Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts
Aug 25, 2011
အိုင်အိုဒင်းဆား (ဘာကြောင့် စားသင့်သလဲ)
                  အိုင်အိုဒင်းသည် ခန္ဓာကိုယ်အတွက် အဓိကလိုအပ်သည်မှာ ဟော်မုန်းတစ်မျိုးတည်ဆောက်ပေးရန်
ဖြစ်၏။ ကျွန်တော်တို့၏ ခန္ဓာကိုယ်တွင် ဟော်မုန်းများကို တည်ဆောက်ပေးသော ဂလင်းများ (Endocrine Glands)များစွာရှိသည်။ လည်ပင်း၏ ရှေ့ဘက်ပိုင်းတွင်လိပ်ပြာပုံသဏ္ဌာန်အကျိတ်ငယ်တစ်ခုရှိသည်။Thyroid Gland ဟုခေါ်ပါသည်။ သိုင်းရွိုက်ဂလင်းမှ သိုင်းရွိုက်ဟော်မုန်းများ တည်ဆောက်ထုတ်လုပ်ပေးပါသည်။
                  သိုင်းရွိုက်ဟော်မုန်းတည်ဆောက်ရန် ကုန်ကြမ်းပစ္စည်းများဖြစ်သော အိုင်အိုဒင်းနှင့် တိုင်ရိုဆင်း တို့လိုအပ်သည်။ တိုင်ရိုဆင်းမှာ အမိုင်နိုအက်စစ် တစ်မျိုးဖြစ်ပြီး ပရိုတင်း ဓာတ်မှ ရရှိနိုင်သည်။ ခန္ဓာကိုယ်
သည် တိုင်ရိုဆင်းကို ကိုယ်တိုင်တည်ဆောက်နိုင်စွမ်းရှိသည်။ သိုင်းရွိုက်ဟော်မုန်း တည်ဆောက်ရန်လိုသော
အိုင်အိုဒင်းကိုမူ လူတို့စားသုံးသော အာဟာရမှပင် ရရှိနိုင်သည်။ ခန္ဓာကိုယ်တွင်း၌ အိုင်အိုဒင်းဓာတ် တည်
ဆောက်နိုင်ခြင်း မရှိပေ။သို့ဖြစ်ရာ အိုင်အိုဒင်းမှာ မရှိမဖြစ် လိုအပ်သော အာဟာရပစ္စည်းတစ်မျိုး ဖြစ်နေပေ
သည်။
                 သိုင်းရွိုက်ဟော်မုန်းသည် အောက်ဖော်ပြပါ အရေးကြီးတာဝန်များကို ခန္ဓာကိုယ်အတွက် လုပ်
ဆောင်ပေးလျက်ရှိသည်။
၁။ ဇီဝဓာတ်ပြုခြင်းများကို လှုံ့ဆော်ခြင်း
                  ခန္ဓာကိုယ်ရှိ ကလာပ်စည်းတိုင်း၏ ဇီဝဖြစ်စဉ်များကို သိုင်းရွိုက်ဟော်မုန်းက လှုံ့ဆော်ပေးသည်။
သိုင်းရွိုက်ဟော်မုန်း လျော့နည်းခြင်းကြောင့် ကလာပ်စည်းများ၏ လုပ်ငန်းများ ညံ့ဖျင်းသွားနိုင်သည်။ ဤအ
ချက်ကြောင့် အိုင်အိုဒင်းချို့တဲ့သဖြင့် သိုင်းရွိုက်ဟော်မုန်း မထုတ်နိုင်သောအခါ ကြီးထွားဖွံ့ဖြိုးမှု နှေးကွေး
ယုတ်လျော့သွားခြင်းဖြစ်သည်။
၂။ သွေးနီဥများ တည်ဆောက်ခြင်း
                   သွေးနီဥ များတည်ဆောက်ရာတွင် သိုင်းရွိုက်ဟော်မုန်းသည် အရေးကြီးလှပါသည်။ သွေးနီဥ
