မြန်မာလူမျိုးများ အသိပညာ၊ အတတ်ပညာ တိုးတက်မြင့်မားစေရန် ရည်ရွယ်လျက်............................
Showing posts with label သိစေလို. Show all posts

Apr 9, 2012
Feb 4, 2012
ပြည်ထောင်စုအင်္ဂါစဉ်
၁။ နိုင်ငံတော်သမ္မတ
၂။ ဒုတိယသမ္မတ (၁)
၃။ ဒုတိယသမ္မတ (၂)
၎။ ပြည်သူ့လွှတ်တော်ဥက္ကဌ
၅။ အမျိုးသားလွှတ်တော်ဥက္ကဌ
၆။ ပြည်ထောင်စုတရားသူကြီးချုပ်
၇။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
၈။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဌ
၉။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ
၁၀။ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
၁၁။ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌ
၁၂။ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌ
၁၃။ ပြည်ထောင်စုဝန်ကြီးများ
၁၄။ ပြည်ထောင်စုရှေ့နေချုပ်
၁၅။ ပြည်ထောင်စုစာရင်းစစ်ချုပ်
၁၆။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌ
၁၇။ ၀န်ကြီးချုပ်များ
၁၈။ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)
၁၉။ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးများ
၂၀။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ
၂၁။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်များ
၂၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ
၂၃။ ဥပဒေကြမ်းကော်မတီ
၂၄။ ပြည်သူ့ငွေစာရင်းကော်မတီ
၂၅။ လွှတ်တော်အခွင့်အရေးကော်မတီ
၂၆။ အစိုးရအာမခံချက်များ၊ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ
၂၇။ တိုင်းမှူးများ
၂၈။ ဒုတိယ၀န်ကြီးများ
၂၉။ ဒုတိယရှေ့နေချုပ်
၃၀။ ဒုတိယစာရင်းစစ်ချုပ်
၃၁။ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊အဖွဲ့ဝင်များ
၃၂။ နေပြည်တော်ကောင်စီဝင်များ
၃၃။ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ
၃၄။ ကာကွယ်ရေးဝန်ကြီးဌာနမှညွှန်ကြားရေးမှူးများ

Feb 3, 2012
လူတိုင်းမှာအလားလာရှိတယ် (၄)
ADVERSITY causes some men to break, others to break records.
WiLLIAM ARTHUR WARD
ဘယ်လို လူစားလဲ
ပြဿနာ အခက်အခဲကို အကြောင်းပြုပြီး လူတချို့က ဦးကျိုးကျတယ်။ တချို့ကတော့ စံချိန်တွေ
ပါ ချိုးပြတယ်။
ဝီလျမ် အာသာ ၀ပ်ဒ်
YEARN to understand first and to be understood second.
BECA LEWIS ALLEN
ထက်သန်ပြင်းပြစိတ်
နားလည်ချင်စိတ် ပြင်းပြဖို့က ပထမ၊ နားလည်အောင် လုပ်ဖို့က ဒုတိယ။
ဘီကာ လူးဝစ် အယ်လန်
Success in getting what you want.
Happiness is liking what you get.
H.JACKSON BROWN
လိုလားတာကိုရဖို့၊ ရတာကို လိုလားဖို့
ကိုယ်လိုချင်တာကိုရရင် အောင်မြင်မှုလို့ခေါ်တယ်။ ကိုယ်ရတာကို နှစ်သက်နိုင်ရင် ပျော်ရွှင်မှု
လို့ခေါ်တယ်။
အိပ်ခ်ျ၊ ဂျက်ဆင် ဘရောင်း
TRUE power is knowing that you can, but you don't.
JULIET ALICIA JARVIS
တကယ့်စိတ်ဓာတ်
လုပ်လိုက်ရင် ရမှန်းသိရက်နဲ့ မလုပ်ဘဲနေတာမျိုးမှ ကြံ့ခိုင်တဲ့ တကယ့်စိတ်ဓာတ်။
ဂျူးလီယက် အယ်လစ်ရှာ ဂျားဗစ်
IF the Creator had a purpose in equipping us with a neck, he surely meant us to stick it out.
ARTHUR KOESTLER
ကုပ်ပိုးနဲ့ ထမ်းပိုး
ဖန်ဆင်းရှင်က ကျုပ်တို့ကို ကုပ်ပိုးတစ်ခု ဆင်ယင်ပေးဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင်၊တကယ်
အဓိပ္ပါယ်က ကျုပ်တို့ကို သူထမ်းပိုးတင်ချင်လို့ပါ။
အာသာ ကို့စ်လာ
RAISING kids is part joy and part guerilla warfare.
ED ASNER
ရင်သွေးတစ်ယောက် လူလားမြောက်ဖို့
ကလေးတွေကို ပြုစုပျိုးထောင်ရတယ်ဆိုတာ တစ်ပိုင်းက ပျော်စရာကောင်းသလို၊ တစ်ပိုင်းက
လည်း လက်ရွေးစင်တပ်ဖွဲ့နဲ့ အသေအကျေ တိုက်ရသလိုပါပဲ။
အက်ဒ် အက်စ်နာ
THERE is one right
I would not grant anyone.
And that is the right
to be indifferent.
ELIE WIESEL
နေသာသပ လေညာက
ကျွန်တော်ဘယ်သူ့ကိုမှ မလိုက်လျောနိုင်တဲ့ အခွင့်အရေးတစ်ခုရှိတယ်။ အဲဒါကတော့ ကိုယ်
နဲ့မဆိုင်သလို နေမယ်ဆိုတဲ့ အခွင့်အရေးပါပဲ။
အယ်လီ ၀ိုင်ဆယ်လ်
A MAN's character and his garden both reflect the amount of weeding that was done
during the growing season.
လုပ်ရည်ကိုင်ရည်
လူတစ်ယောက်ရဲ့ အကျင့်စရိုက်နဲ့ သူစိုက်တဲ့ခြံအကြောင်း သိချင်ရင် စိုက်ပျိုးရာသီအတွင်း
ပေါင်းမထအောင် ဘယ်လောက်ရှင်းနိုင်သလဲဆိုတာနဲ့သာ ဟပ်ကြည့်။

