခဲယဉ်းတယ်။
      လုပ်အားကို အချိန်ကန့်သတ်ပြီး ရောင်းစားရတဲ့ သဘောဆိုတော့ ၀င်ငွေကလည်း အကန့်အသတ်ရှိ
      တယ်။ ဒါကြောင့် ငွေအများကြီးရဖို့ မလွယ်ဘူး။
၁၆။ ငွေနဲ့ အရင်းအနှီးပြုပြီးရှာတာက အလိုလိုနေရင်းငွေတိုးပွားတယ်။ အကန့်အသတ်မဲ့ ငွေဝင်နိုင်တယ်။
      အချိန်တို အတွင်းမှာ ချမ်းသာနိုင်တယ်။(မှတ်ချက်- ငွေတိုးချေးစားချင်းကို ဆိုလိုချင်းမဟုတ်ပါ)
၁၇။ ချမ်းသာခြင်း ၊ ဆင်းရဲခြင်းကတော့ ကံတရားပါပဲ အတတ်နိုင်ဆုံး ကြိုးစားဖို့က ကိုယ့်တာဝန်ပဲ။
၁၈။ စာများများဖတ်ပါ။ လိုက်နာဆောင်ရွက်ပါ။
      ကိုယ့်အတွက် အကျိုးရှိမယ့် စာတွေရှာဖတ်ပါ။
      စာအုပ်ဆိုင်သွား။ ကိုယ့်အတွက်အသုံးတည့်မယ်ထင်တာ တွေဝယ်။ မနှမြောနဲ့။
      စာအုပ် ၀ယ်ဖို့နှ မြောတဲ့သူဟာ အသိဥာဏ်တံခါးဖွင့်ဖို့ ၀န်လေးနေတဲ့သူနဲ့ တူတယ်။
၁၉။ အရှုံးဆိုတာ မလွဲမသွေ ရင်ဆိုင်ရမှာပဲလေ။
      အကောင်းဆုံး အရှုံးသမားဖြစ်အောင်ကြိုးစားရမယ်။ ပြီးခဲ့တဲ့အရှုံးကို သင်ခန်းစာယူပြီး နောက်တစ်ပွဲ
      မှာ အနိုင်ရအောင် အားမွေးရမယ်။ ဒါဟာ .... အရှုံးကို ရင်ဆိုင်ရတဲ့ လူတစ်ယောက်ရဲ့ ထားရှိရမယ့်
      စိတ်ဓါတ်ပဲ။
၂၀။ ဘယ်သူ့ကို မဆိုချိုသာစွာ ပြုံးပါ။ မေတ္တာနှင့်ပြုံးပါ။ မိမိအပြုံးကြောင့် တစ်ဖက်လူစိတ်ရွှင်လန်းပါစေ။
      မိမိ ရဲ့ မျက်နှာထားတင်းမာနေမှု ကြောင့်တစ်ဖက်သားအထင်မမှားပါစေနဲ့။
      အနေမခက်ပါစေနဲ့။ အဲ့ဒီလို စိတ်မျိုးထားပြီး ပြုံးပြုံးလေးနေကြည့်ပါ။
၂၁။ ယောက်ျားတစ်ယောက်ရဲ့ ဘ၀ကို အလုပ်က ပြဌာန်းထားတယ်။ အလုပ်အောင်မြင်ရင်အဲ့ဒီယောက်ျား
      အောင်မြင်တာပဲ။ အလုပ်ဆုံးရှုံးနိမ့်ကျသွားရင် သူ့ဘ၀လည်းပျက်တာပဲ။
၂၂။ ကိုယ်ကချေးငှါးရတဲ့ ဘ၀ဆိုရင်တော့ အတတ်နိုင်ဆုံး မချေးငှါးရအောင်ကြိုးစားပါ။ မလွှဲသာလို့ချေးငှါး
      ရရင် အမြန်ဆုံးပြန်ဆပ်ပါ။ နှစ်ရှည်လများမပေးဘဲ ထားရင်မိတ်ပျက်တတ်တယ်။
၂၃။ ကိုယ်က ပေးချေးရတဲ့သူ ဖြစ်ရင်လည်းအားနာပြီး တောင်းသမျှ အကုန်မပေးပါနဲ့။ ကိုယ်အဆုံးရှုံးခံနိုင်
      တဲ့ အတိုင်းအတာအထိပဲ ပေးပါ။ ပေးပြီးရင် ပြန်တောင်းဖို့အမှတ်မထားပါနဲ့။ ပြန်တောင်းလိုက်တာနဲ့
      မိတ်ပျက်တတ်ပါတယ်။
၂၄။ လူငယ်ဘ၀မှာ အပေါင်းအသင်းမမှားဖို့ သိပ်အရေးကြီးပါတယ်။ အပေါင်းအသင်းကြောင့် ဂုဏ်တက်
      သလို ၊ ဂုဏ်ပျက်တတ်သတဲ့။ မကောင်းတဲ့အပေါင်းအသင်းတွေနဲ့ ခပ်ကင်းကင်း နေနိုင်အောင်ကြိုးစား
      ပါ။
၂၅။ စာအုပ်များများဝယ် ငှားဖတ်တဲ့သူမျိုး ၊ ကိုယ့်အားကိုယ်ကိုး ကြိုးစားနေတဲ့သူတွေ ၊ ပညာကို အလေး
      ထားကြိုးစားနေတဲ့ သူ ၊ စိတ်စေတနာကောင်းပြီး ကူညီတတ်သူတွေ နဲ့ပေါင်းသင်းဆက်ဆံပါ။
၂၆။ ဘ၀ရှေ့ရေးနဲ့ပတ်သက်ပြီး ကြို မြင်ထားပြီး ကြိုပြင်ထားမှ တော်ကာကျတယ်။
၂၇။ ကိုယ့်ဘ၀ မှာအစစ အရာရာအဆင်ပြေဖို့အရေးအကြီးဆုံးအချက်ဟာ ဆက်ဆံရေး ကောင်းဖို့ဘဲ။

No comments:

Post a Comment