တည်ဆောက်ရာတွင် လိုအပ်သော ဗီတာမင် B12 ကိုအစာလမ်းကြောင်းမှ ပိုမိုစုပ်ယူစေခြင်းနှင့် ရိုးတွင်းခြင်
ဆီအား သွေးနီဥထုတ်ရန် လှုံ့ဆော်ပေးခြင်းများကို သိုင်းရွိုက်ဟော်မုန်းက စွမ်းဆောင်ပေးသည်။ သိုင်းရွိုက်
ဟော်မုန်း နည်းခြင်း သို့မဟုတ် အိုင်အိုဒင်းချို့တဲ့ခြင်းသည် သွေးအားနည်းခြင်းကို ဖြစ်စေနိုင်ပါသည်။
၃။ နှလုံးခုန်ခြင်းကို လှုံဆော်ပေးမှု 
                  သိုင်းရွိုက်ဟော်မုန်းသည် နှလုံးခုန်နှုန်းကို မြန်စေနိုင်သည်။ ထိုမှတစ်ဆင့် သွေးလှည့်ပတ်မှုကို
ကောင်းမွန်စေသည်။ သိုင်းရွိုက်ဟော်မုန်းချို့တဲ့ခြင်းကြောင့် နှလုံးခုန်နှုန်း နည်းသွားနိုင်ပြီး၊ ဟော်မုန်း လွန်ကဲ
ခြင်းကြောင့် နှလုံးခုန်နှုန်း မြန်စေနိုင်ပါသည်။
၎။ ဗီတာမင်အေ ၏ အာနိသင်စွမ်းအားရစေခြင်း
                   သိုင်းရွိုက်ဟော်မုန်းသည် အသီးအနှံအရွက်များတွင် ပါသော ဓာတ်ကို ဗီတာမင်အေဖြစ်အောင်
ပြောင်းလဲနိုင်စွမ်းရှိသည်။ ဗီတာမင်အေသည် မျက်စိကြည်လင်မှုနှင့် ခန္ဓာကိုယ်တည်ဆောက်မှုတို့အတွက် လိုအပ်သည့် ဗီတာမင်ဖြစ်၏။ အိုင်အိုဒင်းချို့တဲ့မှု၊ သိုင်ရွိုက်ဟော်မုန်း နည်းပါးမှုကြောင့် ဗီတာမင်အေ၏ အာနိ
သင်ညံ့ဖျင်းပါက မျက်စိအမြင်ယိုယွင်းခြင်းနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု နည်းပါးခြင်းများဖြစ်ပေါ်လာနိုင်ပါသည်။
၅။ သွေး၌ ကိုလက်စထရော နည်းစေခြင်း
                    ကိုလက်စထရောဓာတ်များ သွေး၌လွန်ကဲများပြားစေခြင်းသည် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊
သွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း စသည်တို့ကို ဖြစ်စေနိုင်ပါသည်။ သိုင်းရွိုက်ဟော်မုန်း၏ ထူးခြားသော
စွမ်းအင်တစ်ခုမှာ သွေး၌ ကိုလက်စထရောပမာဏ လျော့နည်းစေနိုင်ခြင်းဖြစ်သည်။ သို့အတွက် အိုင်အိုဒင်း
ဆား ကြော်ငြာရာတွင် " ကျန်းမာသန်စွမ်း ရောဂါကင်းမည် " ဟုပြောဆိုကြခြင်းဖြစ်သည်။
၆။ ဂလူးကို့စ် (Glucose) ကို အစာလမ်းကြောင်းမှ စုပ်ယူခြင်း