Jan 25, 2012
ဘာကြောင့် ချစ်ခင်သူလိုအပ်ရတာလဲ
လူဆိုတာ တစ်ဦးတစ်ယောက်တည်း နေလို့မရပါဘူး။ မိသားစု၊ ဆွေမျိုး၊ အပေါင်းအသင်း၊ မိတ်ဆွေ၊ သူငယ်ချင်း စတဲ့ ကိုယ်ချစ်ခင်သူတွေနဲ့ ဘဝကို လျှောက်လှမ်း ဖြတ်သန်းကြရပါတယ်။ ချစ်ခင်သူတွေက သင့်ဘဝအတွက် မရှိမဖြစ်ကို လိုအပ်ပါတယ်။ သင့်ရဲ့ဝမ်းနည်းမှု၊ ပျော်ရွှင်မှုတွေကို မျှဝေခံစားဖို့၊ သင်အားငယ်ချိန်မှာ အားပေးဖို့၊ သင့်အောင်မြင်မှုကို မုဒိတာပွားပေးဖို့၊ သင်ရှုံးနိမ့်ချိန်မှာ ဖေးမကူညီပေးဖို့ သင့်အတွက် အရေးတကြီး လိုအပ်တာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ချစ်ခင်ရတဲ့သူပါ။
၁။ ယုံကြည်မှုရှိစေသူ
သင့်အလုပ်မှာ မတော်တဆ အလွဲအမှားတစ်ခုကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မဲ့သွားတာလား၊ အလုပ်ရှင်ဆူခံရလို့ စိတ်ပျက် အားငယ်သွားတာလား၊ ပတ်ဝန်းကျင်ကလူတွေ ထိုးနှက်မှုကြောင့် စိတ်ဓာတ် ကျနေတာလား။ ဒီအချိန်မှာ သင်လုပ်သင့်တဲ့အရာက အသက်ကို ဖြည်းဖြည်းချင်း အဆုံးထိ ရှူသွင်းပြီး သင်ချစ်ခင်သူဆီ ဖုန်းဆက်လိုက်ပါ။ အချိန်မရရင် ဖုန်းထဲကပဲ ရင်ဖွင့်လိုက်ပါ။ အချိန်ရခဲ့ရင်တော့ အေးအေးဆေးဆေး စကားပြောနိုင်မယ့် နေရာတစ်နေရာကို ချိန်းဆိုပြီး သင့်ရဲ့ စိတ်ပျက်အားငယ်မှုတွေကို ပြောဆို တိုင်ပင်လိုက်ပါ။ သင်ချစ်ခင်သူဆီက အားပေးစကားကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ပြန်လည် တည်ဆောက်နိုင်ပါလိမ့်မယ်။
၂။ တိုင်ပင်ဖော်၊ တိုင်ပင်ဖက်
တစ်ခါတစ်ရံ တချို့နေရာတွေကို တစ်ယောက်တည်းသွားဖို့ အခက်အခဲ ရှိတဲ့အခါမျိုးမှာ သင့်ချစ်ခင်သူက သင့်အတွက် အဖော်မွန်ကောင်းတစ်ယောက် ဖြစ်စေမှာပါ။ ဈေးဝယ်ထွက်တဲ့အခါ သင်နဲ့အတူ သင့်ချစ်ခင်သူက တိုင်ပင်ဖော်၊ တိုင်ပင်ဖက်ကောင်း တစ်ယောက် ဖြစ်စေသလို၊ အခမ်းအနား တက်ရောက်ရတဲ့ အခါမျိုးမှာလည်း သင့်ကို မဝံ့မရဲမဖြစ်စေဘဲ လူတောတိုးရဲအောင် ခွန်အား ရှိစေပါလိမ့်မယ်။
၃။ စိတ်ဖြေပေးမယ့်သူ
နေ့စဉ်နဲ့အမျှ ကျင်လည်လှုပ်ရှားနေရတဲ့ လူမှုပတ်ဝန်းကျင်မှာ စိတ်ဖိစီးမှုတွေ အနည်းနဲ့အများဆိုသလို ရှိနေပါတယ်။ ဒါကို ဖြေဖျောက်ပေးမယ့်သူက သင့်ရဲ့ချစ်ခင်သူပါ။ စိတ်ဖိစီးမှုတွေ ကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုအတွက် ချစ်ခင်သူက မရှိမဖြစ်ပါ။
၎။ သစ္စာရှိစေသူ
သင်နဲ့ သင့်ချစ်ခင်သူတို့ရဲ့ ဆက်ဆံရေးတွေ ကြာရှည်လာတာနဲ့အမျှ တစ်ဦးနဲ့တစ်ဦး ခင်မင်မှုတွေ၊ သံယောဇဉ်တွေ တိုးပွားလာပါတယ်။ အချိန်ကာလတွေက သင်နဲ့ သင့်ချစ်ခင်သူကြား တီးတိုး တိုင်ပင်တာကစလို့ ကြီးကြီးမားမား လုပ်ငန်းကိစ္စတွေအထိ ပြောဆိုနိုင်ပြီး တစ်ဦးနဲ့တစ်ဦး သစ္စာရှိမှုကို တည်ဆောက် ယူနိုင်ပါလိမ့်မယ်။
၅။ တံခါးဖွင့်ပေးမယ့်သူ
သင်ဟာ ခေါင်းမာတဲ့သူတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင်တော့ တော်ရုံနဲ့ အတွေးအခေါ် ထင်မြင်ချက် အသစ်..အသစ်တွေကို လက်ခံချင်မှ လက်ခံပါလိမ့်မယ်။ ဒါပေမဲ့ သင့်ချစ်ခင်သူက ပြောပြတဲ့အခါ သင်လက်ခံကောင်း လက်ခံနိုင်ပါတယ်။ သင့်အတွေးအခေါ်တွေ ဆန်းသစ်စေဖို့ သင့်ကို တိုက်တွန်းပေးပါလိမ့်မယ်။ သင့်မျက်စိနဲ့ ဦးနှောက်ကို တံခါးဖွင့်ပေးမယ့်သူက သင့်ချစ်ခင်သူပါ။
ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
Jan 22, 2012
သိသင့်တယ်၊လိုက်နာသင့်တယ်၊မှတ်သားသင့်တယ်။
အိမ် အလုပ်ကို တစ်မိသားစုလုံး ၀ိုင်းလုပ်မှ ပျော်ရွှင်မည်။
တိုင်းပြည်အလုပ်ကို ပြည်သူတစ်ရပ်လုံးလုပ်မှ ၀ိုင်းလုပ်မှ တိုးတက်ဖွံ့ဖြိုးမည်။
စေတနာစကားသည် သိက္ခာ၏ အခြေခံဥပဒေတည်း။
မိဘ၏ စကားသည် မိသားစု၏ အခြေခံဥပဒေတည်း။
ပြည်သူ၏ စကားသည် တိုင်းပြည်၏ အခြေခံဥပဒေတည်း။
စည်းမျဉ်းသည် ဥစ္စာဓနကို ကာကွယ်မှုပေး၏
ဆေးဝါးသည် ခန္ဓာကိုယ်ကို ကျမ်းမာအောင် ကုသ၏
အင်အားသည် အသက်ဇီဝိန်ကို ကာကွယ်စောင့်ရှောက်၏
ကလေးဘ၀တွင် မိဘစကားကို လိုက်နာ၏
ကျောင်းသားဘ၀တွင် ဆရာ့စကားကို လိုက်နာ၏
ရည်းစားဘ၀တွင် ချစ်သူ့စကားကို လိုက်နာ၏
ကိုယ်တိုင်ကိုယ်ကြပ် ထိတွေ့ခံစားခြင်းဖြင့် ဆင်းရဲဒုက္ခကို သိနိုင်၏
ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာခြင်းဖြင့် အဆိုးအကောင်း ခွဲခြားနိုင်၏
ခင်တွယ်မှု ရှိသည်နှင့် အရာကိစ္စအားလုံး ပြေလည်သွားတော့၏
ဘာသာစကား ပြောနိုင်သည်နှင့် အတွေးအခေါ်ချင်း ဖလှယ်နိုင်၏
လူသည် အသက်အရွယ်ကြီးလေ ချည့်နဲ့လေ။
နာမည် နောရာတကာ ပျံ့နှံ့လေ ကြီးကျယ်လေ။
ယဉ်ကျေးခြင်းကို ဦးနှောက်မှစ၍ ကြည့်ရ၏
အိုမင်းခြင်းကို ခြေထောက်က စတင်သိရှိ၏
စာပေအနုပညာသည် လူ့စိတ်ကို ရွှင်လန်းထက်သန်စေ၏
လက်ရုံးရည်အတတ်သည် ခန္ဓာကိုယ်ကို ကျန်းမာပေါ့ပါးစေ၏
တရားသည် အနှစ်တစ်ထောင်ကြာလည်း မပြောင်းလဲ။
နည်းလမ်းသော်ကား အချိန်မရွေး ပြောင်းလဲတတ်၏
စစ်ပွဲသည် အမှားထင်ခြင်းမှ စတင်၏
အောင်ပွဲသည် အမှားလျှော့ခြင်းမှ ရယူ၏
စစ်မြေပြင်တွင် ဓားသေနတ်တို့ဖြင့် အနိုင်အရှုံးယှဉ်ပြိုင်၏
စေ့စပ်ဆွေးနွေးလျှင် အမှားအမှန်ကို နှုတ်လျှာဖြင့် ယှဉ်ပြိုင်၏
အချိန်ကာလကသာလျှင် အဆိုးအကောင်းကို ခွဲခြားသိမြင်နိုင်၏
အကွားအဝေးသာလျှင် ရုပ်ဆိုးရုပ်လှကို ခွဲခြားသိမြင်နိုင်၏
ပျော့ညံ့မှုကြောင့် အလိမ်ခံရမည်။
တွန့်ဆုတ်မှုကြောင့် မုချ ကျဆုံးမည်။
မှန်ကန်ခြင်းသည် အဘယ်နည်း။ အမှားကင်းခြင်းတည်း
ကောင်းမွန်ခြင်းသည် အဘယ်နည်း အကျိုးရှိခြင်းတည်။
ငွေကြေးပြုလုပ်သော ကျေးကျွန်သည် ဆင်းရဲပင်ပန်း၏
ငွေကြေးပြုလုပ်သော သခင်သည် ချမ်းသာပျော်ရွှင်၏
တရားသေနိုင်မှုသည် လူကို အယူသည်းစေ၏
ဆိုးဝါးသော စကားသည် လူကို ဆိုးသွမ်းလွယ်စေ၏
ငွေကြေးနှင့် အာဏာသည် လူကို ပျက်စီးလွယ်စေ၏
ပညာသင်ခြင်းသည် လူကို တိုးတက်စေ၏
ဘာသာတရားသည် လူကို သန့်စင်စေ၏
လှူဒါန်းပေးကမ်းခြင်းသည် လူကို သိက္ခာတက်စေ၏
အနုပညာသည် လူကို လှအောင် မွမ်းမံနိုင်၏
စဉ်းစားပြီးပြောပါ။ လုပြီးမပြောပါနဲ့။ လွဲမှားမှုကင်းသည်။
ကြည့်ပြီးလျှောက်ပါ။ နမော်နမဲ့ မလျှောက်ပါနဲ့။ ချော်လဲကျတတ်သည်။
လူချင်းသင့်မြတ်လျှင် အရာကိစ္စတိုင်း အဆင်ပြေ၏
အိမ်တွင်းသင့်မြတ်လျှင် အိမ်သားအားလုံး ကျန်းမာ၏
တွေးတ၍ မရသော ကိစ္စများကို စဉ်းစားလျှင် စိတ်ကူးယဉ်သည်မည်၏
လုပ်၍ မရသော အလုပ်ကို ဇွတ်လုပ်လျှင် ထုံသည်မည်၏
သိက္ခာမဲ့သော အထက်လူနောက် လိုက်ခြင်းထက် မကျွမ်းကျင်သော လူနောက်လိုက်ခြင်းက
ပိုကောင်းသေး၏
မရိုးဖြောင့်သော ၀မ်းကျောင်းမှုပြုခြင်းထက် ဆင်းရဲစွာ ဘ၀ကို ကျောင်းရခြင်းက စိတ်ချမ်းသား၏
သူများကို မှီခိုရခြင်းသည် စွမ်းရည် အညံ့ဖျင်းဆုံး။
သားကွဲ မယားကွဲနေရခြင်းသည် စိတ်အဆင်းရဲဆုံး။
သိက္ခာကို ရောင်းစားလိုက်ရခြင်းသည် ရှက်စရာအကောင်းဆုံး။
သေသည်အထိ ယောင်နနဖြစ်နေရခြင်းသည် ၀မ်းနည်းစရာအကောင်းဆုံး။
လေပေးဖြောင့်လျှင် အခွန်းတစ်ထောင်ပြောသော်လည်း မများပါ။
အမြင် မတူသော် တစ်ခွန်းပြောသော် များသည်ထင်။
စကား အပြောမှားလျှင် စိတ်မချမ်းသာဖြစ်ရ။
အမှားလုပ်မိလျှင် အချိန်ကြာကြာ ၀မ်းနည်းရ။
ကူညီမှားလျှင် ပတ်ဝန်းကျင်မှာ မျက်နှာပြလို့မရ။
လူကို မှားယုံမိပြီး ကူညီဖို့ ပြောမိလျှင် တစ်သက်လုံးနောင်တရ။
ကဗျာတစ်ပုဒ်လေးနဲ့ အဆုံးသတ်ပါ့မယ်။ ကဗျာလေးက
နိဂုံးချုပ်ကဗျာ
နာမ်ရုပ်နဲ့ ဘောင်ခတ်ထားတဲ့
အချန်းကျဉ်းကျဉ်းလေးထဲမှာတော့
မရှိသင့်ပဲ ရှိနေတာက “ဒေါသ”
ရှိသင့်နေတာထက် ပိုရှိနေတာက “လောဘ”
မရှိသလိုလို ရှိနေတာက “မောဟ”
အခန်းဘောင်ကို ထွင်းထုထားတာက “အတ္တ”
အခန်းပြိုကျလို့ ယိုစီးလာတာက “သောက၊ ပရိဒေ၀”
ပြီးတော့. . .
အကုန်လုံး စုရုံးပွက်ထ
အခန်းတစ်ခုလုံးကြေမွ၊ ကွဲလျှ၊ အုံကြွ
မလှမပ၊ သဘာဝကျကျ
အဆုံးသတ်သွားတာက “မရဏ”။
ဂိုဂို (ဆေးတက္ကသိုလ်)
ဒီနေ့ ဖတ်မိတဲ့စာအုပ်ထဲက မောင်မောင်လှိုင်ရဲ့ စာတွေပါ။ ကဗျာကတော့ ဂိုဂိုရဲ့ ကဗျာ။
Jan 20, 2012
မှတ်သားစွယ်စုံမြန်မာစကားပုံများ
ရှေးလူကြီးများထံမှ ဆိုမိန့်ခဲ့တဲ့ မြန်မာစကားပုံများကို မှတ်သားသိရှိနိုင်ကြရန်အတွက်မျှဝေတင်လိုက်တာပါ
အကို၊အမများအားလုံးလည်း သိမှတ်ထားကြတဲ့ မြန်မာစကားပုံများကိုမျှဝေပေးကြပါရှင်။။။။
သည်ယုန်မြင်လို့သည်ချုံထွင်
ချုံရှင်းလိုတာမဟုတ်ဘဲ ယုန်ရရန်ရည်ရွယ်ချက်ဖြင့်
ချုံကိုခုတ်ထွင်ရှင်းလင်းဘိသကဲ့သို့ အလားအလာကို
မြော်မြင်လို့ အခြေအနေတစ်ရပ်ကို ဖန်တီးသည်။
သမုဒ္ဒရာရေ တစ်ယောက်တည်းသောက်လို့မကုန်
သမုဒ္ဒရာရေကို တစ်ယောက်တည်းသောက်လို့ မကုန်ခမ်းနိုင်သကဲ့သို့
ပေါများလှစွာသော အခွင့်အလမ်းများကို တစ်ဦးတစ်ယောက်တည်းရ
ယူခံစားလို့ ကုန်နိုင်ဖွယ်မရှိပါ။
သမင်မွေးရင်းကျားစားရင်း
ဘ၀အဆက်ဆက် ရန်ဘက်ဖြစ်လာခဲ့ရာ တစ်ဦးကသမင် တစ်ဦးကကျားဘ၀တွင်
သမင်မွေးလိုက်တိုင်းကျားက စားပစ်သကဲ့သို့ အကျိုးတစ်စုံတစ်ရာ ဖြစ်ပေါ်လာတိုင်း
အဖတ်မတင်ဘဲ ကုန်သွားသည်။
နေတော့ပျဉ်ထောင် စားတော့ချဉ်ပေါင်
လူမြင်သူမြင် နေထိုင်ရာတွင် ပျဉ်ထောင်အိမ်ကြီးနှင့် တခမ်းတနား ရှိသော်လည်း
လူမမြင်သည့် စားသောက်မှူတွင်မူ ချဉ်ပေါင်ဟင်းသာ စားနေရသကဲ့သို့ အများအမြင်
တွင် ကြွယ်ဝဟန်ရှိသော်လည်း အမှန်တကယ်မူ ချို့ချို့ငဲ့ငဲ့ ဖြစ်နေသည်။
ပါးစပ်ဟ အူမ မြင်
ပါးစပ်ဟရုံနှင့် အူမကို မြင်သည်ဆိုသကဲ့သို့ ပြောစကားကို ကြားလိုက်ရုံနှင့် ထိုသူ၏
သဘောထားကိုသိမြင်နိုင်သည်။
နေပူတုန်း စပါးလှန်း
နေပူစဉ် စပါးလှန်းရသကဲ့သို့ အခြေအနေပေးစဉ်
လုံ့လစိုက်ပြီး အခွင့်အရေးကို အသုံးချရသည်။
နွားကြော့ဆိုလေ ချုံတိုးလေ
နွားကိုကြော့ပေ့မော့ပေ့ဟု ချီးမွမ်းလေ နွားကချုံထဲတိုးလေ ဖြစ်သကဲ့သို့
အထင်တကြီးချီးမွမ်းလေ မဖွယ်မရာ ပြုမူလေဖြစ်သည်။
မပြည့်သည့်အိုး ဘောင်ဘင်ခတ်
ရေမပြည့်အိုးသည် သယ်ယူရာ၌ ဘောင်ဘင်ခတ်၍ အသံမြည်သကဲ့သို့
မပြည့်ဝသောသူသည် တည်ကြည်ငြိမ်သက်ခြင်းမရှိပေ။
ဒေါင်းတုလို့ စာသူငယ်လှမ်း
ဒေါင်း၏ခြေလှမ်းကို စာသူငယ်က တုပ၍ လှမ်းသကဲ့သို့
မိမိနှင့်မတန်မရာကို တုပပြုမူသည်။
အသံသာရှိ အဆန်မရှိ
သင်္ကြန်အမြောက်သည် အသံသာမြည်၍ အဆန်မပါ
သကဲ့သို့ အပြောဖြင့် ကြုံးဝါးမြည်ဟိန်းသော်လည်း
တကယ် လက်တွေ့တွင် ဘာမှထိရောက်မှုမရှိပေ။
အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ
အိမ်ရှေ့ခန်း၌ရှိနေသူများ ပူပန်သောကဖြစ်နေကြစဉ်
အိမ်နောက်ခန်း၌ ရှိနေသူများလည်း သာယာချမ်းမြေ့မှူ
မရှိနိုင်သကဲ့သို့ ဦးဆောင်ဦးရွက်ပြုသူများ ပူပင်သောက
ဖြစ်နေကြလျှင် မှီခိုအားထားနေရသူများလည်း သာယာ
ပျော်ရွင်ခြင်းမရှိနိုင်။
ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်သွားက နောက်နွားစဉ်စိုက်ဖြောင့်ဖြောင့်လိုက်၏
ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားလျှင် နောင်နွားများလညိး အစဉ်တစိုက် ဖြောင့်ဖြောင့်လိုက်ဘိသကဲ့
ဦးစီးခေါင်းဆောင်ဖြစ်သူက ဖြောင့်ဖြောင့်မတ်မတ် ကြံစည်လုပ်ဆောင်ပါလျှင်နောက်လိုက်ငယ်သားများလည်း
ဖြောင့်ဖြောင့်မတ်မတ်ပင်ကြံစည်လုပ်ဆောင်ကြသည်။
လင်လိုတုန်း နားပဲ့
အိမ်ထောင်ပြုချင်စိတ်နှင့် လှချင်ပချင် ဖြစ်နေစဉ်တွင် အလှအပ
တန်ဆာဆင်ရမည့် နားကပဲ့သည်ဆိုသကဲ့သို့ တစ်စုံတစ်ရာပြုလုပ်
ရန် ထက်သန်တက်ကြွနေစဉ် မိမိ၌ အကြောင်းမညီမညွတ်ဖြစ်လာ
သည်။
နောက်အိပ်က အလျင်ပျော်
နောက်ကျမှအိပ်သူက အလျင်အိပ်ပျော်နှင့်သကဲ့သို့ နောက်ကျသော်လည်း
အခွင့်အလမ်းသာဖြစ်စေ၊ အကြံထူး ဉာဏ်ထူးသုံး၍ဖြစ်စေ အလျင်ဦးစွာအောင်
မြင်ပြီးမြောက်သည်။
လင်းနို့ခွန်တောင်း ကြွက်၊ ကြွက်ခွန်တောင်း လင်းနို့
လင်းနို့သည် လင်းနို့ခွန်တောင်းလျှင် ကြွက်၊ ကြွက်ခွန်တောင်းလျှင် လင်းနို့ဟုဆိုကာ အခွန်ပေးဆောင်ရန်
ရှောင်တိမ်းသကဲ့သို့ မိမိရင်ဆိုင်ရမည့်ကိစ္စ၌အကျုံးမ၀င်သယောင် မလိမ့်တပတ်လုပ်ကာ ရှောင်တိမ်းသည်။
ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်
ရွှေသမင်ကို ကိုယ့်တာ (စည်း) နှင့်ကိုယ်အသီးသီးတာဝန်ယူ၍ ပိတ်ဆို့ဖမ်းဆီးကြရာတွင်
ရွှေသမင်သည် မင်းကြီး၏တာမှ လွတ်မြောက်ထွက်ပြေးသွားသကဲ့သို့ အသီးသီး ကိုယ့်တာဝန်
ပိုင်းနှင့် ဆောင်ရွက်ကြရာတွင် အကြီးအကဲ လုပ်သူ၏ အပိုင်းမှ လစ်ဟင်းပျက်ကွက်သည်။
ယုန်ထောင်ကြောင်မိ
ယုန်ကိုထောင်သော်လည်း ယုန်ကိုမမိဘဲ တောကြောင်ကိုမိသကဲ့သို့ မိမိဆင်ထားသော
အကွက်အတွင်းသို့ မိမိရည်စူးသူက ၀င်မလာဘဲ မရည်စူးသူက၀င်လာသည်။
ယောက်မခါးထိုးရှာ
ယောက်မကို ခါး၌ထိုးထားပြီး လိုက်ရှာသကဲ့သို့ မိမိရှာလို သောအရာက အနီးအပါးတွင်ရှိနေ
လျက် သတိမမူမိဘဲ ခက်ခက်ခဲခဲရှာဖွေသည်။
ကျွဲပါးစောင်းတီး
ကျွဲ၏အနားတွင် စောင်းကိုမည်မျှပင်သာယာစွာ တီးစေကာမူ ကျွဲအဖို့ အချည်းနှီးသာ ဖြစ်သကဲ့သို့
အကောင်းအဆိုး မသိသူအား တန်ဖိုးရှိသော စကားကိုနားဝင်အောင် မည်မျှပင် ပြောကြားစေကာမူ
ထိုသူအဖို့ အချည်းနှီးသာဖြစ်သည်။
ပြန်လည်မျှဝေခြင်းဖြစ်ပါသည်
Jan 12, 2012
စိတ်ပျော်ရွှင်အောင် ဘယ်လိုနေရမလဲ
1. အရေးမပါတာတွေကိုဘေးဖယ်ထားလိုက်ပါ။ အဲဒီ အရေးမပါတာတွေဆိုတဲ့အရာတွေထဲမှာ
အသက်ရယ်၊ ကိုယ်အလေးချိန်ရယ်၊ အရပ်အမြင့်ရယ်လည်းပဲပါဝင်ပါတယ်။ ဆရာဝန်တွေရှိတာပဲ။
ဒီကိစ္စအတွက် ပူနေစရာ မလိုပါဘူးဗျာ။ဒါကြောင့်လည်း ဆရာဝန်တွေကို
များများလေးပေးရတာပေါ့လေ။
2. ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတွေနဲ့ပဲ ပေါင်းပါ။ တစ်ချိန်လုံး
ညည်းညူနေခြင်းက သင့်ကိုဖျက်ဆီးနေရာ ရောက်ပါလိမ့်မယ်။ သင်ကိုယ်တိုင်လည်း
ညည်းညူနေတတ်သူတစ်ဦး ဖြစ်ခဲ့ရင်တော့ ဒီအချက်ကလေးကို သတိရလိုက်ပါနော်။
3. အမြဲတမ်း သင်ယူလေ့လာနေပါ။ ကွန်ပျူတာအကြောင်း၊
ဥယျာဉ်စိုက်ပျိုးခြင်းအကြောင်း၊ လက်မှုပညာအကြောင်း၊ ဘာကိုပဲ ဖြစ်ဖြစ်
သင်ယူလေ့လာနေဖို့ လိုအပ်ပါတယ်။ ဦးနှောက်ကို ဘယ်တော့မှ အနားမပေးပါနဲ့။
စကားပုံတောင် ရှိသေးတယ် မဟုတ်လား.. ဘာတဲ့ An idle mind is the devil’s
workshop တဲ့ နောက်ဆက်တွဲအနေနဲ့ကတော့ The devil’s name is Alzheimer’s!
ပဲပေါ့
4. ရိုးရိုးလေးတွေနဲ့ပဲ နေတတ်အောင်ကြိုးစားကြည့်ပါ။
5. ရယ်မောပါ၊ အကြာကြီး ကျယ်ကျယ်လောင်လောင်ကို ရယ်မောပစ်လိုက်ပါ။
ရယ်လွန်းလို့ ပင့်သက်ရှိုက်ရတဲ့အထိကိုပေါ့။ သင့်မှာ သင့်ကို
ရယ်မောပျော်ရွှင်အောင် လုပ်တတ်တဲ့ သူငယ်ချင်း တစ်ယောက်သာရှိမယ်ဆိုရင်
သူနဲ့ပဲ အချိန်ဖြုန်းနေလိုက်တာ အကောင်းဆုံးပါပဲ။
6. သင်ချစ်တတ်တဲ့ အရာတွေသင့်အနားမှာ ရှိနေပါစေ။ သင့်မိသားစု၊ သင်ချစ်တဲ့
တိရစ္ဆာန်၊ သင်ဝါသနာပါတဲ့အလုပ်၊ သင်နှစ်သက်တဲ့ သီချင်းတွေ ဘာပဲဖြစ်နေ
ဖြစ်နေ ဒါတွေနဲ့အတူ ရှိနေဖို့ လိုအပ်ပါတယ်။ သင်နားခိုဖို့ နေရာတစ်နေရလည်း
ရှိနေရမယ်နော်။ နောက်ပြီး ဘုရားသခင်နဲ့လည်း တည့်အောင်နေပေါ့နော်။
7. မျက်ရည်ကျလောက်တဲ့ အဖြစ်မျိုးတွေ ကြုံလာခဲ့ရင်.. ကြံ့ကြံ့ခံပါ၊
ဝမ်းနည်းပူဆွေးနေလိုက်ပါ၊ ပြီးရင်တော့ စိတ်ထဲကနေ ထုတ်လိုက်ပါတော့။
ဘ၀တစ်လျှောက်လုံး ကိုယ်နဲ့အတူရှိနေမှာက ကိုယ်ကိုယ်တိုင်ပဲလေ။ ဒီတော့
ကိုယ်အသက်ရှင်နေစဉ်အတွင်းမှာ ရှင်သန်အောင် နေထိုင်ပါ။
8. ကိုယ့်အသက်ကိုယ် တန်ဘိုးထား မြတ်နိုးပါ။ ကျန်းမာရေး မကောင်းရင်
ကာကွယ်စောင့်ရှောက်ရမှာပေါ့။ မကြာခဏနေမကောင်း ဖြစ်နေရင်လည်း
ပိုကောင်းအောင် လုပ်တတ်ရမယ်လေ။ အင်း.. ကိုယ်ကိုယ်တိုင် ဘယ်လိုမှ
မကယ်နိုင်တဲ့ အဆုံးတော့ တစ်ခြားသူတွေရဲ့ အကူအညီကို ယူရတော့မှာပါပဲ။
9. မသွားချင်တဲ့ ခရီးတွေကို မသွားနဲ့လေ။ မောလ်တွေကို ရှော့ပင်ထွက်ပါ။
အိမ်နီးချင်းနိုင်ငံတွေကို သွားလည်ပါ။ နောက်.. တစ်ခြားသော နိုင်ငံခြား
တိုင်းပြည်တွေထိတောင် ရှော့ပင်ထွက်လိုက်ပါအုံး။ ဒါပေမယ့်.. စိတ်လွတ်
ကိုယ်လွတ်မဟုတ်တဲ့.. စနိုးစနောင့် ခရီးမျိုးတော့ မဖြစ်ဖို့ လိုအပ်တယ်လေ။
10. ကိုယ်ချစ်တဲ့ သူတွေကို အသက်ရှင်နေတုန်း၊ အခွင့်အရေးရတုန်းမှာ
ချစ်တယ်လို့ ဖွင့်ပြောလိုက်ပါ။
ဒီလိုနုပျိုအောင်နေနည်းကို နောက်ထပ်လူတွေကိုလည်း
မျှဝေပေးစေချင်တယ်လေ။
Jan 10, 2012
စိတ်ဓာတ်ရင့်သူ
လူတိုင်းလူတိုင်းပင် မိမိစိတ်ဓာတ် အတော်ရင့်မာပြီဟု ထင်တတ်ကြလေသည်။ မိမိစိတ်ဓာတ်မည်မျှ ရင့်မာသည်ကို သေချာစွာ သိနိုင်ရန်အတွက် အောက်ပါ နည်းစနစ်များဖြင့် စစ်ဆေးကြည့်ပါလေ။
၁။ ........အဆွေသည် သူတပါးကို ကူညီထောက်ပံ့တတ်သလော။
၂။ ……..လေးနက်သော အကြောင်းအရာများကို ဆွေးနွေးတတ်သလော။
၃။ …….ငွေကို အကျိုးရှိအောင် သုံးစွဲတတ်သလော။
၎။ …….အကျိုးရှိ့မည့် စိတ်ပျော်သော အလုပ်များကို လုပ်ကိုင်တတ်သလော။
၅။ …….တိုးတတ်ရေးအတွက် စာဖတ်ပါ၏လော။
၆။ ……အနာဂတ်အတွက် ငွေစုပါ၏လော။
၇။ ……အများကောင်းစားရေးအတွက် ထောက်ပံ့ ပါ၏လော။
၈။……မိမိ၏ အလုပ်ကိစ္စများကို မိမိကိုယ်တိုင် စီစဉ်ပါ၏လော။
၉။……သူတစ်ပါးအားရှိအောင် အားပေးတတ်ပါသလော။
၁၀။…..အလုပ်လုပ်ရာ၌ ပင်ကိုယ်ဥာဏ် ကို သုံးပါ၏လော။
၁၁။……လူအများအတွက် အကျိုးရှိအောင် လုပ်နိုင်သည်ဟု စဉ်းစားပါ၏လော။
၁၂။……မိမိ၏အလုပ်များကို အစွမ်းကုန်လုပ်ကိုင်ပါ၏လော။
၁၃။……သူတစ်ပါး၏ အလုပ်အကိုင်များကို စီစဉ်လုပ်ကိုင်ပေးတတ်ပါသလော။
၁၄။…..အများကောင်းစားရေးအတွက် ရှေ့ဆောင်လမ်းပြပြုလုပ်တတ်ပါသလော။
ထိုအချက် ၁၄-ချက်အနက် ၈-ချက်မျှစုံလျှင် စိတ်ဓာတ်အတော်ရင်မာပြီဟု ဆိုရပေမည်။
အောင်မြင်ရေးနည်း ၁၀၈ (တက္ကသိုလ် ဆုမြိုင်)
Jan 4, 2012
ဂဏန်းတွေနဲ့တွေး ဘဝအားဆေး
အသက်ရှင်နေတဲ့ ဘ၀မှာ လိုက်နာစရာ ကျင့်သုံးစရာတွေ ရှိသလို ကိုယ့်အတွေး ကိုယ့်ခံယူချက်နဲ့လည်း လျှောက်လှမ်းနိုင်ပါတယ်။ ဘ၀ကိုလေးလေးနက်နက် တည်ဆောက်နိုင်သလို ပေါ့ပေါ့ပါးပါးလေး ဖြတ်သန်းနိုင်ပါတယ်။ ဒီဂဏန်းလေးတွေနဲ့
အောင်မြင်တဲ့ ဘ၀ကို တည်ဆောက်နိုင်တာပေါ့။
(1) The most selfish one-letter world is’ I ‘ . Avoid it.
အက္ခရာတစ်လုံးတည်းရှိတဲ့ တကိုယ်ကောင်းအဆန်ဆုံးစကားလုံးကတော့ “ ငါ ”ပါ။ အဲဒါကို ရှောင်ကျဉ်ပါ .။
(2) The most satisfying two-letter world is ‘ We ‘ . Use it.
အက္ခရာ နှစ်လုံးပါတဲ့ စိတ်ကျေနပ်စရာအကောင်းဆုံး စကားလုံးကတော့ “ ငါတို့” ပါ။ အဲဒါကို အသုံးပြုပါ ။
(3) The most poisonous three-letter world is ‘ Ego ‘ . Kill it.
အက္ခရာသုံးလုံးနဲ့ဖွဲ့စည်းထားတဲ့ အဆိပ်အပြင်းဆုံးစကားလုံးဟာ “ အတ္တ ” ပါ။ အဲဒါကို သတ်ပစ်ပါ။
(4) The most used four-letter world is ‘ Love ‘ . Value it.
အက္ခရာလေးလုံးပါတဲ့ လူသုံးအများဆုံးစကားလုံးကတော့ “ ချစ်ခြင်းမေတ္တာ ” ပါ။ အဲဒါကို တန်ဖိုးထားပါ။
(5) The most pleasing five-letter world is ‘ Smile ‘. Keep it.
အက္ခရာငါးလုံးပါတဲ့ ကြည်နူးစရာ အကောင်းဆုံး စကားလုံးကတော့ “ အပြုံး ” ပါ။ အဲဒါကို ဆောင်ထားပါ ။
(6) The fastest spreading six-letter world is ‘ Rumour ‘. Ignore it.
အက္ခရာခြောက်လုံးပါပြီး အလျင်မြန်ဆုံး ပျံ့နှံ့လွယ်တဲ့ စကားလုံးကတော့ “ ကောလဟာလ ” ပါ။ အဲဒါကို လျစ်လျှူရှုပါ ။
(7) The hardest working seven-letter world is ‘ Success’. Achieve it.
အက္ခရာခုနှစ်လုံးနဲ့ ဖွဲ့စည်းထားပြီး အပြင်းထန်ဆုံး ကြိုးစားရယူရတဲ့ စကားလုံးကတော့ “ အောင်မြင်မှု ” ပါ။ အဲဒါကို အရယူပါ ..။
(8) The most troublesome eight-letter world is ‘ Jealousy’. Distance it.
အက္ခရာရှစ်လုံးနဲ့ဖွဲ့စည်းထားတဲ့ ဒုက္ခအပေးဆုံးစကားလုံးကတော့ “ မနာလိုဝန်တိုမှု ” ပါ။ အဲဒါကို ဝေးဝေးရှောင်ပါ ။
(9) The most powerful nine-letter world is ‘ Knowledge’. Acquire it.
အက္ခရာကိုးလုံးနဲ့တည်ဆောက်ထားတဲ့ အင်အားအရှိဆုံး စကားလုံးကတော့ “ အသိပညာ ဗဟုသုတ ” ပါ။ အဲဒါကို ကြိုးစားရယူပါ ။
(10) The most essential ten-letter world is ‘ Confidence’. Build it.
အက္ခရာဆယ်လုံးနဲ့ဖွဲ့စည်းထားတဲ့ မရှိမဖြစ်အလိုအပ်ဆုံးစကားလုံးကတော့ “ယုံကြည်မှု ” ပါ။ အဲဒါကို တည်ဆောက်ယူပါ ။

ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်သည်
Jan 1, 2012
ကမ္ဘာကျော်တို့၏ တန်ဖိုးရှိသောစကားများ (၄)
(၄၁) လူသည် ကောင်းလွန်းလျှင် ဘေးဖြစ်သည်။ ( ဘားနဒ်ရှော )
(၄၂) ဘ၀သည် တိုတောင်း၏။ အတတ်ပညာသည် ရှည်လျား၏။ ( လက်တင်စကားပုံ )
(၄၃) သေရမှာ ကြောက်သည်ထက် ခံစားရသောအခါ၌ ပိုပြီးသတ္တိရှိရန်လိုသည်။ ( နပိုလီယံ )
(၄၄) မေတ္တာသည် သစ္စာ၏ ရေသောက်မြစ်ဖြစ်၍ သစ္စာသည် မေတ္တာ၏ အပွင့်အဖူးဖြစ်လေသည်။ မေတ္တာတည်းဟူသော ရေသောက်မြစ်ခိုင်မြဲမှသာလျှင် သစ္စာတည်းဟူသော အပွင့်အဖူးသည် ငွားငွားစွင့်စွင့် ပွင့်လန်းနိုင်ပေသည်။
သို့သော် မေတ္တာတည်းဟူသော ရေသောက်မြစ်သည် သစ္စာတည်းဟူသော အပွင့်အဖူးမရှိက မတင့်တယ်ပေ။( အာရပ်စကားပုံ )
(၄၅) ဆုံးရှုံးပြီးမှ တန်ဖိုးသိရသော အရာနှစ်ခု၇ှိသည်။ ၄င်းတို့မှာ ငယ်ရွယ်နုပျိုခြင်းနှင့် ကျန်းမာခြင်းပင်ဖြစ်သည်။ ( အာရပ်စကားပုံ )
(၄၆) ရိုးသားမှုသည် အကောင်းဆုံးသော ကျင့်သုံးမှုဖြစ်၏။ ( အင်္ဂလိပ်စကားပုံ )
(၄၇) ကာလကြာရှည်စွာ နေရုံဖြင့် အိုလာသည်ဟု မဆိုအပ်။ မိမိခံယူချက်များကို စွန့်ပစ်သူများကိုသာ အိုစာတတ်သည်။ အချိန်က ပါးရေကိုပဲ တွန့်စေသည်။ စိတ်ဝင်စားမှုကို ပယ်လိုက်လျှင်ကား စိတ်ဓါတ်ပါ ရှုံတွသွားတော့သည်။
( မက်အာသာ )
(၄၈) သဘာဝတရား၊ အချိန်အခါနှင့် သည်းခံခြင်းတို့သည် ကြီးမြတ်သော သမားတော်ကြီး သုံးပါးပင်ဖြစ်သည်။( အိပ်ဂျီဘုန် )
(၄၉) အနုပညာဟူသည် သိပ္ပံပညာထက် အဆင့်အတန်းမြင့်၏။ သိပ္ပံပညာက ရှာဖွေသည်။ အနုပညာက ဖန်တီးသည်။ ( ဂျွန်အိုပီး )
(၅၀) သစ္စာတရားဆိုသည်မှာ အတွေ့အကြုံနှင့် စမ်းသပ်မှုကို ခံနိုင်သောအရာဖြစ်၏။ ( xxx )
(၅၁) အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ရှိနေမည်သာပင်။ ( အာရပ်စကားပုံ )
(၅၂) သတ္တိ ဗျတ္တိရှိသော ရန်သူကို မကြောက်ပါနှင့်၊ မာယာ ဥာဏ်များသော၊ လှည့်ပတ်လိမ်ကောက်သော မိတ်ဆွေကို ကြောက်ပါ။ ( အဂ္ဂါး )
(၅၃) အများကောင်းကျိုးကို သင်ကြည့်တတ်လျှင် အများကလည်း သင့်ကောင်းကျိုးကို ပြန်လည်ကြည့်တတ်မည်ကား မလွဲပါ။ ( အဂ္ဂါး )

Dec 31, 2011
ကမ္ဘာကျော်တို့၏ တန်ဖိုးရှိသောစကားများ (၃)
(၂၆) လုပ်ငန်းအောင်မြင်၍ ငွေကြေးချမ်းသာလိုရင် ပူပန်သောက ပွားတတ်တဲ့ အကျင့်ကို ဖျောက်ဖျက်ရပါမယ်၊ သောကဟာ စိတ်ဓါတ်နဲ့ အားမာန်ကို ထိခိုက်ပျက်ပြားစေနိုင်တယ်။ ( ဟားဗတ်အင်ကတ်ဆင် )
(၂၇) ကျွန်ုပ်ငယ်စဉ်ကတည်းက ဖြစ်ပေါ်လာပြီး ဖော်ပြ၍ မရအောင် မြတ်နိုးခုံမင်သော စာဖတ်ခြင်းကို အိန္ဒိယပြည်မှ ရတနာများနှင့် မလဲလှယ်နိုင်။ ( အက်ဒွတ်ဂစ်ဘွန်း )
(၂၈) ခွင့်လွတ်ခြင်းဟာ အောင်ပွဲများအနက် အမြင့်မြတ်ဆုံးသော အောင်ပွဲဖြစ်သည်။( ဖရက်ဒရစ်ရှီလာ )
(၂၉) အလင်းရှိလျှင် အရိပ်ရှိမည်။ ထို့အတူ ဘ၀ရှိလျှင် အမှားရှိရမည်မှာ အမှန်ပင်။ ( အာဒီ )
(၃၀) ပူပန်ခြင်းသည် ကြောက်ရွံ့ခြင်းတစ်မျိုးဖြစ်သည်။ ကြောက်ရွံ့ခြင်းဟူသမျှသည် ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်စေသည်ချည်းပင်၊ ကြောက်ရွံ့ခြင်းစိတ်ကို ပယ်ဖျောက်နိုင်သောသူအဖို့ နေ့စဉ်ဘ၀၌ ကြုံတွေ့နေရသော ပင်ပန်းနွမ်းနယ်မှု အများအပြား ပပျောက်သွားပေလိမ့်မည်။ (ဘာထရန်ရပ်ဆဲလ် )
(၃၁) လောကတွင် မိမိလုပ်လိုသော အလုပ်ကို အကောင်အထည်မဖော်လိုက်ရပဲ သေသွားသူလောက် စရာ ကောင်းသူမရှိပေ။ လူသည် ဒုက္ခကိုနိုင်နင်းသော စိတ်ထားရှိမှသာ အောင်မြင်မှုကို ရနိုင်ပေသည်။ ( အမည်မသိစာဆို )
(၃၂) ကျွန်ုပ်တို့သည် ဘာမဆိုလုပ်နိုင်ကြသည်။ ကျွန်ုပ်တို့သည် အောင်မြင်မှုကို လိုလားပါက ထိုစိတ်အတိုင်း အားကြိုး မာန်တက်လုပ်လိုက်ပါ။ ကျိန်းသေအောင်မြင်ရမည် မလွဲတည်း။ ( ဆင်မြူရယ်ခန်း )
(၃၃) မည်မျှပင် ပညာတွေတတ်တတ်၊ ပစ္စည်းတွေရှိရှိ အတွင်းစိတ်ဓါတ်မကြံ့ခိုင်လျှင် ကျဆုံးမည်ဖြစ်၏။ ပစ္စည်းမဲ့၍ ဥစ္စာနွမ်းပါးသူဖြစ်စေဦး၊ စိတ်ဓါတ်ကြံ့ခိုင် ဇွဲလုံလ၀ီရိယ ရှိလျှင် အောင်မြင်မည် အမှန်၊ အောင်မြင်ရေးလျှို့ဝှက်ချက်ဟူသည်
လွယ်ကူရိုးထုံးစံမရှိ၊ ရရှိသောအခွင့်အရေးနှင့် အချိန်ကာလကို အရအမိယူနိုင်ခြင်းသာ အဓိကဖြစ်၏။ ( xxx )
(၃၄) ရယ်မောပျော်ရွှင်၍ စိတ်ကြည်လင်နေလျှင် သင့်ကိုယ်တွင်းမှ ရောဂါများ ပျောက်ကင်းသွားပေလိုက်မည်။ လူသည်ဝမ်းသာခြင်းနှင့် ၀မ်းနည်းခြင်းကို တပြိုက်တည်း ထိတွေ့မခံစားနိုင်၊ တစ်ခုပြီးမှ တစ်ခုခံစား၍ရသည်။ ဤသည်မှာ စိတ်တို့၏ ထူးထွေ ဆန်းပြားသောသဘောဖြစ်သည်။ ( xxx )
(၃၅) လူတစ်ယောက်သည် မိမိ၏ ဘ၀ခရီးလမ်းကို ဖြောင့်ဖြူးလိုစိတ် မရှိဘဲနှင့် တိုးတက်နိုင်မည် မဟုတ်ပေ။ မည်မျှပင် တစ်ပါးသူက ကူညီပါစေ အချည်းနှီးသာဖြစ်ပေလိမ့်မည်။ ( xxx )
(၃၆) တည်ငြိမ်၍ အနှောက်အယှက်ကင်းမဲ့ခြင်းသည် ကြီးမားမြင့်မြတ်သော စိတ်၏သဘာဝဖြစ်၏။ ( ဂရိတ်ပညာရှိဆီနဲကား )
(၃၇) နေ၏အရောင်ကို အပေါက်ငယ်ကလေးများမှ မြင်ရသည့်နည်းတူ လူတစ်ယောက်၏ စိတ်နေစိတ်ထားနှင့် သဘောသက္ကာယတို့ကို သူနှင့် ပတ်သက်သည့် အသေးအဖွဲ ကိစ္စကလေးများမှ ထင်ရှားစွာ သိမြင်နိုင်ပေသည်။
( ကြီးပွားရေးကျမ်းပြုဆရာကြီးဆင်မြူရယ်စမိုင်း )
(၃၈) သူတစ်ပါး၏ အပြစ်ကို သည်းခံပါ။ တစ်ပါးသူ၏ အမှားကို မိမိအမှားကဲ့သို့ သဘောထားပါ။ သည်းခံမှုနှင့် နားလည်မှုကို လက်ကိုင်ပြု၍ ဘ၀တာသည် ရန်ညိုးဖွဲ့ရန် အလွန်တိုတောင်းလှ၏။ ထို့ထက် သဘောထား သေးသိမ်ခြင်းနှင့် ဂရုဏာကင်းမဲ့ခြင်းသည် သာ၍ တိုတောင်းသည်။ ( ဖီးလစ်ဘရက်စ် )
(၃၉) လူသုံးမျိုးသာရှိသည်။ ထိုလူသုံးမျိုးမှာ တိုးတက်နေသောသူ၊ ရပ်တန့်နေသောသူ၊ ဆုတ်ယုတ်နေသောသူ ဟူ၍ ဖြစ်သည်။ ( လာဗာတာ )
(၄၀) လူယဉ်ကျေး ပီသသည်၊ မပီသသည်ကို သိလိုလျှင် လူသည် သူ့အတွက် အသုံးမ၀င်သည့် နိမ့်ကျသူများအား ရိုသေပါ၏လားဟု စိစစ်ပါ။ ( ဖလ်လစ် )

