ဒွတ္တဘောင်မင်းကြီး
ဒွတ္တဘောင်မင်းကြီးသည် သရေခေတ္တရာ ပြည်ကိုရှေးဦးစွာ တည်ထောင်ခဲ့သောမင်းဖြစ်သည်။
ရှေးက သရေခေတ္တရာမြို့ဟောင်းနေရာမှာ ယခုခေတ် ပြည်မြို့အနီးတွင်ရှိသော မှော်ဇာမြို့ကလေးဖြစ်
သည်။
ဒွတ္တဘောင်မင်းကြီး ဘေဒါရီ၏ သားတော်ဖြစ်သည်။ နောင်တော်မဟာသမ္ဘ၀မင်း နတ်ရွာစံ၍
ညီတော်စူဠသမ္ဘ၀မင်း နန်းတက်သော အခါ။ ဘေဒါရီမိဖုယား၌ မဟာသမ္ဘ၀မင်းနှင့်ရသော ပဋိသန္ဓေ ကျန်
ရစ်ခဲ့သည်။ ညီတော် စူဠသမ္ဘ၀မင်းလက်ထက်တွင် ဒွတ္တဘောင်မင်းကို ဖွားမြင်သောကြောင့် “ အဘညီနောင်
ဒွတ္တဘောင”် ဟုခေါ်ဆိုခဲ့ခြင်းဖြစ်လေသည်။
ဒွတ္တဘောင်မင်းကြီးကား၊ ဖွားမြင်တော်မူကတည်းက နဖူးပေါ်တွင် မှဲ့ရှင်ပါလာ သဖြင့်အလွန်
ဘုန်းတန်ခိုး ကြီးမားလှသည်။ နန်းတက်စဉ်က၊ သိကြားမင်းကိုယ်တိုင်မ ချီ၍ရာဇပလ္လင်ပေါ်သို့ တင်ပေး
ခဲ့ရသည်။ သရေခေတ္တရာမြို့ကြီးကို သူမြတ် ခုနစ်ဦး၏ အကူအညီဖြင့် သာသနာသက္ကရာဇ် ၁၀၁-ခုနှစ်
တွင် တည်ထောင်တော်မူခဲ့သည်။
ဒွတ္တဘောင်မင်းကြီးသည် သိကြားမင်း ပေးသောလှံစကြာနှင့် စည်ကြီးများကိုရရှိသော ဘုန်းကံ
ရှင် မင်းတပါးဖြစ်၏။ နိုင်ငံတော် အရပ်ရပ်၌ တနှစ်တကြိမ် အခွန်တော်ကောက်ခံ တော်မူ၏။ အခွန်တော်
မဆက်သသော လက်အောက်ခံ မင်းများအား လှံစကြာတွင်စာဆွဲ၍ စေလွှတ်တောင်းခံ၏။ မင်းကြီး၏ ဘုန်း
တန်ခိုးကြီးမားလှသောကြောင့် နဂါးပြည်မှပင် လာရောက်၍ အခွန်တော်ဆက်ရ၏။
မင်းကြီးသည် မြတ်စွာဘုရား ဗျာဒိတ် ရသူဖြစ်သောကြောင့် စေတီပုထိုး မြောက်များစွာကို တည်
လုပ်ခဲ့ရာ သရေခေတ္တရာ မြို့ဟောင်းအနီးတွင် မင်းကြီးတည်လုပ်ခဲ့သော စေတီပုထိုးတို့ကို ယနေ့တိုင်
အောင် တွေ့မြင်နိုင်ပေသည်။
ဘုန်းပညာနှင့် ပြည့်စုံသူသည် အရာရာတိုင်း၌ ပိုမို၍ သတိထားသင့်သည်။
------------------------------------------------------------------------------------------------------------
သူရဲကောင်းပြူစောထီး
ရှေးအခါက ပုဂံပြည်တွင် စိုးစံနေသော သမုတိရာဇ် မင်းလက်ထက်၌ ငှက်ကြီး-၀က်ကြီး-ကျား
ကြီးနှင့်ရှူးပျံတို့သည်။ တိုင်းပြည်မငြိမ်သက်အောင် နှောက်ယှက် မင်းမူနေကြ၏။ ထိုရန်သူတို့ကို ဖြိုခွင်းရန်
ပြူစောထီးမင်းသား ပေါ်ထွက်လာလေသည်။
ပြူစောထီးသည် တကောင်းမင်းမျိုး အဆက်အနွယ်ဖြစ်သော သတိုးအာဒိစ္စရာဇာမင်း၏သား
တည်း။ သူသည်တိုင်းပြည် မငြိမ်မသက် ဖြစ်စဉ်အခါ၌ ပုဂံပြည်အနီးသို့ ခိုအောင်းဝင်ရောက်လာ၍ လူအို
လင်းမယားထံတွင် ခေတ္တမှီခိုနေထိုင်ခဲ့ရသည်။ လေးပစ့်ခြင်းအတတ်ပညာကိုကာ။ အသက် ၇ နှစ်သား
အရွယ်ကပင်။ ကျွမ်းကျင်စွာ တတ်မြောက်လာခဲ့သည်။
တနေ့သော လေးအတတ်ကို စမ်းသပ်ကြည့်အံ့ဟု စိတ်ကူးကြံစည်မိသော ပြူစောထီးသည်၊
မိမိ၏လေးမျှားကိုယူ၍တောထဲသို့ ထွက်လာလေ၏။ တောထဲတွင် ၀က်ကြီးကို တွေ့ရှိသဖြင့်းလေးမြင့်ပစ်
ခွင်းလိုက်လေသည်။ ၀က်ကြီးမှား လေးမျှား၏ ဒါဏ်ချက်ကြောင့် သေဆုံးသွားတော့သည်။
ဝက်ကြီးသေပြီးနောက်။၃ ရက်ကြာသောအအခါ ငှက်ကြီးရှိရာသို့ထွက်လာခဲ့ပြန်။ထိုနေ့တွင်
ငှက်စာပို့သူသည်။ မိန်းမပျိုခုနှစ်ယောက်ကိုခေါ်ဆောင်၍။ငှက်စာကျွေးရန်လာခိုက်ဖြစ်သဖြင့်။ ပြူစောထီး
နှင့်တွေ့ကြသောအခါ။ ပြူစောထီးက မိန်းမ ခုနှစ်ယောက်၏ အသက်ကို ကယ်ဆယ်ပြီးလျှင် ငှက်ကြီးကို
လေးမြား ဖြင့်ပင်သတ်ထိုက်လေသည်။
ထိုအကြောင်းကို ပုဂံပြည့်ရှင် မင်းကြီး ကြားသိရသော်၊ အလွန်နှစ်သက် အားရတော်မူသဖြင့်
သမီးတော်စန္ဒာဒေ၀ီနှင့် ပြူစောထီးကို လက်ထပ်ထိမ်းမြား ပေး၍ အိမ်ရှေ့မင်း ရာထူးဖြင့် ချီးမြောက်တော်
မူသည်။ နောက်သော် ပြူစောထီးပင် မင်းဖြစ်တော်မူသည်။
ပြူစောထီးသည် အလွန်ပင် အားခွန်ဗလ ကောင်းသဖြင့် အသက် ၁၁၀-ထိအောင် ထီးနန်းစိုး
စံခဲ့ရသည်။ ငှက်ကြီးကို ပစ်သတ်သော နေရာအား၊ ယခုထက်တိုင် “ငှက်ပစ်တောင်” ဟုခေါ်နေကြသည်။

No comments:
Post a Comment