                   သိုင်းရွိုက်ဟော်မုန်းသည် အစာလမ်းကြောင်းမှ ဂလူးကို့စ် စုပ်ယူခြင်းကို အားပေးကူညီသည်။
ကိုယ်ခန္ဓာအတွက် ဂလူးကို့စ်သည် အရေးကြီးဆုံး " စွမ်းအင် " ဖြစ်သည်။ အိုင်အိုဒင်းဆားကြောင့် သိုင်းရွိုက်
ဟော်မုန်း တည်ဆောက်နိုင်သဖြင့် " စွမ်းအင် " ပြည့်ဝစွာ ရရှိစေနိုင်ပါသည်။
၇။ မျိုးပွားခြင်းနှင့် ပတ်သက်သော လုပ်ဆောင်ချက်များ
                    သိုင်းရွိုက်ဟော်မုန်းသည် သားသမီးရရှိစေနိုင်ခြင်း၊ အမျိုးသမီးများ မီးယပ်သွေးမှန်စေခြင်းနှင့်
နို့တိုက်မိခင်များတွင် ကောင်းမွန်စွာ နို့ထွက်စေခြင်းတို့ကို စွမ်းဆောင်ပေးနိုင်သည်။ အိုင်အိုဒင်းချို့တဲ့၍ သိုင်းရွိုက်ဟော်မုန်းနည်းလျှင် အထက်ပါလုပ်ငန်းများ ပျက်ယွင်းသွားကြမည်ဖြစ်၏။
၈။ အခြားဟော်မုန်းများကို အားပေးကူညီခြင်း
                     ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးရန်အတွက် ကြီးထွားဟော်မုန်း၊ အင်ဆူလင်(Insulin)၊ အင်ဒရိုဂျင်
(Androgen)၊ ကော်တီကိုစတီးရွိုက်(Corticosteroid) စသောဟော်မုန်းများ လိုအပ်သည်။ သိုင်းရွိုက်ဟော်
မုန်းသည် ကြီးထွားဖွံ့ဖြိုးစေရန် အားပေးသော အခြားဟော်မုန်းများ၏ စွမ်းအင်ကို ပိုမိုကောင်းမွန်စေနိုင်
ကြောင်း တွေ့ရသည်။ သိုင်းရွိုက်ဟော်မုန်းချို့တဲ့သော ကလေးငယ်များကြီးထွားမှု ညံ့ဖျင်းက လူပုလေးများ
ဖြစ်သွားနိုင်ပါသည်။
၉။ အရေပြားနူးညံ့မှုကို ထိန်းသိမ်းပေးခြင်း
                     သိုင်းရွိုက်ဟော်မုန်းသည် အရေပြားအောက်၌ရှိသော အသားဓာတ်တစ်မျိုးကို ဖယ်ထုတ်ပေး
သည်။ ဟော်မုန်းချို့တဲ့၍ အသားဓာတ်များ စုပုံလာသောအခါ အသားအရေမှာ ထူ၍ ကြမ်းလာသည်။ ခန္ဓာ
ကိုယ်၌ နူးညံ့သော အသားအရေ ရှိနေစေရန်အတွက် သိုင်းရွိုက်ဟော်မုန်းသည် အရေးကြီးသည်။
၁၀။ ဦးနှောက်နှင့် အာရုံကြောများ ကောင်းမွန်စေခြင်း
                      အိုင်အိုဒင်းဆား ကြော်ငြာရာတွင် ကလေးငယ်များ ဥာဏ်ရည်တိုးစေနိုင်သည်ဟု ဆိုပါသည်။