Dec 29, 2011
ကမ္ဘာကျော်တို့၏ တန်ဖိုးရှိသောစကားများ (၂)
(၁၁) လူယုတ်မာများသည် ကြောက်ခြင်းတရားအား နာခံကြ၍ လူကောင်းသူကောင်းများမှာ မေတ္တာတရားကို နာခံကြတယ်။ (အရစ်စတိုတယ် )
(၁၂) အမှန်တရားသည် ပြောသူအား ဘယ်တော့မှ ထိခိုက်နစ်နာစေခြင်းမရှိ။(ရောဘတ်ဘရောင်းနင်း )
(၁၃) သင်သောကဖြစ်နေသောအရာအားလုံးကို ရေးချပြီးသောအခါ ခဲတံတစ်ချောင်းကိုယူ၍ အရေးမကြီးသော အရာများကို ဖျက်ပစ်ပါ။ ထိုအခါ တစ်ကယ်သောကဖြစ်စရာ အနည်းငယ်သာ ကျန်တော့တာ တွေ့ရပေမယ်။( ဟားဗတ်အင်ကက်ဆင် )
(၁၄) လူတစ်ယောက် ဘယ်လိုသေဆုံးသည်ဆိုသည်မှာ အရေးမကြီး၊ ဘယ်လိုနေထိုင်သည်သာ အရေးကြီးတယ်။ ( ဟိုးမား )
(၁၅) ဆင်ဆင်ခြင်ခြင် နေထိုင်ခြင်းနှင့် အလုပ်လုပ်ခြင်းသည် လူသား၏ အကောင်းဆုံး ဆရာဝန်နှစ်ဦး ဖြစ်တယ်။ ( ဂျေ၊ဂျေ၊ ရူးဆိုး )
(၁၆) အချိန်နဲ့ ကြိုးစားအားထုတ်မှုဟာ နေ့စဉ်အသိအမြင်သစ်ကို ပေးတယ်။ (သောမတ်ဟောဘ် )
(၁၇) အမှန်တရား၌ သတ္တိရှိခြင်းဟာ တွေးခေါ်ခြင်းဆိုင်ရာ လေ့လာဆည်းပူးမှု၌ ဦးဆုံးလိုအပ်သော အရည်အသွေးဖြစ်တယ်။ ( ဂေဟယ် )
(၁၈) သည်းခံခြင်းသည် အကောင်းဆုံး ဘာသာတရားပင်ဖြစ်တယ်။ ( ဗစ်တာဟူဂို )
(၁၉) ခင်ဗျားရဲ့ သဘောတူညီမှုမပါဘဲနှင့် ဘယ်သူကမှ ခင်ဗျားကို သိမ်ငယ်စိတ်ဝင်အောင် မလုပ်နိုင်ပါဘူး။ ( အယ်လင်နွာရုစဗဲ့ )
(၂၀) ပညာဖြင့် ဆုံးဖြတ်၍ သည်းခံခြင်းဖြင့် လုပ်ဆောင်ပါ။ ( ရစ်ချယ်လူ )
(၂၁) ဤလောက၌ ပြင်းပြတဲ့စိတ်ဆန္ဒ မရှိဘဲနှင့် ထူးခြားပြောင်မြောက်တဲ့ အရာများကို လုံးဝမပြုလုပ်နိုင်ကြောင်း ကျွန်ုပ်တို့ အခိုင်အမာ ပြောဆိုရပေမယ်။ ( ဂေဟယ် )
(၂၂) မှတ်ဥာဏ်ကောင်းစေသောနည်းက အာရုံစိုက်ခြင်းပင်ဖြစ်တယ်။ ( ဟိုးမား )
(၂၃) အရာရာကို မလုပ်နိုင်တဲ့အတွက် ရှက်စရာမဟုတ်၊ သို့သော်မလုပ်တတ်ပဲနှင့် လုပ်ခြင်း၊ သို့မဟုတ် ဟန်ဆောင်ခြင်းသည် ရှက်စရာကောင်းရုံတင်မက စိတ်ပျက်စရာလည်း ကောင်းလှတယ်။ ( ပလူးတက် )
(၂၄) ကံဆိုးမှုများဟာ တစ်ခါတစ်ရံ၌ ထူးခြားသော အစွမ်းအစများ ဖြစ်ပေါ်စေတယ်။ ( အိုဗစ်တပ်နိုဆော့ )
(၂၅) စကားပြောမှာ စကားကို တိုတိုနဲ့ လိုရင်းပြောခြင်းဟာ စကားပြောကောင်းခြင်းရဲ့ အဓိက ဆွဲဆောင်မှုတစ်ခုပင် ဖြစ်တယ်။ (စီဆာဂို )

Dec 25, 2011
စကား စကား စကားထဲက ဇာတိပြ
စကားကြီး (၁၁) ခွန်း
၁။ ရေကူးညာတင်ပြောဆိုခြင်း ~ လိုသည်ထက်ပို၍ပြောဆိုခြင်း
၂။ ကောက်ပင်ရိတ်လှီးပြောဆိုခြင်း ~ စကားတစ်ခွန်းတည်းနှင့် အပိုင်ပြောဆိုခြင်း
၃။ ရေစီးဖောင်ဆန်ပြောဆိုခြင်း ~ စကားပြောရာ၌ လက်ဝင် ပင်ပန်းသော စကားမျိုးပြောဆိုခြင်း
၎။ အိုးတန်ဆန်ခပ်ပြောဆိုခြင်း ~ တစ်ဖက်လူနှင့် တန်သလောက်ပြောဆိုခြင်း
၅။ ဆီပွတ်ကျည်ပွေ့ပြောဆိုခြင်း ~ တဖြည်းဖြည်း ကိုယ့်ဘက်ပါအောင် ဖွဲ့နွဲ့ ပြောဆိုခြင်း
၆။ ဆင်ဝှေ့ရန်ရှောင်ပြောဆိုခြင်း ~ တာဝန်မဲ့သော၊ ရှောင်လွှဲသောစကားကို ပြောဆိုခြင်း
၇။ တောင်သူယာခုတ်ပြောဆိုခြင်း ~ ပြောသင့်သည်ကိုအရင်ပြောပြီး လိုရာကို နောက်မှပြောဆိုခြင်း
၈။ ကြက်ဆုပ်ခွပ်ပစ်ပြောဆိုခြင်း ~ မိမိအသာစီးရသောအခါ အပိုင်ပြောဆိုခြင်း
၉။ ရေစစ်ကရားပြောဆိုခြင်း ~ စကားကိုချန်မထားဘဲ အကုန်ပြောခြင်း
၁၀။ ရေသာသဲတင်ပြောဆိုခြင်း ~ အရှုံးဖြင့်ပြောဆိုခြင်း
၁၁။ ခက်တင်မောင်းနင်းပြောဆိုခြင်း ~ မတင်မကျနှင့် ရှေ့မရောက် နောက်မထိုင် ပြောဆိုခြင်း
စကားများခြင်း၏ အပြစ် (၅) ပါး
၁။ မဟုတ်မမှန်သောစကားကို ပြောမိတတ်၏။
၂။ ကုန်းတိုက်စကားကို ပြောမိတတ်၏။
၃။ ကြမ်းတမ်းသောစကားကို ပြောမိတတ်၏။
၎။ အနှစ်မဲ့သောစကားကို ပြောမိတတ်၏။
၅။ သေလွန်သောအခါ အပါယ်သို့ကျ၏။
စကားအရာ အင်္ဂါ (၁၀) ပါး
၁။ ကာလဝါဒီ ~ ပြောချိန်ပြောခွင့်သင့်မှ ပြောဆိုခြင်း
၂။ ဘူတဝါဒီ ~ ဟုတ်မှန်သော စကားကိုသာ ပြောဆိုခြင်း
၃။ ဓမ္မဝါဒီ ~ တရားနှင့် စပ်သည်ကိုသာ ပြောဆိုခြင်း
၎။ အတ္တဝါဒီ ~ အကျိုးနှင့် စပ်သည်ကိုသာ ပြောဆိုခြင်း
၅။ ပိယဝါဒီ ~ ချစ်ဖွယ်သောစကားကိုသာ ပြောဆိုခြင်း
၆။ မိဟိတပုဗ္ဗဘာဏီ ~ ပြုံးရွှင်ခြင်းကိုသာ ရှေးဦးပြ၍ ပြောဆိုခြင်း
၇။ မိတာဘာဏီ ~ မပိုမလွန် ချင့်ချိန်၍ ပြောဆိုခြင်း
၈။ အတုရိတဝါဒီ ~ အဆောတလျင် မပြောဆိုခြင်း
၉။ ပေါရီ ~ ဓလေ့ထုံးစံကိုလိုက်၍ ပြောဆိုခြင်း
၁၀။ ဝိသဒဝါဒီ ~ သန့်ရှင်းသေချာ ဋ္ဌာန်ကရိုဏ်းကျအောင် ပြောဆိုနိုင်ခြင်း
စကား ၆ ခွန်း လူ၌ထွန်း၊ ၄ ခွန်းကိုပယ် ၂ ခွန်းတည်
၁။ မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ သူတစ်ပါးကလည်းမနှစ်သက်သော မုသာဝါဒစကားများ
၂။ မှန်လည်းမှန်၏၊ အကျိုးလည်းမရှိ၊ သူတစ်ပါးကနှစ်သက်သော ပိသုဏဝါစာစကားများ
၃။ မှန်လည်းမှန်၏၊ အကျိုးလည်းမရှိ၊ သူတစ်ပါးလည်းမနှစ်သက်သော ဖရုသဝါစာစကားများ
၎။ မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ သူတစ်ပါးကနှစ်သက်သော သမ္ဖပ္ပလာပဝါစာစကားများ
၅။ မှန်လည်းမှန်၏၊ အကျိုးလည်းရှိ၏၊ သူတစ်ပါးလည်းနှစ်သက်သော သမ္မာဝါစာစကားများ
၆။ မှန်လည်းမှန်၏၊ အကျိုးလည်းရှိ၏၊ သူတစ်ပါးတော့မနှစ်သက်သော သမ္မာဝါစာစကားများ

Nov 30, 2011
ဗုဒ္ဓဘာသာဝင်တိုင်းသိစေချင်
အိမ်ထောင် ၄ မျိုး
အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဓုရမြို့ နှင့် ဝေရဉ္ဇာပြည် အကြားဝယ် ခရီးရှည် ကြွသွားခိုက် လမ်းခရီးတွင် တွေ့ရသော ခရီးသည် သကြွယ်ဇနီးမောင်နှံအား အိမ်ထောင်ရေးနှင့် ပတ်သက်၍ အတူနေ အိမ်ထောင်သည် အမျိုးအစား လေးမျိုး ရှိကြောင်း ဟောကြားတော်မူခဲ့သည်
• လင်မယား နှစ်ဦးစလုံး ယုတ်မာသော စိတ်သဘော အမူအကျင့် တူညီစွာ ရှိနေကြလျှင် သူသေချင်း အတူတူ နေခြင်း ဟူ၍ လည်းကောင်း။
• လင်က စိတ်သဘောထား ဆိုးသွမ်း ယုတ်မာ၍ မယားက စင်ကြယ်မွန်မြတ် သော သူတော်ကောင်းစိတ် ရှိနေလျှင် နတ်သမီး မယားသည် သူသေလင်နှင့် အတူ ပေါင်းသင်းနေခြင်း ဟူ၍ လည်းကောင်း။
• လင်သည် မြင့်မြတ်စင်ကြယ်သော စိတ်ထားအမူအကျင့် ရှိသည့် သူတော်ကောင်း ဖြစ်နေပြီး မယားက အကျင့် စာရိတ္တ သဘောထား၊ အမူအရာ ယုတ်မာနေလျှင် နတ်သားလင်သည် သူသေမယားနှင့် အတူ ပေါင်းသင်းနေခြင်း ဟူ၍လည်းကောင်း။
• လင်မယား နှစ်ဦးစလုံး သူတော်ကောင်း တွေဖြစ်နေလျှင် အကျိုးစီးပွား များပြားကုန်သည်။ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ နေထိုင်ရသည်။ ထိုသူတို့အား မနာလို ၀န်တိုသူများ အဖို့ စိတ်ဆင်းရဲခြင်း ဖြစ်စေသည် ဟူ၍ လည်းကောင်း ဟောကြားခဲ့သည်။
( ပထမသံဝါသသုတ်၊ ဒုတိယသံဝါသသုတ် ဒေသနာတော် )
သမုဒ္ဒရာကြီး (၆) စင်း
ဤလောက၌ သမုဒ္ဒရာ၊ သမုဒ္ဒရာဟု ပြောဆိုလေ့ ရှိကြသည်။ ဤသို့ ပြောဆိုအပ်သော အရာသည် မြတ်စွာဘုရား၏ အဆုံးအမ၌ သမုဒ္ဒရာ မဟုတ်ပေ။ ကြီးကျယ် များပြားသော ရေအစ ရေအပြင် သာလျှင် ဖြစ်သည်။ သမုဒ္ဒရာ ဟူသည်မှာ မျက်စိ သမုဒ္ဒရာစစ်စစ်အားဖြင့် သတ္တာဝါတို့၏ မျက်စိသည် သမုဒ္ဒရာမည်ပါသည် ထိုမျက်စိသမုဒ္ဒရာ၌ အဆင်းရူပါရုံ တည်းဟူသော အဟုန်အရှိန်သည် ရှိသည်။ အကြင်သူသည် ထိုးအဆင်း တည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် မျက်စိသမုဒ္ဒရာကို ကူးမြောက်ပြီးသူ ဖြစ်သည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။
နား သမုဒ္ဒရာ
• သတ္တ၀ါတို့၏ နားသည် သမုဒ္ဒရာ မည်ပေသည်။ ထို နားသမုဒ္ဒရာ၌ အသံသဒ္ဒါရုံ တည်းဟသော အဟုန်အရှိန် ရှိသည်။ အကြင်သူသည် ထို အသံတည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် နားသမုဒ္ဒရာ ကို ကူးမြောက်ပြီးသူ ဖြစ်ပေသည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။
နှာခေါင်း သမုဒ္ဒရာ
• သတ္တ၀ါတို့၏ နှာခေါင်းသည် သမုဒ္ဒရာမည် ပေသည်။ ထိုနှာခေါင်း သမုဒ္ဒရာ၌ အနံ့ ဂန္ဓာရုံတည်း ဟူသော အဟုန်အရှိန် ရှိသည်။ အကြင်သူသည် ထို အနံ့တည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် နှာခေါင်းသမုဒ္ဒရာ ကို ကူးမြောက်ပြီးသူ ဖြစ်ပေသည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။
လျှာ သမုဒ္ဒရာ
• သတ္တ၀ါတို့၏ လျှာသည် သမုဒ္ဒရာမည် ပေသည်။ ထိုလျှာ သမုဒ္ဒရာ၌ အရသာ ရသာရုံတည်း ဟူသော အဟုန်အရှိန် ရှိသည်။ အကြင်သူသည် ထို အရသာတည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် လျှာသမုဒ္ဒရာ ကို ကူးမြောက်ပြီးသူ ဖြစ်ပေသည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။
ကာယ သမုဒ္ဒရာ
• သတ္တ၀ါတို့၏ ကိုယ်ခန္ဓာသည် သမုဒ္ဒရာမည် ပေသည်။ ထိုကိုယ် သမုဒ္ဒရာ၌ အတွေ့အထိ ဖောဋ္ဌဗ္ဗရုံတည်း ဟူသော အဟုန်အရှိန် ရှိသည်။ အကြင်သူသည် ထို အတွေ့အထိ တည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် ကိုယ်သမုဒ္ဒရာ ကို ကူးမြောက်ပြီးသူ ဖြစ်ပေသည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။
စိတ် သမုဒ္ဒရာ
• သတ္တ၀ါတို့၏ စိတ်သည် သမုဒ္ဒရာမည် ပေသည်။ ထို စိတ်သမုဒ္ဒရာ၌ သဘောတရား ဓမ္မာရုံတည်း ဟူသော အဟုန်အရှိန် ရှိသည်။ အကြင်သူသည် ထို သဘောတရား တည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် စိတ်သမုဒ္ဒရာ ကို ကူးမြောက်ပြီးသူ ဖြစ်ပေသည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။
(သဠာယတန၀ဂ္ဂ၊ သဠာယတနသံယုတ်၊ သမုဒ္ဒ၀ဂ်၊ သမုဒ္ဒသုတ် )
အရိယာမဂ်
ဘေးရန်ကင်း၍ ကောင်းကျိုးချမ်းသာ ဖြစ်စေတတ်သော လမ်းကောင်း ကိုခေါ်ဆိုပါသည်။
အရိယာမဂ် ဆိုသည်မှာ
• မှန်ကန်သော ဥာဏ်အမြော်အမြင်
• မှန်ကန်သော အကြံအစည်
• မှန်ကန်သော ပြောဆိုမှု
• မှန်ကန်သော ပြုလုပ်မှု
• မှန်ကန်သော အသက်မွေးမှု
• မှန်ကန်သော အားထုတ်ခြင်း လုံ့လ
• မှန်ကန်သော အောက်မေ့ခြင်း
• မှန်ကန်သော တည်ကြည်ခြင်း
တို့ဖြစ်သည်။
(မူလပဏ္ဏာသပါဠိတော်၊ သီဟနာဒ၀ဂ်၊ ၀ိတက္ကသဏ္ဍာနသုတ် )
မိစ္ဆာမဂ်
ဘေးရန်ထူပြော၍ ပင်ပန်းဆင်းရဲခြင်း ကြီးစွာ ဖြစ်စေတတ်သော လမ်းဆိုး ကိုခေါ်ဆိုပါသည်။
မိစ္ဆာမဂ် ဆိုသည်မှာ
• မှားသော အမြင်
• မှားသော အကြံအစည်
• မှားသော စကား
• မှားသော ပြုလုပ်မှု
• မှားသော အသက်မွေးမှု
• မှားသော အားထုတ်ခြင်း လုံ့လ
• မှားသော အောက်မေ့ခြင်း
• မှားသော တည်ကြည်ခြင်း