သိုင်းရွိုက်ဟော်မုန်းသည် ဦးနှောက်နှင့် အာရုံကြောများတွင်ရှိသော နာ့ဗ်ဆဲလ်(Nerve Cell) များကို ကျန်းမာ
စေနိုင်သည်။ အာရုံကြောများ၏ ဆက်သွယ်မှုစနစ်ကို ကောင်းမွန်စေသည်။ ကလေးငယ်များတွင် သိုင်းရွိုက်
ဟော်မုန်း လွန်ကဲစွာ နည်းလွန်းပါက ရူးသွပ်ခြင်းအထိ ဖြစ်စေနိုင်သည်။ သွက်လက်ဖျက်လတ်ဥာဏ်ရည်
ထက်မြက်စေရန် သိုင်းရွိုက်ဟော်မုန်းသည် မရှိမဖြစ် လိုအပ်ပေသည်။
                      သိုင်းရွိုက်ဟော်မုန်းနှင့် ပတ်သက်၍ အထက်တွင် လုပ်ငန်းကြီး ၁၀ ရပ်ကိုဖော်ပြခဲ့ပါသည်။
သိုင်းရွိုက်ဟော်မုန်း၌ အခြားသော လုပ်ငန်းများလည်းရှိသေးသည်ဖြစ်သည်။ သိုင်းရွိုက်ဟော်မုန်းသည်-
          ၁။ ခန္ဓာကိုယ်ထွားကျိုင်းသန်မာစေခြင်း၊
          ၂။ သွေးအားကောင်းစေခြင်း၊
          ၃။ အရေပြား နူးညံ့ချောမွေ့စေခြင်း၊
          ၄။ ရောဂါဘယကင်းစင်စေခြင်း၊
          ၅။ သားသမီးရစေနိုင်ခြင်း၊
          ၆။ အမျိုးသမီးများ မီးယပ်သွေးမှန်စေခြင်း၊
          ၇။ ခန္ဓာကိုယ် သွက်လက်ဖျတ်လတ်စေခြင်း၊
          ၈။ မျက်စိအမြင် ကြည်လင်စေခြင်း၊
          ၉။ ဥာဏ်ရည်ထက်မြက်စေခြင်း၊
        ၁၀။ စွမ်းအားကောင်းစေခြင်း စသည့် အကျိုးများကို ရရှိစေနိုင်သည်။
                 အချုပ်အားဖြင့်ဆိုရသော် အထက်ပါအကျိုးများကို ရရန် သိုင်းရွိုက်ဟော်မုန်းလိုသည်။ သိုင်းရွိုက်
ဟော်မုန်းတည်ဆောက်ရန်အတွက် အိုင်အိုဒင်းရှိမှ ဖြစ်မည်။ အိုင်အိုဒင်းဆား စားခြင်းဖြင့် အိုင်အိုဒင်းဓာတ် ရ
ရှိနိုင်သည်။ အိုင်အိုဒင်းကို ပင်လယ်မှ ထွက်ရှိသော အသားငါးများမှလည်းကောင်း၊ ပင်လယ်နှင့် မဝေးသော
ဒေသမှထွက်ရှိသည့် အသီးအရွက်များမှလည်ကောင်း ရရှိနိုင်ပါကြောင်း အသိပေးတင်ပြလိုက်ရပါသည်။
Aug 15, 2011
ကျန်းမာရေးအမြင်ရှိစေချင်
 ဘာကြောင့် ကြက်ဥ စားသုံးသင့်သလဲ  
(က)  ကြက်ဥသည် သွပ်ဓါတ်၊သံဓာတ်၊ မင်းဂနိ(စ်)ဓာတ်၊ ဗီတာမင် ဘီ ၁၂ ၊ ဘီ ၃ နှင့်  ဗီတာမင်အီး တို့ပါဝင်
         သည်။
(ခ)   ကြက်ဥ တွင် အမိုင်နိုအက်စစ်(၈)မျိုးပါဝင်သည်။ ၎င်း(၈)မျိုးစလုံးသည် အသားဓာတ် ကောင်းမွန်စွာရရှိစေ
        ပြီး သက်သက်လွတ်စားသူများအတွက် အထူးသင့်လျော်သည်။
(ဂ)   ကြက်ဥတွင် လူများထင်နေသကဲ့သို့ အဆီဓာတ်များစွာ ပါဝင်နေမှုမရှိပါ။ အဆီဓာတ်(၆)ဂရမ် ပါဝင်ရာ (၂)
        ဂရမ်မှာ ပြည့်ဝဆီဖြစ်သည်။
(ဃ)  အတန်အသင့်အရွယ်ရှိသည့် ကြက်ဥတစ်လုံးသည် အင်အားဓာတ် (၈၀) ကယ်လိုရီပါဝင်သည်။ ငှက်ပျော
        သီးတစ်လုံးနှင့် ညီမျှသည်။
(င)    ကြက်ဥသည် နေရာတိုင်းမှာရရှိနိုင်ပြီး ချက်ရပြုတ်ရအလွန်လွယ်ကူသည်။
အိမ်တွင်းကျန်းမာရေး
မိမိ၏နေမှုပတ်ဝန်းကျင်သည် မိမိ၏ ကျန်းမာရေးကို ထင်ဟပ်စေသည်။
(က)   ရှင်းလင်းလှဲကျင်းပါ၊ လွှင့်ပစ်စရာတွေလွှင့်ပစ်၊ ပေးပစ်စရာတွေပေးပစ်ပြီး ရှင်းပစ်လိုက်ခြင်းဟာ၊ စိတ်
         ဖိစီးမှုတွေကိုလျော့ ကျစေပါသည်။ ချက်ချင်းခံစားရတတ်ပါသည်။
(ခ)    သဘာဝပတ်ဝန်းကျင်ကိုအလေးထားသော ကျန်းမာရေးအသုံးအဆောင်များသုံးပါ။ ဓာတုပစ္စည်းများအ
        စား သဘာဝပစ္စည်းကို အလေးပေးသုံးစွဲခြင်းကိုဆိုသည်။
(ဂ)   လေကောင်းလေသန့်နှင့် အလင်းရောင် လုံလုံလောက်လောက်ရသောနေအိမ်မှာနေပါ။ ကြပ်ညပ်ပြွတ်
        သိပ်သော ၀န်းကျင်သည် ကိုယ်စိတ်စွမ်းအားတက်ကြွမှိုကိုနှေးကွေးစေသည်။
(ဃ)  ပန်းပင်များစိုက်ပါ။ စိတ်ချမ်းမြေ့မှုမျှမက၊ လေကိုလည်း သန့်စင်စေသည်။
(င)   ခန်းဆီးလိုက်ကာ အိပ်ရာမွေ့ရာမှအစ ဖြစ်နိုင်ပါက၊ သဘာဝပစ္စည်းများကို သာသုံးပါ။ ပိတ်၊ မှို၊ ချည် စ
        သည်။
(စ)   သဘာဝ(ဟေလိုဂျင်) နှင့် ပြုလုပ်သော မီးချောင်း၊ မီးလုံး သုံးပါ။ မီးအလင်းအမှိန်ခလုတ်သီးသန့်ထားပါ၊
        မီးရောင်ကိုပုံသေ တစ်မျိုးတည်းမသုံးဘဲ ခလုတ်ခွဲခြား၍ လင်း၊ ဖျော့ ၊မှိန် ၊ပုံမှန်စသည် လိုသလိုခွဲခြား
        သုံးစွဲခြင်းသည် စိတ်ခံစားမှုကို အားကောင်းစေသည်။ စိတ်အပြောင်းအလဲလေးတစ်ခု၊ ရသခံစားမှုလေး
        တစ်ခုကို ရရှိစေသည်။
Aug 11, 2011
ရေများများသောက်ပါ
ရေ၏လုပ်ငန်းတာဝန်များ
                      ရေသည် ခန္ဓာကိုယ်အသက်ရှင်ရေး အတွက် များစွာသော လုပ်ငန်းတာဝန်များကို ထမ်းဆောင်