သိကြားသာသနာဆိုသည်မှာ
သိကြား သာသနာ ဟူသောစကားမှာ သိကြားမင်း၏ အဆုံးအမကို ဆိုလိုသော စကားမဟုတ်ပါ။ မြတ်စွာဘုရားရှင် ခိုင်းစေ တော်မူချက်အရ သိကြားမင်း စောင့်ရှောက်အပ်သော ဗုဒ္ဓသာသနာကို ဆိုသော စကားဖြစ်ပါသည်။ သိကြားမင်း စောင့်ရှောက်အပ်သော သာသနာဖြစ်သောကြောင့် သိကြားသာသနာဟု ခေါ်ဆိုနေကြခြင်း ဖြစ်ပါသည်။
အနာဂတံဥာဏ်တော်ဖြင့် လောကကို ရှုကြည့်တော်မူရာ
မြတ်စွာဘုရားသည် သာသနာတော်ကို စောင့်ရှောက်ရန် သာသနာ့ ဥာဏ်တော်ဖြင့် လောကကို ရှုကြည့်လတ်သော် သီဟိုဠ်ကျွန်းတွင် သာသနာတော် ထွန်းကားလာမည့် သမ္ပတ္တိဂုဏ်ကို မြင်တော်မူ၍ သီဟိုဠ်ကျွန်း၌ ရှင်မဟိန္ဒ သာသနာပြုအံ့သော အကြောင်းကို မိန့်ကြားတော်မူသည်။ သင် သိကြားမင်းသည် ထိုကဲ့သို့ ရှင်မဟိန္ဒ သီဟိုဠ်ကျွန်းသို့သွား၍ သာသနာပြုသောအခါ၌ အပေါင်းအဖော် အကူအညီ ဖြစ်ပါလေလော့ဟု စေခိုင်း တော်မူခဲ့လေသည်။
သိကြားမင်းကာ "ကောင်းပါပြီ အရှင်မြတ်ဘုရား" ဟု ၀န်ခံစကား လျှောက်ထား၍ ရှင်မဟိန္ဒ သီဟိုဠ်ကျွန်း၌ သာသနာပြုသောအခါ အကူအညီ အဖော်သဟဲ ဖြစ်ခဲ့ကြောင်းဖြင့် ၀ိနယပိဋကတ်၊ အဋ္ဌကထာ တွင် ဖော်ပြသည်။
သာသနာရေးကိစ္စမှန်သမျှ သိကြားမင်းစောင့်ရှောက်ရစ်ရန်
ဤအဋ္ဌကထာ၌ မြတ်စွာဘုရားသခင်သည် အရှင်မဟိန္ဒ သီဟိုဠ်ကျွန်း၌ သာသနာပြုရေး အတွက်သာ သိကြားမင်းအား စေခိုင်းတော်မူပုံကို ပြသော်လည်း ဤကိစ္စတစ်ခုသာမက နောင် ငါဘုရား မရှိသည့်နောက် သာသနာရေး ကိစ္စမှန်သမျှ သင်သိကြားမင်း စောင့်ရှောက် ကူညီရစ်ပါလေ ဟု မှာကြားခြင်း ကိစ္စပြီး၏။
ထိုသို့ စေခိုင်းတော်မူသောအခါ သာဓုဘန္တေ အာမဘန္တေ စသည်ဖြင့် သိကြားမင်း၏ ၀န်ခံချက် ထို အဋ္ဌကထာ၌ မပါရှိသော်လည်း
တဒါသက္ကေည ဒေ၀ါမိန္ဒာ၊ မဟိန္ဒတ္ထေရံ ဥပသင်္ကမိတွာ၊ ဧတဒဝေါစ-
• ကာလင်္ကတောဘန္တေ၊ မုဋသိဝရာဇာ၊ ဣဒါနိဒေ၀ါနံပိယတိဿ၊ မဟာရာဇာ ရဇ္ဇံကာရေတိ။
• သမ္မာ သမ္ဗုဒ္ဓေနစ တုမှေ ဗျာကတာ၊ အနာကတေ မဟိန္ဒောနာမ ဘိက္ခု၊ တဗ္ဗပဏ္ဏိဒီပံ ပသာဒေဿတီတိ။
(၀ိနယ ပါဠိတော်၊ အဋ္ဌကထာ)
ဤအဋ္ဌကထာလာ စကားကို ထောက်၍ မြတ်စွာဘုရား ခိုင်းစေတော်မူသော ခဏပင် သိကြားမင်းသည် အာမ၀န်တာ ခံခဲ့သည်ဟု မှတ်ယူရာ၏။ မြတ်စွာဘုရား စေခိုင်းတော်မူချက် အတိုင်း ရှင်မဟိန္ဒ သီဟိုဠ်ကျွန်း၌ သာသနာပြု သောအခါ သိကြားမင်း အကူအညီပေးခြင်းကို ထောက်ဆ၍ မြတ်စွာဘုရား စေခိုင်းတော်မူချိန်တွင် အာမဘန္တေ၀န်ခံ စကား လျှောက်ထားခဲ့သည်ဟု မှန်းဆ၍ သိနိုင်လေသည်။
မြတ်စွာဘုရားနှင့် အမ္ဗဋ္ဌလုင်
ထို့ပြင် မြတ်စွာဘုရားရှင် နှင့် အမ္ဗဋ္ဌလုင် တို့၏ ဇာတ်နှင့်စပ်၍ စကား အခြေအတင် ပြောဆို မိန့်ကြားရာ၌ မြတ်စွာဘုရားက အမ္ဗဋ္ဌလုင်ကို နှစ်ကြိမ်တိုင်ပင် မေးသောအခါ အမ္ဗဋ္ဌလုင်သည် ပေတိပေကပ် မဖြေကြားဘဲ နေမှုနှင့် ပတ်သက်၍ သိကြားမင်းသည် ဗုဒ္ဓရှင်တော်မြတ်အား လျှောက်ထားခဲ့ဖူး လေသည်။
"ဘ၀ဂါ ဓမ္မံ ဒေသေထ"
• "ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား၊ အရှင်မြတ်ဘုရားတို့သည် တရားဓမ္မကို ဟောကြား တော်မူ ကြပါကုန်လေ ... "
"တုံမှာကံ အာဏာယ၊ အ၀တ္တမာနေမယံ ၀တ္တာပေဿာမ"
• အရှင်မြတ်ဘုရားတို့၏ အာဏာတော်ဖြင့် အမ္ဗဋ္ဌ မလိုက်နာသည်ရှိသော် ကျွန်ုပ်တို့သည် ဤ အမ္ဗဋ္ဌကို လိုက်နာစေပါကုန်အံ့ ...
"တုမာကံ ဓမ္မစက္ကံ ဟောတု၊ အမှာကံ အာဏာစက္ကန္တိ ပဋိညံ အကာသိ"
• အရှင်မြတ်ဘုရား တို့ဘက်က ဓမ္မစက် ဖြစ်ပါစေ။ တပည့်တော်တို့ဘက်က အာဏာစက် ဖြစ်ပါစေမည် ဟု ပဋိညာဉ် ၀န်ခံချက် ပြုခဲ့လေပြီ။
(သီလက္ခန်၊ အဋ္ဌကထာ ၂၃၁)
သာသနာတော် အနှစ် ၅၀၀၀ ကာလပတ်လုံး
တပည့်တော်တို့ဘက်က အာဏာစက် ဖြစ်ပါစေမည်ဟု သိကြားမင်း၏ လျှောက်ထားချက်သည် မြတ်စွာဘုရား သခင် ပရိနိဗ္ဗာန် စံပြီးသည့်နောက် အနှစ် ၅၀၀၀ ကာလပတ်လုံး တပည့်တော် စောင့်ရှောက်ပါမည်။ သာသနာပြု ပုဂ္ဂိုလ် တို့အား ကူညီပါမည်။ အဖော်သဟဲ ဖြစ်စေပါမည်ဟု လျှောက်ထားခြင်း ပေတည်း။
ထို့ကြောင့် မြတ်စွာဘုရားသခင် တာဝန်ပေး စေခိုင်း တော်မူချက်အရ သိကြားမင်း အာမဘန္တေ၀န်ခံတာ၊ သာသနာတော်ကို စောင့်ရှောက်ကြောင်း ခိုင်မာစွာ မှတ်ယူကြရာ၏။ ထိုသို့ နတ်တို့ သနင်း သိကြားမင်း စောင့်ရှောက်သော သာသနာကို ရည်ညွှန်း၍ လူတို့ ဝေါဟာရ သိကြားသာသနာဟု ပြောဆိုနေကြခြင်း ဖြစ်ပေသတည်။
"မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီး အဓွန့်ရှည်ကြာတည်ပါစေသောဝ် .. .."
ဓမ္မ၀ီရဂျာနယ်၊ အတွဲ(၁၄)၊ အမှတ်(၅)၊ (၁၃-၂-၂၀၀၉) မှ ခင်မောင်မိုး(တောင်ကြီး) ၏ သိကြားသာသနာဆိုသည်မှာ