လျက်ရှိပေသည်။ ရေ၏ လုပ်ငန်းတာဝန်များကို ယေဘုယျသဘောအားဖြင့် အောက်ပါအတိုင်း တွေ့ရသည်။
၁။   ရေသည် ခန္ဓာကိုယ်တွင်းရှိ ပစ္စည်းများ တစ်နေရာမှ တစ်နေရာသို့ ရွေ့လျားရန်အတွက် ကြားခံနယ်တစ်ခု
အဖြစ် ဆောင်ရွက်ပေးသည်။ ဤအချက်မှာ သာမန်အားဖြင့် သိပ်အရေးမကြီးသလို ဖြစ်နေသည်။ သေသေချာ
ချာ နက်နက်နဲနဲ တွေးကြည့်လျှင် လွန်စွာ အရေးပါကြောင်းတွေ့ရမည်ဖြစ်၏။ အာဟာရများ၊ အောက်ဆီဂျင်
နှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်များ၊ ဇီဝဓာတုအညစ်အကြေးများနှင့် အခြားပစ္စည်းများအားလုံးသည်"ရေ"
တည်းဟူသော ကြားခံနယ်ကို အသုံးပြုကာ ရွေ့လျားနေကြရသည်။ အဆုတ်တစ်စုံသည် ခန္ဓာကိုယ်အတွက်
လိုအပ်သော အောက်ဆီဂျင်ကို လေထုအတွင်းမှ မည်မျှပင် ရယူပေးစေကာမူ ရေမရှိလျှင် ယင်း အောက်ဆီ
ဂျင်းများကလာပ်စည်းများထံ ရောက်ရှိနိုင်မည်မဟုတ်ပေ။ ထို့အတူပင် အစာလမ်းကြောင်းမှ အစာအာဟာရ
များကို ချေဖျက်စုပ်ယူပေးသော်လည်း ရေမရှိပါက ယင်းအာဟာရများကလာပ်စည်းများထံ ရောက်မလာနိုင်
ပေ။ ကလာပ်စည်းများအနေဖြင့် အောက်ဆီဂျင်နှင့် အာဟာရမရလျှင် သေကျေပျက်စီးကုန်မည်ဖြစ်၏။ သက်
ရှိတို့၏ အခြေခံဖြစ်သော ကလာပ်စည်းများသေလျှင် လူသည်လည်း အသက်ရှင်နေနိုင်တော့မည်မဟုတ်ချေ။
၂။   ရေသည် ဇီဝဓာတ်ပြုများ ဖြစ်တည်ရာနေရာတစ်ခုလည်းဖြစ်ပေသည်။ ခန္ဓာကိုယ်တွင်း၌ ဖြစ်ပေါ်လျက်ရှိ
သော ဇီဝဓာတ်ပြုမှု ( Bio-chemical Reactions ) အားလုံးသည် ရေဟူသော ကြားခံနယ်၌ ဖြစ်ပျက်နေကြ
ခြင်းဖြစ်သည်။
၃။   ရေသည် ခန္ဓာကိုယ်တည်ဆောက်မှုအတွက် ကုန်ကြမ်းတစ်မျိုးဖြစ်၏။ ဆိုလိုသည်မှာ အိမ်တစ်လုံး၊ တိုက်
တစ်တိုက် ဆောက်ရန်အတွက် အုတ်၊ သဲ၊ ဘိလပ်မြေ၊ သစ်ဝါးများ လိုသကဲ့သို့ လူ၏ ခန္ဓာကိုယ်တည်ဆောက်
မှုတွင် ရေသည် အဓိက လိုအပ်ပါသည်။ ခန္ဓာကိုယ်၏ ရာခိုင်နှုန်း ၆၀ သော ပမာဏသည် ရေဖြစ်ကြောင်း အ
ထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
၎။   ရေသည် ခန္ဓာကိုယ်အတွက် စက်ဆီ၊ ချောဆီ ပမာ အသုံးဝင်ပါသည်။ စက်ယန္တရားများ ချောမွေ့စွာလည်