Nov 15, 2011
လူတိုင်းမှာအလားအလာရှိတယ် (၃)
A man of genius makes no mistakes. His errors are the portals of discovery.
JAMES JOYCE
ပါရမီ့ရှင်
ပါရမီ့ရှင်ဆိုတာ အမှားတွေလျှောက်မလုပ်ဘူး။ သူ့မှာချွတ်ချော်တာရှိရင်တောင် ဒါတွေက
အသစ်ရှာဖွေတွေ့ရှိမှုရဲ့ တံခါးခြေကျော်ပေါက်တွေ ဖြစ်နေတတ်တယ်။
ဂျိမ်းစ် ဂွိုက်စ်
A GOOD memory is one trained to forget the trivial.
CLIFTON FADIMAN
မှတ်ဥာဏ်ကောင်းဆိုတာ
ဗုံမ၀င် ဆုံမ၀င် ကိစ္စတွေကို မေ့ပစ်နိုင်အောင် လေ့ကျင့်ထားမှ မှတ်ဥာဏ်ကောင်းလို့ခေါ်တယ်။
ကလစ်ဖ်တင် ဖာဒီမဲန်
PERCHED one the loftiest throne in the world, man is still sitting on his own behind.
MONTAIGNE
အတ္တကို ကုန်းပိုးထားမယ်
လောကမှာ အကြီးကျယ်ဆုံးဆိုတဲ့ ပလ္လင်ပေါ်တက်ထိုင်ပြီး ခံစားစံစားနေရပေမယ့်လည်း လူဆိုတာ
ကိုယ့်ကျောကုန်းပေါ်ကိုယ်ဖက်တက်ပြီး ကားယားခွတုန်းပဲ။
မွန်တိန်း
You can tell a lot about a town from how it treats its visitors.
MARY E. POTTER
မြို့တစ်မြို့ရဲ့အကြောင်း
ကိုယ့်ဆီအလည်လာတဲ့ အာဂန္တုဧည့်သည်အပေါ် ဘယ်လိုဆက်ဆံတယ်ဆိုတာကြည့်ပြီး၊ မြို့တစ်
မြို့အကြောင်း ကောင်းကောင်းကြီး ပြောလို့ရတယ်။
မေရီ အီး၊ ပေါ့တား
I LISTEN to critics because often they're a good source of information for what you have
to do differently.
JOHN CHAMBERS
ကျွန်တော့်ကို ဝေဖန်ပါ
ဝေဖန်ရေးဆရာတွေရဲ့ စကားကို ကျွန်တော်ကတော့ နားစွင့်တယ်။ ဘာပြုလို့လဲဆိုတော့ တစ်
ခါတလေ ကိုယ့်အနေနဲ့ တစ်မူကွဲပြားတာ လုပ်ဖို့လိုတဲ့အခါ သူတို့ကမှ တကယ့် သတင်းဇစ်မြစ် ကောင်း
ဖြစ်နေတတ်လို့ပဲ။
ဂျွန် ချိမ်းဘားစ်
LIVE your life in the manner that you would like your kids to live theirs.
MICHAEL LEVINE
ဆဋ္ဌမမြောက် မိဘ၀တ်
ကိုယ့်သားသမီးတွေကို ဘယ်အမူအကျင့်မျိုးနဲ့ နေစေထိုင်စေချင်သလဲ။
အဲဒီ နေနည်းမျိုးနဲ့ ကိုယ်ကိုယ်တိုင်လည်း နေပြပါ။
မိုက်ကယ်လ် လီဗိုင်း
THE Ten Commandments aren't prefaced with " If you're in the mood ".
LAURA SCHLESSINGAR
ပညတ်တော်ဆယ်ပါးသည် သားချော့တေးမဟုတ်
ပညတ်တော်ဆယ်ပါးမှာ “ သင်စိတ်ပါလျှင် လိုက်နာပါ ” လို့ အမှာစာ ရေးမထားဘူး။
လော်ရာ ရှလက်ဆင်းဂါး
WHEN we forgive, we free ourselves from the bitter ties that bind us to the one who hurt us.
CLAIRE FRAZIER YZAGUIRER
အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏....
ခွင့်လွှတ်လိုက်ပြီ ဆိုတဲ့အခါမှာ ကိုယ့်ကို အနာတရဖြစ်အောင် လုပ်သူနဲ့ကိုယ်နဲ့ကြားမှာ တုပ်နှောင်
ထားတဲ့ နာကျည်းခါးသီးမှု အနှောင်အဖွဲ့ကနေ ကိုယ့်ကိုယ်ကို လွတ်လပ်ခွင့်ပေးလိုက်တာပါပဲ။
ကလိုင်ရာ ဖရေဇီယာ ဇာဂူရာ
Nov 2, 2011
ကမ္ဘာ့စကားပုံထဲက မိန်းမသား (၃)
My husband is not jealous, though my lover came seeking me with
a lighted candle in his hand.
Arabic Proverb
ကျွန်မရဲ့ ရည်းစားက ဖယောင်းတိုင်ထွန်းပြီး
ကျွန်မကိုလိုက်ရှာနေပေမဲ့ ကျွန်မခင်ပွန်းက သ၀န်မတိုပါ။
အာရဗီ စကားပုံ
Even one must manage his wife according to his experience.
Arabic Proverb
ခင်ပွန်းဖြစ်သူသည် မိမိ၏ အတွေ့အကြုံအရ ဇနီးဖြစ်သူကို
စီမံညွှန်ကြားသင့်သည်။
အာရဗီ စကားပုံ
It is better for a woman to marry the man who loves her than to
mate with man she loves.
Arabic Proverb
ကိုယ်ချစ်ကိုရခြင်းထက် သူချစ်ကိုလက်ထပ်ခြင်းက
မိန်းကလေးတစ်ယောက်အတွက် ပို၍ကောင်းသည်။
အာရဗီ စကားပုံ
Be ware of woman with beards and man without beards.
Basque Proverb
မုတ်ဆိတ်ရှိသောမိန်းမများနှင့် မုတ်ဆိတ်မရှိသော
ယောက်ျားများကို သတိထားပါ။
ဘာ့စ် စကားပုံ
Gold, woman, and linen should be chosen by daylight.
Basque Proverb
ရွှေ၊ မိန်းမနှင့် အထည်အလိပ်ကို နေ့ခင်းအချိန်တွင် ရွေးသင့်သည်။
ဘာ့စ် စကားပုံ
Calm counsel is a faithful wife, hastiness is a harlot.
Borneo Proverb
တည်ငြိမ်သော အကြံ ဥာဏ်သည် သစ္စာရှိသော ဇနီးတစ်ယောက်ဖြစ်၏။
အလျင်စလို အကြံ ဥာဏ်သည် မိန်းမပျက်တစ်ယောက်ဖြစ်၏။
ဘော်နီယို စကားပုံ
The real housewife is at once a slave and a lady.
Bosnian Proverb
တကယ့်အိမ်ထောင်ရှင်မသည် တစ်ချိန်တည်းမှာပင်
ကျွန်ဖြစ်သလို မိန်းမမြတ်တစ်ယောက်လည်းဖြစ်သည်။
ဘော့စ်နီးယန်း စကားပုံ
If you want to go to the gallows without the aid of a ladder,
you can go by the aid of a woman.
Binghalese Proverb
သင်သည် လှေကားမပါဘဲ ကြိုးစင်ပေါ်တက်လိုပါက
မိန်းမတစ်ယောက်၏အကူအညီနှင့် တက်နိုင်သည်။
အင်္ဂလီ စကားပုံ
For a bad girl put in a good word; of a good one you may
speak as you like.
Bulgarian Proverb
ဆိုးသွမ်းသည့် မိန်းကလေးတစ်ယောက်ကို ကောင်းမွန်သည့် စကားလုံး
များနှင့်ပြောပါ။ မိန်းမကောင်းတစ်ယောက်ကိုတော့ သင်ကြိုက်သလိုပြောပါ။
ဘူလ်ဂေးရီးယန်း စကားပုံ
you should never lend your house, your watch, or your wife.
Bulgarian Proverb
သင်၏ မြင်း၊ နာရီနှင့် ဇနီးကို ဘယ်တော့မှ မချေးငှားသင့်ပါ။
ဘူလ်ဂေးရီးယန်း စကားပုံ
Oct 27, 2011
အလွယ်ဆုံး
“ခက်” တာကို လူတိုင်းမနှစ်သက်ကြသလို “လွယ်” တာကို အားလုံး နှစ်သက်လက်ခံကြတယ်။ လတ်တလောအခက်အခဲ၊ ပြသနာ ဖြေရှင်းဘို့ကိုလည်း “အလွယ်” လမ်းကိုသာ သာမန်ရွေးကြမှာပါ။
အသက်ရှင်နေသည့် ဘ၀ တလျှောက်လုံး နေ့စဉ် လူတိုင်း တွေ့နေရတဲ့ ခံစားချက်တွေဟာ
ကိုယ် “နှစ်သက်လက်ခံ” နိုင်တာနှင့် “မနှစ်သက် လက်မခံ” မှုနှစ်ခုပေါ်မှာသာ မူတည်နေပါတယ်။ ဒီတော့
“လွယ်” တာကို အများစုက “နှစ်သက်လက်ခံ” နိုင်ပြီး “ခက်” တာကို “မနှစ်သက်လက်မခံ” ဘူးလို့ ကျွန်
တော်တို့ ပြောနိုင်ကြပြီပေါ့။
“အလွယ်ဆုံး” လုပ်ရပ်တိုင်းဟာ ရေရှည်မှာ “အခက်ဆုံး” ဖြစ်လာမယ်လို့ ကြိုပြောရင် “ကိုယ်
တွေ့” မဖြစ်သရွေ့ လက်ခံဘို့သိပ်ခက်ပါတယ်။ လူ့သဘာဝအရ “ကိုယ်တွေ့” ဘယ်လောက်ကြုံခဲ့ပြီး
သော်လည်း “လွယ်” တာကို ဆက်နှစ်သက်နေကြစမြဲပါ။ လွယ်လွယ်လေး လုပ်လိုက်လို့ လက်တလော
ပြသနာ ရှင်းသွားတယ်၊ ဖြတ်လမ်းလိုက်မိလို့ အချိန်ကုန်သက်သာသွားပြီး အဆင်ပြေ စိတ်ချမ်းသာသလို
ခံစားရပေမယ့် နောက်ဆက်တွဲ “အခက်ဆုံး” တွေနှင့် ဆုံရအုံးမယ်လို့တွက်မိသူ တော်တော်ရှားလိမ့်မယ်။
ကံဆုံ၍ ပထမအကြိမ်မှာ “ဖြတ်လမ်းနှင့်အလွယ်လိုက်” လမ်း ကပြသနာအခက်ကို ရှင်းလိုက်နိုင်ပေမယ့်
“အလွယ်လိုက်” လုပ်ရပ် အကျင့်ဆိုးကြီးက အမြစ်တွယ်သွားလို့ နောက်လုပ်ရပ် တွေမှာ ဒီနည်းကိုဘဲအား
ကိုးမှာမို့ မအောင်မြင်တဲ့ လမ်းမကြီးပေါ်ရောက်လာပြီလို့ တွက်လိုက်ပါ။
ဘယ်လိုကိစ္စကို အလွယ်ဆုံးလို့သတ်မှတ်ကြမလဲ။ တစ်ယောက်အတွက် “အလွယ်ဆုံး” လုပ်ရပ်
ဟာ နောက်တစ်ယောက်အတွက် “အခက်ဆုံး” လည်းဖြစ်နိုင်ပါတယ်။ တစ်ဦးချင်း၏ စွမ်းရည်၊ ခံစားချက်၊
အခြေအနေပေါ်မူတည်ပါတယ်။
ဒါပေမယ့် လူသားအားလုံး ညီမျှစွာ လက်ခံနိုင်လောက်သည့် “အလွယ်ဆုံး” ကိစ္စတခုရှိပါသည်။
၎င်းကိစ္စဖြစ်မြောက်ရန်မှာ ကြိုးစားပြီးအရင်းအနှီး ရှာစရာလည်းမလို၊ ဘာအတားအဆီးမှမရှိ၊ ဆန့်ကျင်မှု
ဘယ်တော့မှလည်း မလုပ်၊ ကိုယ့်စိတ်ဆန္ဒအတိုင်း စိတ်ကြိုက် အမြဲလိုက်လျောပြီး၊ စိတ်ကူးလိုက်တာနှင့် အ
ချိန်အရလည်း စောင့်စရာမလို ချက်ချင်းအကောင်အထည်ဖော်ရသည့် “အလွယ်ဆုံး” ကိစ္စ ကတော့နှုတ်ခမ်း
နှစ်ခုကြားကနေ ဘာမှ မစဉ်းစား၊ မထောက်ညှာဘဲ ထွက်သွားသည့် “အလွယ်ဆုံး” သုံးမိသည့် “စကား” လုံး
များပင်ဖြစ်ပါသည်။ လွယ်လွန်း၍ လူတိုင်းနေ့စဉ် ကျူးလွန်ကြုံတွေ့နေရသည့် “အမှား” များနှင့် တိုက်ရိုက်
ဆက်နွယ်နေပါသည်။
ဖတ်သားဘူးသော စာစောင်တွေက အနှစ်သက်ဆုံး မှတ်ထားမိသည့် စာတန်းတချို့ကိုပြန်ရေး
ပြရလျှင်၊
- အသံကြောင့် ဖားသေ။
- စကားကျွံလျှင် နှုမရပါ။
- စကားများလျှင် အမှားများသည်။
“စကားလေးတလုံး” ကြောင့် ဘ၀အခြေအနေ ပြောင်းသွားရတဲ့ သာဓကတွေ တပုံကြီးရှိပါတယ်။
ကောင်းကျိုးထက်၊ ဆိုးကျိုးပိုရတာများပါတယ်။ ကိုယ်ပြောတဲ့ စကားကြောင့် ကိုယ့်မှာ ဆိုးကျိုး၊ ကောင်းကျိုး
ပြောင်းလဲမှုတွေ ယခုဆောင်းပါး ဖတ်နေသော သူမှာပင်ရှိခဲ့ဘူးမှာပါ။ ဒါကြောင့် စကားမပြောခင်မှာ သေချာ
စီစစ်ဖို့ လိုတယ်။
အောင်မြင်တိုးတက်ကြီးပွားနေသူတိုင်းဟာ စကားကို သိပ်သတိထားပြောတယ်။ ဘာကိုမှ လွယ်
လွယ်လေးနှင့် မ ပြောပါ။ မပြောခင်မှာ အထပ်ထပ် စဉ်းစားပြီးမှပြောသလို သူ့ကိုပြောတဲ့ စကားကိုလည်း
တလေးတစား တန်ဖိုးထားပြီးတိုင်းတာ ဝေဖန်တယ်။ တပါးသူရဲ့ အတွင်းစာရိတ္တကို သိဖို့ရန် အ၀တ်အစား၊
အနေအထိုင်ထက် သူပြောတဲ့ စကားပေါ်မှာ ပိုပြီးပုံဖမ်းလို့ရတယ်။ နားထောင်နေတဲ့သူရဲ့ အတွေ့အကြုံ၊
အသိဥာဏ် အတိမ်အနက်ပေါ်မှာ မူတည်ပြီး ပြောနေသူရဲ့ အခြေအနေကို ချက်ချင်းမှန်းနိုင်ပါတယ်။ ပြော
သူက “မဟုတ်တာ” ကိုယုတ္တိရှိအောင် သရုပ်ဆောင်ပြီး၊ အပြောသိပ်ကောင်းလို့ ယုံမိတယ်ထားအုံး၊ ပြော
ထားခဲ့တဲ့ စကားလက်ကျန် သက်သေ ရှိနေသေးလို့ အဖြစ်မှန်ကို ရေရှည်ဖုံးမရပါ။ ဒါကြောင့် ပြောမိလိုက်
တဲ့ စကားလုံးတိုင်းရဲ့ ထိရောက်မှု အတိမ်အနက်က တိုင်းမရအောင် ကျယ်ပြန့်လွန်းပါတယ်။
အမှတ်မထင် လွယ်လွယ်လေး စကားပြောမိတယ်။ ဒေါသအလျှောက် စကားတွေ အန်ထွက်
တယ်၊ လောဘအရ ကတိစကားတွေ လွယ်လွယ်လေး ပေးကြတယ်။ ပြောတဲ့သူအနေနှင့် ခံစားချက်မရှိ
စိတ်မှာ ပေါ်လာတဲ့ လှုပ်ရှားမှု ဆန္ဒအရလွယ်လွယ်လေး ပြောလိုက်ပေမယ်၊ ပြောသူကို ပတ်ဝန်းကျင်တခု
လုံးက သူ့သုံးစွဲခဲ့သမျှ စကားများနှင့် ညီမျှသည့် တုန့်ပြန်မှုတွေနှင့် တိုင်းထွာဝေဖန် အကဲဖြတ်ကြမယ်။
ပြောသူ၏ အတွင်းစာရိတ္တတစ်ခုလုံးက သူပြောဆိုသုံးနှုန်းသမျှ သူ့စကားများမှာ ပုံပေါ်နေပါသည်။
အဝေဖန်လွန်ကဲခြင်း၊ ပြစ်တင်ရှုံ့ချခြင်း၊ ပေးထားသောကတိကို ရုပ်သိမ်းခြင်း၊ စကား အပြောင်း
အလွဲလုပ်ခြင်း၊ အကြွားအ၀ါလွန်ကဲခြင်း၊ သူတပါးကိုနှိမ့်ချ အထင်သေးစကားပြောခြင်းများသည် ပြောဆိုသူ
၏အတွင်း စိတ်ရင်းနှင့် ထပ်တူနေပါကြောင်းဖော်ပြနေပါသည်။
ကျွန်တော် ကျေးဇူးရှင် တစ်ယောက်ဆုံးမဖူးသည်။ “ဆန္ဒပေါ်လာတာကို နှုတ်ကနေ ချက်ချင်းမ
ပြောဘဲ ဦးနှောက်ဥာဏ်ဖြင့် အရင်ဆုံးစီစစ်ပါ။ ဖြစ်နိုင်လျှင်သုံးကြိမ်လောက် စိတ်အေးအေး အချိန်မှာ စီစစ်
ပြီးမှ ပြောသင့် မသင့်ကို ဆုံးဖြတ်ပါ။ နားထောင်သူနှင့်လည်းမဆိုင်၊အကျိုးလည်းမရှိ၊ တပါးသူအတွက်နစ်နာ
မှုလည်း ရှိပြီး၊ သူမနှစ်မြို့စရာကိစ္စ” ဖြစ်နေလျှင် နှုတ်ကိုပိတ်ထားပါ။
ဖိုးဝမောင်(အော်စလိုမြို့) မှ ကူးယူဖော်ပြအပ်ပါတယ်ခင်ဗျာ..............။