ပတ်ရန်နှင့် ကြာရှည်အသုံးခံစေရန် စက်ဆီ၊ ချောဆီ လိုအပ်ပါသည်။ ထို့အတူ လူ၏ ကိုယ်ခန္ဓာတွင် ရေသည်
ချောဆီသဖွယ် စွမ်းဆောင်ပေးပါသည်။ ဥပမာအားဖြင့် အရိုးအဆစ် ( Joints ) များတွင် ( Synovial Fluid )
အရည်တစ်မျိုး ရှိနေပါသည်။ ယင်းအရည်သည် ခန္ဓာကိုယ် လှုပ်ရှားသွားလာရာ၌ အရိုးအဆစ်များ ထိခိုက်ပွန်း
ပဲ့မှု မရှိစေရန် ကာကွယ်ပေးပါသည်။ ဦးနှောက်၏ ဘေးပတ်လည်တွင်ရှိသော ရေသည်လည်း ဦးခေါင်း၏လှုပ်
ရှားမှုကြောင့် ဦးနှောက်အား ထိခိုက်မှု မရှိစေရန် ထိန်းသိမ်းကာကွယ်ပေးပါသည်။
၅။   ရေ၏ အခြားအရေးကြီးဆုံး တာဝန်တစ်ခုမှာ ခန္ဓာကိုယ်အပူချိန်ကို မျှတအောင် ထိန်းညှိပေးခြင်းဖြစ်
သည်။ ရေ၏ ရူပဂုဏ်သတ္တိတစ်ခုမှာ အပူချိန် အနည်းငယ်ပြောင်းစေရန်နှင့် ရေကို အရည်ဘ၀မှ အငွေ့ဘဝ
သို့ ပြောင်းစေရန် အပူပမာဏများစွာ လိုအပ်ခြင်းဖြစ်သည်။ ဤဂုဏ်သတ္တိရှိခြင်းကြောင့် ရေပမာဏများစွာ
ရှိသော လူ၏ အပူချိန်မှာ မျှတနေခြင်းဖြစ်သည်။
၆။   ရေသည် ခန္ဓာကိုယ် အေးခဲခြင်းကို ကာကွယ်ပေးနိုင်သည်။ ရေတွင် (High Latent Heat of Solidifica
tion) ရှိသည်ဟု ရူပဗေဒ တွင်ဆိုထားသည်။ ရေကို အရည်ဘ၀မှ အခဲဖြစ်စေလိုလျှင် အပူပမာဏများစွာကို
ထုတ်ယူနိုင်ရမည်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည် ပတ်ဝန်းကျင် အပူချိန်အတိုင်းအတာတစ်
ခုထိကျသော်လည်း အေးခဲမသွားပေ။
       ရေ၏ ခန္ဓာကိုယ်အပူချိန် ထိန်းသိမ်းပေးမှု တာဝန်မှာ များစွာအရေးကြီးလှပါသည်။ ခန္ဓာကိုယ်အပူချိန်မျှ
တမှုကို မထိန်းချုပ်နိုင်ပါက လူတို့ အသက်ရှင်နေထိုင်နိုင်မည်မဟုတ်ပေ။
နေ့စဉ်လိုအပ်မှု
                     ခန္ဓာကိုယ်မှ တစ်နေ့တာအတွင်း ရေ  ၂  ဒသမ  ၆  လီတာခန့်ဆုံးရှုံးလျက်ရှိပေသည်။ ဆုံးရှုံး
မှုကို အောက်တွင်ဖော်ပြထားပါသည်။
           အသက်ရှူလမ်းမှ ဆုံးရှုံးမှု - ၀ ဒသမ ၃ လီတာ
           အရေပြားမှ ဆုံးရှုံးမှု ( ချွေးထွက်ခြင်း ) - ၀ ဒသမ ၆ လီတာ
           ဆီးသွားခြင်း - ၁ ဒသမ ၅ လီတာ