Talk low, talk slow but don't talk too much.
(တိုးတိုးပြောပါ၊ ဖြေးဖြေးပြောပါ။ ဒါပေမယ့် စကားများများ မပြောနှင့်။)
A word slip from your mouth is no further belongs to you and also 50% of your secrecy is lost.
(နှုတ်မှ ထွက်ပြီးသောစကားလုံးကို သင်မပိုင်ဆိုင်တော့ပါ။ ကိုယ်ပိုင်လုံခြုံမှု၏ ၅၀% လည်းလျော့သွားပြီ။)
Mouth is the biggest opening in this world. It appreciates and criticises at the same time.
Least opening of your mouth is the best.
(ပါးစပ် သည်ဤကမ္ဘာတွင်အကြီးဆုံး အပေါက်ဖြစ်သည်။ ၎င်းအပေါက်မှပင် ချီးမွမ်း၊ ရှုံ့ချမှု နှစ်မျိုးစလုံးကို
တချိန်တည်း လုပ်နိုင်စွမ်းရှိသည်။ ပါးစပ်ကို “ဖွင့်ဟမှု” အနည်းဆုံးဖြစ်နိုင်အောင်လုပ်လျှင် အကောင်းဆုံးဖြစ်
သည်။)
As you go through life, you are going to have many opportunities to keep your Mouth shut.
Take advantage of all of them.
(သင့် ဘ၀ တလျှောက်မှာ နှုတ်ကို ပိတ်ထားနိုင်သည့် အခွင့်အကောင်းများနှင့် ကြုံရလိမ့်မည်။ ဒီအခွင့် အ
ရေးကို ယူ၍အသုံးချပါ။)
The reason dogs have so many friends is because they wag their tails but not their tongues
like human beings.
(ခွေးသတ္တ၀ါများ ချစ်စရာမိတ်ကောင်းများရရန် “အမြီးရမ်း” ၏။ လူသားများလို “လျှာ” မရမ်းပါ။)
“စကားလေးတလုံး” ကြောင့် ဘ၀အခြေအနေ ပြောင်းသွားရတဲ့ သာဓကတွေ တပုံကြီးရှိပါတယ်။
ကောင်းကျိုးထက်၊ ဆိုးကျိုးပိုရတာများပါတယ်။ ကိုယ်ပြောတဲ့ စကားကြောင့် ကိုယ့်မှာ ဆိုးကျိုး၊ ကောင်းကျိုး
ပြောင်းလဲမှုတွေ ယခုဆောင်းပါး ဖတ်နေသော သူမှာပင်ရှိခဲ့ဘူးမှာပါ။ ဒါကြောင့် စကားမပြောခင်မှာ သေချာ
စီစစ်ဖို့ လိုတယ်။
အောင်မြင်တိုးတက်ကြီးပွားနေသူတိုင်းဟာ စကားကို သိပ်သတိထားပြောတယ်။ ဘာကိုမှ လွယ်
လွယ်လေးနှင့် မ ပြောပါ။ မပြောခင်မှာ အထပ်ထပ် စဉ်းစားပြီးမှပြောသလို သူ့ကိုပြောတဲ့ စကားကိုလည်း
တလေးတစား တန်ဖိုးထားပြီးတိုင်းတာ ဝေဖန်တယ်။ တပါးသူရဲ့ အတွင်းစာရိတ္တကို သိဖို့ရန် အ၀တ်အစား၊
အနေအထိုင်ထက် သူပြောတဲ့ စကားပေါ်မှာ ပိုပြီးပုံဖမ်းလို့ရတယ်။ နားထောင်နေတဲ့သူရဲ့ အတွေ့အကြုံ၊
အသိဥာဏ် အတိမ်အနက်ပေါ်မှာ မူတည်ပြီး ပြောနေသူရဲ့ အခြေအနေကို ချက်ချင်းမှန်းနိုင်ပါတယ်။ ပြော
သူက “မဟုတ်တာ” ကိုယုတ္တိရှိအောင် သရုပ်ဆောင်ပြီး၊ အပြောသိပ်ကောင်းလို့ ယုံမိတယ်ထားအုံး၊ ပြော
ထားခဲ့တဲ့ စကားလက်ကျန် သက်သေ ရှိနေသေးလို့ အဖြစ်မှန်ကို ရေရှည်ဖုံးမရပါ။ ဒါကြောင့် ပြောမိလိုက်
တဲ့ စကားလုံးတိုင်းရဲ့ ထိရောက်မှု အတိမ်အနက်က တိုင်းမရအောင် ကျယ်ပြန့်လွန်းပါတယ်။
အမှတ်မထင် လွယ်လွယ်လေး စကားပြောမိတယ်။ ဒေါသအလျှောက် စကားတွေ အန်ထွက်
တယ်၊ လောဘအရ ကတိစကားတွေ လွယ်လွယ်လေး ပေးကြတယ်။ ပြောတဲ့သူအနေနှင့် ခံစားချက်မရှိ
စိတ်မှာ ပေါ်လာတဲ့ လှုပ်ရှားမှု ဆန္ဒအရလွယ်လွယ်လေး ပြောလိုက်ပေမယ်၊ ပြောသူကို ပတ်ဝန်းကျင်တခု
လုံးက သူ့သုံးစွဲခဲ့သမျှ စကားများနှင့် ညီမျှသည့် တုန့်ပြန်မှုတွေနှင့် တိုင်းထွာဝေဖန် အကဲဖြတ်ကြမယ်။
ပြောသူ၏ အတွင်းစာရိတ္တတစ်ခုလုံးက သူပြောဆိုသုံးနှုန်းသမျှ သူ့စကားများမှာ ပုံပေါ်နေပါသည်။
အဝေဖန်လွန်ကဲခြင်း၊ ပြစ်တင်ရှုံ့ချခြင်း၊ ပေးထားသောကတိကို ရုပ်သိမ်းခြင်း၊ စကား အပြောင်း
အလွဲလုပ်ခြင်း၊ အကြွားအ၀ါလွန်ကဲခြင်း၊ သူတပါးကိုနှိမ့်ချ အထင်သေးစကားပြောခြင်းများသည် ပြောဆိုသူ
၏အတွင်း စိတ်ရင်းနှင့် ထပ်တူနေပါကြောင်းဖော်ပြနေပါသည်။
ကျွန်တော် ကျေးဇူးရှင် တစ်ယောက်ဆုံးမဖူးသည်။ “ဆန္ဒပေါ်လာတာကို နှုတ်ကနေ ချက်ချင်းမ
ပြောဘဲ ဦးနှောက်ဥာဏ်ဖြင့် အရင်ဆုံးစီစစ်ပါ။ ဖြစ်နိုင်လျှင်သုံးကြိမ်လောက် စိတ်အေးအေး အချိန်မှာ စီစစ်
ပြီးမှ ပြောသင့် မသင့်ကို ဆုံးဖြတ်ပါ။ နားထောင်သူနှင့်လည်းမဆိုင်၊အကျိုးလည်းမရှိ၊ တပါးသူအတွက်နစ်နာ
မှုလည်း ရှိပြီး၊ သူမနှစ်မြို့စရာကိစ္စ” ဖြစ်နေလျှင် နှုတ်ကိုပိတ်ထားပါ။
ဖိုးဝမောင်(အော်စလိုမြို့) မှ ကူးယူဖော်ပြအပ်ပါတယ်ခင်ဗျာ..............။
Oct 26, 2011
အကဲခတ်ခြင်း
သက်ရှိသတ္တ၀ါတိုင်း ဆက်ဆံရေး အစဦးမှာ “အကဲခတ်ခြင်း” ကို အဓိကထားတာ ကျနော် အထူး
သတိပြုမိတယ်။
လူသားချင်း ပထမဆုံးတွေ့ကြလို့ စကားစ မပြောခင်မှာ တစ်ယောက်ရဲ့ ၀တ်စားပုံ၊ အမူအရာ
နှင့် လှုပ်ရှားမှု အားလုံးကို အရင်ဆုံး အကဲခတ်လေ့လာကြတယ်။ ဒါကြောင့် တစ်ဦးနှင့်တစ်ဦး လေးစားမှုရ
ခြင်း၊ အဆင့်ခွဲသတ်မှတ်ခံလိုက်ရခြင်းများက ကိုယ့်ရဲ့ ပထမဦးဆုံး သရုပ်ဖော်သည့် ခြေလှမ်းမှာ မူတည်ပါ
တယ်။
အကဲခတ်တဲ့နေရာမှာ မျက်စိနှင့်အကဲခတ်တယ်၊ ပြောသော စကားသံကို အကဲခတ်တယ်၊ လှုပ်
ရှားတဲ့ အမူအရာကိုအကဲခတ်ကြတယ်။ ခုလို အကဲခတ်သည့် ရလဒ်ပေါ်မူတည်ပြီး ဆက်ဆံကိုင်တွယ်ရမည့်
အဆင့်အမျိုးအစားကို တဖန်ဝေခွဲသတ်မှတ်လိုက်ပြန်တယ်။
အထက်မှာဖော်ပြပြီးတဲ့ အကဲခတ်မှုများ ပြီးဆုံးတာနှင့် ဆက်ဆံရေးအစမှာ “စမ်းသပ်ခြင်း” ဆို
တဲ့ လုပ်ရပ်နှင့် လုပ်ငန်းစကြတယ်။ တစ်ဦးနှင့်တစ်ဦး နည်းပရိယာယ် အမျိုးမျိုးနှင့်စမ်းကြတာပဲ။ တချို့
လည်း တစ်ယောက်ရဲ့ “ပျော့ကွက်” ကိုရှာ ထိုးစစ်ဆင်ကြတယ်။ တချို့လည်း တစ်ဖက်လူ ကြိုက်တတ်တာ
ကို “အစာပေး မျှားကြတယ်” ။ တချို့လည်း “တစ်ကောင်ကျွေး နှစ်ကောင်စားဖို့ ချိန်ကြတယ်” ။ တချို့ကြ
တော့ အနိုင်ကျင့် အထက်ကနေ ခြိမ်းခြောက်တောင်းသလို၊ တချို့က အကြိုက်လိုက် ချော့မော့ပြီးမှ အနိုင်
ယူဖို့လမ်းကိုရှာကြတယ်။
ဘာပဲဖြစ်ဖြစ် တစ်ဦးနှင့်တစ်ဦး ချဉ်းကပ် ဆက်ဆံကြတဲ့ နောက်ဆုံး ဦးတည်ရာ ပန်းတိုင်က
“ ကိုယ်လိုချင်တာ ရဖို့” မဟုတ်လား။ အနိုင်ယူပြီးမှ ရလိုက်တာထက် နှစ်ဦးနှစ်ဘက် သဘောတူကျေနပ်
အပေးအယူလုပ်နိုင်တာက ပိုသဘာဝကျ အေးချမ်းပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ လူမှုရေး စစ်ပွဲမှာ အ
သုံးပြုနေကြတဲ့ ပရိယာယ်မျိုးစုံကို ကြိုတင် အကွက်မြင်ထားပြီး ရှောင်တိမ်းနိုင်ဖို့ ပါးနပ်မှုရှိသူက အသာ
စီးရကြစမြဲပဲ။
အိမ်မှာမွေးထားတဲ့ ချစ်စနိုး “ ကြောင်၊ ခွေး” လေးတွေလည်း ဒီနည်းပရိယာယ်ကိုသုံးကြပါ
တယ်။ စကားမတတ်ပေမဲ့ သူတို့လေးတွေက ကျနော်တို့ရဲ့ အမူအရာကိုကြည့် အကဲခတ်ပြီး သူတို့ရလို
သော အခွင့်အရေး အတိုင်းအတာကို စကားမတတ်သော်လည်း “အမူအရာ” ပြ၍ တောင်းခံတတ်ကြသည်။
သဘာဝကြီးက “ လူ၊ တိရစ္ဆာန် ” အားလုံးကို ပုံတူ စီစဉ်ပေးထားပုံရသည်။
ဒါတွေကို သုံးသပ် လေ့လာမိတော့ ကျနော် သင်ခန်းစာယူမိသည်။
- ဘယ်ကိစ္စကိုမှ အကျင့် မလုပ်နှင့်၊ လုပ်ခွင့်ပေးရင် ပြင်ဖို့ခက်သည်။
-ကိုယ့် အားနည်းချက်များကို ဘယ်သူ့ကိုမှ ဖွင့်ဟမပြောနှင့်။ အနိုင်ယူဖို့ အသုံးချလိမ့်မည်။
-ကိုယ် လိုချင်နေသော ကိစ္စနှင့် တမ်းတ မက်မောနေသောအရာကို တစ်ပါးသူ မသိစေနှင့်။ အစာကြွေးပြီး
အနိုင်ခံရမည်။
-သူများ၏ ချီးမွမ်းခြင်း၊ မြှောက်ပင့် ပြောကြားခြင်းများကို မနှစ်သက်နှင့်။ နှစ်သက်ခြင်းသည် ကိုယ့် တောင့်
တင်းခိုင်မာသောစွမ်းရည်များ လျှော့လိုက်သည့် သဘောသက်ရောက်သည်။
-စကားချို သိပ်ပြော၊ အကြိုက်လိုက်လွန်းလျှင် တစ်ခုခု ကိုယ့်ကို အသုံးချတော့မည်လို့ တွက်တတ်ပါ။
-အစဦး ခြေလှမ်းမှာ ကိုယ့်ပုံကို အထင်သေး မခံရစေနှင့်။ သာမန်ထက်လည်း အထင်ကြီးခံရအောင် ဟန်
မဆောင်နှင့်။ မှန်မှန်ရိုးရိုး နှင့် ထုံးစံအတိုင်း ဖြစ်နေပါစေ။
-ဘာမှ သေချာတယ်လို့ ပုံသေမတွက်ထားနှင့်။ အချိန်မရွေး အပြောင်းအလွဲရှိသည်။ မမျှော်လင့်သော အ
ခြေအနေကို အချိန်မရွေး ရောက်မည်လို့ တွက်ထားတတ်ပါ။
-“သူ့အလှည့်ပြီးရင် ကိုယ့်အလှည့်”။“ ကိုယ့် အလှည့်ပြီးရင် သူ့အလှည့် ”လို့အမြဲတွက်ထားပါ။
-တစ်ပါးသူနှင့် ဆက်ဆံရေး ပြေလည်ရန် သူ့အကြိုက်ကိုလိုက်လျော ပေးပေါင်းတာထက်၊ သူမနှစ်သက်
တာကို မပြောမိ၊ မလုပ်မိရန် ဆင်ခြင် နေထိုင် ခြင်းသည်ပို၍ ရိုးသားရာရောက်သည်။
ယခု ဆောင်းပါးကို ကိုယ်တွေ့ အဖြစ်များမှ ကောက်နှုတ်မှတ်သား ရေးသားလိုက်ပါသည်။

Sep 21, 2011
မှတ်သားဖွယ်ရာအဖြာဖြာ (၄)
လျှပ်စီးဟာ ဘယ်ကို ရိုက်ခတ်သလဲ။
အများအားဖြင့် လျှပ်စီးဟာ အဆောက်အဦးတွေ၊ သစ်ပင်တွေလိုမျိုး မြင့်မားရှည်လျားတဲ့ အရာတွေကိုရိုက်ခတ်တယ်။ တစ်ခါတလေ ဆံညှပ်၊ ဆံထိုးနဲ့ ထီးတွေရဲ့ထိပ်က သတ္တု တွေကိုတောင်ရိုက်ခတ်တယ်။ မင်း
ဟာ မြင့်မားတဲ့ အရာဝတ္ထုတွေ မရှိတဲ့ ပန်းခြံ၊ ဒါမှမဟုတ် ကွင်းပြင်မှ ကစားရင်မိုးခြိမ်းတိမ်တွေ တွေ့ရတဲ့အခါ
အတွင်းတစ်နေရာရာကို ချက်ချင်း ပြေးဝင်သင့်တယ်။
နှင်း ဘာကြောင့်ကျတာလဲ။
တိမ်တွေမှာ ရေငွေ့တွေနဲ့ သေးငယ်တဲ့ ရေခဲမှုန်လေးတွေရှိတယ်။ အရမ်းအေးလာတဲ့အခါမှာ ရေ
ခဲမှုန်လေးတွေနားမှာရှိတဲ့ ရေငွေ့တွေဟာ အေးခဲသွားတယ်။ ရေခဲမှုန်လေးတွေဟာ ပိုပြီး လေးလံသွားတဲ့
အတွက်ကြောင့် အောက်ကိုစပြီး ကျလာတယ်။ သူကျလာတဲ့ လမ်းတစ်လျှောက်မှာရှိတဲ့ လေက နွေးနေရင် အဲ့ဒီ ရေခဲမှုန်လေးတွေဟာ အရည်ပျော်ပြီး မိုးရေအဖြစ်ကို ပြောင်းလဲသွားတယ်။ လေက အေးနေရင်တော့ သူတို့ဟာ အရည်မပျော်တော့ဘဲ နှင်းအဖြစ်ကျလာတယ်။ အေးတဲ့ဆောင်း ရာသီရှိတဲ့ နိုင်ငံတွေမှာ နှင်းကျ
လေ့ရှိတယ်။
ရေခဲ ဘာကြောင့် ဖြစ်တာလဲ။
အေးမြတဲ့ မနက်ခင်းတွေမှာ ရေအိုင်နဲ့ ရွှံ့အိုင်တွေဟာ ခဲနေနိုင်တယ်။ အပူချိန် သုညဒီဂရီ ဆဲလ်
စီးယပ်စ် အောက်ကို ကျသွားတဲ့အခါ ရေဟာ ရေခဲအဖြစ်ကို ပြောင်းသွားတယ်။ နေရောင်ထွက်လာတဲ့အခါ
ပူနွေးလာတဲ့အတွက်ကြောင့် ရေခဲတွေဟာ တဖြည်းဖြည်း အရည်ပျော်သွားလိမ့်မယ်။
ဘာကြောင့် တချို့လေတွေဟာ သိပ်အေးတာလဲ။
ဆောင်းရာသီမှာ သိပ်ဝေးလံတဲ့ မြောက်ဘက်ကနိုင်ငံတွေဟာ အရမ်းအေးလာတယ်။ ဆောင်း
လေလို့ခေါ်တဲ့ လေအေးတွေဟာ အဲ့ဒီမြောက်ပိုင်းကုန်းမြေတွေကလာပြီး နွေးနေတဲ့ပင်လယ်ဘက်ကို စီးဝင်
သွားတယ်။ ဒါကြောင့် ဆောင်းလေတိုက်ရင် ရာသီဥတုဟာ ပိုပြီး အေးလာမယ်။
ဘယ်အရာက တိုင်ဖွန်းမုန်တိုင်းတွေကို ဖြစ်စေတာလဲ။
တိုင်ဖွန်းက ပူနွေးတဲ့ တောင်ဘက်ပင်လယ်တွေမှာ ဖြစ်ပေါ်တတ်တယ်။ မင်းသိတဲ့အတိုင်းပဲ နွေး
တဲ့ရေဟာ ရေခိုးရေငွေ့အဖြစ်ကို လျင်မြန်စွာ ပြောင်းလဲသွားတယ်။ နွေးနေတဲ့ပင်လယ်ထဲက ရေငွေ့တော်
တော်များများက အထက်ကိုတက်သွားကြတယ်။ သူတို့ဟာ လေထဲဝင်ရောက်ပြီး မြင့်တက်ကာ တိမ်
တောင် တိမ်လိပ်တွေကို ဖြစ်စေတယ်။ လေပြင်းကနေ တိမ်တွေကို ဝှေ့ယမ်းအောင် တိုက်ခတ်လိုက်တယ်။
ပင်လယ်က ရေခိုးရေငွေ့တွေကို တိမ်တွေက ပိုပြီးရလာတဲ့အခါမှာ ပိုပြီး ကြီးမားလာတယ်။ ဒါဟာ တိုင်ဖွန်း
မုန်တိုင်း ဖြစ်ပေါ်လာပုံပဲ။
အနီရောင် (နေလုံး) နေ၀င်ခြင်းဟာ ရာသီဥတုသာယာတဲ့ လက္ခဏာဖြစ်တယ်ဆိုတာ မင်းသိရဲ့လား။
မိုးကို သယ်လာတဲ့ တိမ်တွေ၊ ဒါမှမဟုတ် နေကိုကွယ်ထားတဲ့ တိမ်တွေဟာ နေ၀င်တဲ့ဘက်က
လာတာဖြစ်တယ်။ နေ၀င်တဲ့ဘက်မှာ တိမ်တွေမရှိရင် ၀င်တော့မယ့်နေလုံးဟာ တောက်ပတဲ့အနီရောင်ရှိ
လိမ့်မယ်။ ဒါကြောင့် အနီရောင်တောက်ပတဲ့ နေလုံး နေ၀င်ခြင်းကို မင်း မြင်ရင် နောက်တစ်နေ့မှာ ရာသီဥ
ုတု သာယာမယ်ဆိုတာ သိနိုင်တယ်။
နေသာနေပေမယ့် မိုးဘာကြောင့်ရွာတာလဲ။
တစ်ခါတစ်ရံမှာ နေသာနေတာတောင်မှ ပတ်ဝန်းကျင်မှာ မိုးတိမ်မရှိတာတောင်မှ မိုးရွာတယ်။ ဒါ
ကို နေရောင်ရေပန်း နေပူမိုးရွာလို့ ခေါ်တယ်။ လေပြင်းတွေက အဝေးမှာရှိတဲ့ တိမ် တွေကတစ်ဆင့် မိုးကို
သယ်လာတယ်။ တစ်ခါတစ်ရံမှာတော့ နေရောင်ရေပန်းဟာ အလွန်မြင့်တဲ့ တိမ်တွေထဲ ကနေ ရွာချလာတဲ့
မိုး ဖြစ်တယ်။ မိုးက မြေပြင်ပေါ်မရောက်ခင်မှာပဲ အဲ့ဒီတိမ်တွေက ကွယ်ပျောက်သွားတယ်။
သက်တန့် ဘာကြောင့်ဖြစ်တာလဲ။
သက်တန့်တွေကို ညမှာ မမြင်ရဘူးဆိုတာ မင်း သတိထားမိလိမ့်မယ်။ တိမ်ထူတဲ့နေ့တွေနဲ့ မိုး
ရွာနေတဲ့အခါမှာလည်း သူတို့ကို မင်း မမြင်ရဘူး။ မိုးရွာပြီး ကြည်လင်သွားတဲ့အခါတွေနဲ့ နေပူတုန်း မိုးရွာ
နေတဲ့ အချိန်အတွင်းမှာ သက်တန့်တွေပေါ်ပေါက်လာတယ်။ လေထဲမှာရှိတဲ့ ရေစက်လေးတွေကို နေရောင်
ခြည် အလင်းပြန်တဲ့အခါတွေမှာ သက်တန့်ကို တွေ့နိုင်တယ်။

Sep 17, 2011
လူကြီးစကား (၆) (နေသူညွန့်)
ဘ၀မှာ ဆုံးရှုံးမှုတွေ ကြုံလာတဲ့အခါ
ဖြေသာစရာ နည်းလမ်းတစ်ခုပေးမယ်။
ဘယ်လိုဆုံးရှုံးမှုမဆို
တစ်ခုမှမကျန်အောင် ဆုံးရှုံးသွားတာရယ်လို့ မရှိဘူး
အဲ့ဒီ ကျန်တဲ့တစ်ခုကနေ မင်းပြန်ကြိုးစားရင်
မင်းဆုံးရှုံးသွားတဲ့အရာကိုပြန်ရမှာပဲ
အားလုံးမင်းဆုံးရှုံးသွားတယ် ဆိုရင်တောင်
မင်းအသက်ရှင်သန်ပြီး ကျန်နေသေးတယ်ဆိုရင်
ဒါဟာ ပြန်လည်တည်ဆောက်ဖို့ အခွင့်အလမ်းပဲ
အဲ့ဒီဆုံးရှုံးမှုကနေ ဘာမှမရလိုက်တောင်
အတွေ့အကြုံတော့ ရလိုက်မှာ ကျိန်းသေတယ်။
မင်းရဲ့
စောင့်ရှောက်သူ
-----------------------------------------------------------------------------------------------------------------------
မင်းကိုယ်မင်း ဘယ်တော့မှ မသနားနဲ့
ကိုယ့်ကိုယ်ကိုယ်
အကိုင်အတွယ်ကြမ်းတဲ့ ဆရာတစ်ယောက်ဆက်ဆံသလို
ဆက်ဆံပါ။
မညှာနဲ့ . . . .
ခိုင်းစရာရှိတာ နာနာခိုင်း . . . .
အပြစ်ရှိရင် အဲ့ဒီအပြစ်အတွက် ပိုပြီးခိုင်း . . . .
စေတနာတော့ရှိတယ်
ဒါပေမယ့် ကောင်းစေချင်လို့ ခိုင်းနေတယ်ဆိုတာ သတိရပါ။
မင်းဟာ
မင်းကိုယ်မင်း ခိုင်းတာ မခံရင်
သူများက ခိုင်းတာ ခံရလိမ့်မယ်။
မင်းရဲ့
အားကျစရာ
----------------------------------------------------------------------------------------------------------------------
ကိုယ့်ကိုယ်ကို ဘယ်တော့မှ မညာနဲ့
အထူးသဖြင့်တော့ ဆုံးရှုံးမှုတွေကြုံစဉ်မှာ
ဒါဟာ သိပ်အရေးကြီးတယ်။
ကိုယ်ကဘာလဲ
ဘာဖြစ်နေပြီလည်းဆိုတာ
တည့်တည့်ကြည့်ပြီး
ရဲရဲရင်ဆိုင်ပါ၊
ကြောက်လိုရှောင်တာမျိုး
စိတ်ဖြေသာဖို့ ဆင်ခြေပေးတာမျိုး ဘယ်တော့မှမလုပ်နဲ့
အဲ့ဒါဟာ တကယ်အဖြစ်မှန်မဟုတ်ဘူး၊
တစ်နေ့တကယ့်အဖြစ်မှန်နဲ့ ရင်ဆိုင်တွေ့ရရင်
အားလုံး ကြွှေမွ၊ ဖြေဆည်မရဖြစ်လိမ့်မယ်
အဖြစ်မှန်ကိုသာ တည့်တည့်ကြည့်ပါ၊ ရဲရဲရင်ဆိုင်ပါ
ဒါမှ ရှုံးနိမ့်မှုထဲကနေ
အောင်မြင်စရာကို ရှာတွေ့မယ်။
မင်းရဲ့
အကဲဖြတ်သူ

ဘ၀မှာ
ရှုံးတာနဲ့ နိုင်တာ ဘယ်ဟာပိုအရေးကြီးသလဲ သိလား
ု တကယ်လို့
နိုင်တာဟာ ဘာမှအရေးမကြီးဘူးလို့ ပြောရင်
မင်းလက်ခံနိုင်မလား
ဒါဟာ တကယ် အသေအချာပဲ
ကိစ္စတစ်ခုမှာ မင်းနိုင်သွားတဲ့အခါ
ဘာဆက်လုပ်စရာ ရှိသေးလို့လဲ
ကိုယ်ရတဲ့အောင်မြင်မှုကို ပျော်ပျော်ကြီးခံစားရုံပေါ့
အေး . . . ရှုံးတဲ့အခါကျရင်တော့
မင်းမှာ လုပ်စရာတွေ အများကြီးရှိလာပြီ
အဲ့ဒီကိစ္စကို မင်းအောင်မြင်တဲ့အထိ ပြန်ကြိုးစားဖို့ရယ်
ရှုံးနိမ့်မှုကြောင့် စိတ်ဓာတ်တွေကျ အကျင့်တွေပျက်မသွားအောင်
ထိန်းဖို့ရယ်
. . . . .စသဖြင့် မင်းမှာလုပ်စရာတွေအများကြီးရှိလာပြီ
ဒါကြောင့်
လောကမှာ“ အရှုံးကိုရင်ဆိုင်ရတဲ့စိတ် ” ဟာ
သိပ်အရေးကြီးတယ်
မညာနဲ့။ မညံ့နဲ့။ မယုတ်နဲ့။
အရှုံးဆိုတာ မင်းသတ္တိကိုစမ်းတဲ့
ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရမယ့်အရာ
ဒါမှ မင်း အောင်မြင်မှုဆီ အရောက်လှမ်းနိုင်မှာ။
မင်းရဲ့
စီစဉ်ညွှန်ကြားသူ

အရေးကြီးလို့ ခုနစကားကို ထပ်ပြောဦးမယ်
ကိုယ်ရှုံးသွားတဲ့အခါ
ရှုံးကြောင်း ရဲရဲဝန်ခံပါ။
မွေးကတည်းကနေ စပြီး
မင်းအများဆုံးကြုံရမှာ ရှုံးနိမ့်မှုတွေသာဖြစ်တယ်။
ဘာလို့ဆို
ဘယ်တော့မှ အငြင်းအပယ်မခံရတဲ့သူ
အမြဲတစေ တစ်ကြိမ်ကြိုးစားရုံနဲ့ လိုသမျှရတဲ့သူ
. . . ဆိုတာ မရှိလို့ဘဲ၊
ဒါပေမယ့် မင်းအတွက် ပိုသက်သာအောင်
ရှုံးနိမ့်မှုကို “ ယာယီအဆင်မပြေမှု ” လို့
နာမည်ပြောင်းထားပါ
ဒါဟာ အပြီးတိုင်ရလာဒ်မဟုတ်ဘူး
ယာယီအဆင်မပြေမှုသာဖြစ်တယ်. . .လို့
စိတ်မှာ အမြဲတွေး၊
ပြီးတော့ လောလောဆယ်မှာတော့
မင်းတကယ် “ ယာယီအဆင်မပြေမှု ” နဲ့ကြုံနေရကြောင်း
ပြတ်ပြတ်သားသား ၀န်ခံပါ။
မင်းရဲ့
မောင်းနှင်သူ

မင်းမှာ
ဆုံးဖြတ်စရာကိစ္စတစ်ခုခု ကြုံလာရပြီ ဆိုပါတော့
မင်းရဲ့ ဆုံးဖြတ်ပုံကို လိုက်လို့ ရရှိလာနိုင်တဲ့ အခြေအနေအမျိုးမျိုးက
မင်းဘေးမှာ ၀ိုင်းဝိုင်းလည်နေတတ်တယ်၊
မင်းရွေးချယ်လိုက်ရပါပဲ။
ဒါပေမယ့်
မင်းက ကြုံလာတဲ့ အခြေအနေတွေကို မရွေးချယ်ဘူး ဆိုရင်တော့
အခြေအနေတွေက မင်းကို ပြန်ရွေးချယ်သွားလိမ့်မယ်
အခြေအနေအရ . . . လုပ်လိုက်ရတယ်လို့
မလွှဲမရှောင်သာလို့ . . .ရွေးချယ်လိုက်ရတယ်လို့
ဆိုတဲ့ စကားတွေ မင်းကြားဖူးမှာပေါ့
လူနဲ့ တိရိစ္ဆာန်တွေကြားမှာ ကွာခြားသွားတာ
“ ရွေးချယ်ပိုင်ခွင့် ” ပဲ
လူက ကိုယ့်ဘ၀ပုံစံကို ကိုယ့်စိတ်ကြိုက် ရွေးချယ်ပိုင်ခွင့်ရှိတယ်
တိရိစ္ဆာန်တွေမှာ ရွေးချယ်ပိုင်ခွင့်မရှိဘူး
ဒါကြောင့်
လူရဲ့ မွေးရာပါ အခွင့်အရေးဖြစ်တဲ့
ရွေးချယ်ပိုင်ခွင့်ကို တန်ဖိုးထားပါ
မှားရင် မှားပါစေ
ကိုယ့်စိတ်ကြိုက် ရွေးချယ်ပြီး မှားရတာက မွန်မြတ်တယ်
ပေါ်လာတဲ့ အခြေအနေတိုင်းမှာ ရွေးချယ်ပိုင်ခွင့်မရှိတာ မရှိဘူး၊
မြန်ဖို့နဲ့ ကြိုမြင်တတ်ဖို့ပဲ လိုတယ်။
မင်းရဲ့
အတုယူစရာ

မင်းကို
ဘ၀အတွက် အသုံးအကျဆုံးဖြစ်တဲ့
ဂါထာလေးတစ်ပုဒ်ပေးထားမယ်. . .
မှတ်ထား။
“ ဘယ်အခြေအနေမှ အမြဲမဖြစ်ပါ ” တဲ့
ကောင်းတာတွေနဲ့ ကြုံကြုံ
ဆိုးတာတွေနဲ့ ကြုံကြုံ
အဲ့ဒီစကားစုလေးကို အမြဲရွတ်. . .
ဒါဆို မင်းဟာ သုခတွေမှာ မသာယာတတ်တော့သလို
ဒုက္ခတွေရလာရင်လဲ ထိတ်လန့် တကြား မဖြစ်နေတော့ဘူး
ပြီးတော့ ဒုက္ခကနေ သုခဆီ အရောက်လှမ်းဖို့
စိတ်ခွန်အားလဲ ရရှိစေလိမ့်မယ်။
မင်းရဲ့
အားထားစရာ

“ သည်းခံခြင်း ” ဆိုတာ ဘ၀မှာ သိပ်အရေးကြီးတယ်
အဲ့ဒါဟာ သူများလာလုပ်တိုင်း ခေါင်းငုံခံဖို့ ပြောတာမဟုတ်ဘူး
မင်းအနိုင်ရဖို့ဆိုရင်
ကိုယ်က အသာစီးရနိုင်မယ့် အခြေအနေ၊ အချိန်အခါကို
စောင့်တတ်ရတယ်
အဲ့ဒီလို အခြေအနေနဲ့ အချိန်အခါ မရောက်သေးရင်လဲ
ရောက်အောင်လုပ်ယူတတ်ရတယ်
ဒီ့မတိုင်ခင်တော့ မင်းဟာ စိတ်ရှည်ရှည်နဲ့ နေပေါ့
အလုပ်ကိစ္စတွေမှာပဲ ဖြစ်ဖြစ်
လူတွေနဲ့ ရင်ဆိုင်ရာမှာပဲ ဖြစ်ဖြစ်
အဲ့ဒီလို သည်းခံခြင်းရှိဖို့ဟာ သော့ချက်ပဲ
မြန်ချင်မှ မြန်လိမ့်မယ်
ဒါပေမယ့် သည်းခံစောင့်ဆိုင်းနိုင်ရင်
နောက်ဆုံးမှာ အနိုင်ရသူဟာ
“ မင်း ” ပဲဖြစ်လိမ့်မယ်။
မင်းရဲ့
ဖေးမသူ

သူတစ်ပါးဆီက အကူအညီကို
တတ်နိုင်သမျှ နည်းနည်းပဲယူပါ. . .
ကိုယ့်အကူအညီကို
(ကိုယ့်အကျိုးစီးပွားမထိခိုက်ဘူးဆိုရင်)
ပေးနိုင်သမျှ များများပေးပါ. . .
အဲ့ဒါဟာ
“ ကျေးဇူး ” ကိုရင်းနှီးမြှုပ်နှံတာ ဖြစ်တယ်။
“ ငွေ ” ကို ရင်းနှီးမြှုပ်နှံတာလိုပဲ
“ ကျေးဇူး ” ကို ရင်းနှီးမြှုပ်နှံခြင်းမှာလည်း
အကျိုးရလာဒ်တွေရှိတယ်၊
“ ငွေ ” ကိုမြှုပ်နှံတာက မြင်သာတယ်
“ ကျေးဇူး ” ကိုမြှုပ်နှံတာက မမြင်သာဘူး
ဒါပေမယ့် ရလာဒ်က ပိုကြီးမားတယ်။
သူစိမ်းတွေပေါ်မှာသာမက
ချစ်သူ၊ မိဘ၊ ညီအစ်ကိုမောင်နှမတွေ အပေါ်မှာလည်း
ကျေးဇူးကို ရင်းနှီးမြှုပ်နှံပါ၊
ဒါဆို မင်းဘ၀တစ်ခုလုံး
ပျော်ရွှင်သုခတွေကြုံစရာ
အကျိုးရလာဒ်တွေ ရလိမ့်မယ်။
မင်းရဲ့
ထောက်ပံ့သူ

ကြောက်ရမှာကို
မကြောက်နဲ့။
လူမှန်ရင် ကြောက်စိတ် ရှိစမြဲဖြစ်တယ်။
ကြောက်စရာကို အသိမှတ်ပြုရင်းက
လုပ်စရာ ဆက်လုပ်သွားခြင်းဟာ
မင်းကို ထူးချွန်သူဖြစ်စေလိမ့်မယ်
စာဖတ်ပရိတ်သတ်များအား အစဉ်လေးစားလျက်.......

Subscribe to:
Posts (Atom)