                     ၂၄ နာရီအတွင်း ဆုံးရှုံးခဲ့ရသော ၂ ဒသမ ၆ လီတာမျှသောရေကို ပြန်လည်ဖြည့်ဆည်းရန် လို
အပ်ပါသည်။ ရေဆုံးရှုံးမှု ပမာဏသည် ရေရရှိမှု ပမာဏနှင့် တူညီနေရန်လိုပါသည်။ သို့ဖြစ်ရာ ခန္ဓာကိုယ်အ
တွက် နေ့စဉ်လိုသော ရေပမာဏမှာလည်း ၂ ဒသမ ၆ လီတာ ဖြစ်ပေသည်။ယင်းလိုအပ်သော ရေကို
အောက်ပါအတိုင်း ရရှိနိုင်ပါသည်။
          အစားအစာများ၌ ပါသောရေ - ၁ ဒသမ ၀ လီတာ
          ခန္ဓာကိုယ်မှ သောက်သုံးရေ - ၁ ဒသမ ၃ လီတာ
          ဇီဝဓာတ်ပြုမှုကြောင့် ရသောရေ - ၀ ဒသမ ၃လီတာ
                      ခန္ဓာကိုယ်တွင် ရေလိုခြင်း ( Dehydration ) နှင့် ရေပိုခြင်း (Over hydration )များဖြစ်ခဲ့လျှင်
ကလာပ်စည်းများ (Cells) ၏ တည်ဆောက်မှုနှင့်လုပ်ငန်းတာဝန်များ ပျက်ယွင်းသွားနိုင်သဖြင့် လူ၏ အသက်
ကိုပင် သေစေနိုင်ပါသည်။ သို့ဖြစ်ရာ လူ၏ ခန္ဓာကိုယ်တွင် ရေရရှိမှုနှင့် ဆုံးရှုံးမှု ပမာဏတို့ အစဉ်အမြဲ မျှတ
ရန် အရေးကြီးပါသည်။
                      ဆေးပညာသဘောအရ ကြည့်ပါလျှင် ရေလိုအပ်ခြင်း (Dehydration) သည်ရေပိုခြင်း (Over
hydration)ထက်များစွာဖြစ်လေ့ဖြစ်ထရှိပါသည်။ လူတစ်ယောက်သည် ရေသောက်နည်း၍  သော်လည်း
ကောင်း၊ အန်ခြင်း၊ ၀မ်းသွားခြင်းတို့ကြောင့်လည်းကောင်း ရေလိုအပ်ခြင်း (Dehydration) ဖြစ်နိုင်ပါသည်။ အကြောင်း တစ်ခုခုကြောင့် သွေးဆုံးရှုံးခြင်း၊ ချွေးထွက်လွန်ခြင်း စသည်တို့ ဖြစ်ခဲ့လျှင်လည်း ရေလိုအပ်ခြင်း
ဖြစ်တတ်ပါသည်။
                      သာမန်အားဖြင့် ရေပိုခြင်းမှာ တွေ့ကြုံရခဲလှပါသည်။ ကျောက်ကပ်တစ်စုံကောင်းနေသမျှ
ရေပိုခြင်းအနေဖြစ်ရန် ခက်ခဲလှပေသည်။ ဥပမာဆိုရသော် လူတစ်ယောက်သည် ရေကို အဆမတန်သောက်
သော်ငြားလည်း ကျောက်ကပ်သည် ခန္ဓာကိုယ်အတွက် ပိုသမျှရေကို ဆီးအဖြစ် စွန့်ထုတ်ပစ်လိုက်မည်သာ
ဖြစ်၏၊ ကျောက်ကပ်သည် တစ်နေ့တာအတွင်း ၂၃ လီတာသောက်ရေတို့ကို စွန့်ပစ်နိုင်သည်ဟုဆိုပါသည်။
ကျောက်ကပ်တစ်စုံသည် ရေလိုအပ်မှုကို ကာကွယ်နိုင်သည်ထက် ရေပိုမှုကို ပိုမိုကာကွယ်နိုင်စွမ်းရှိသည်။
                    ကျောက်ကပ်တစ်စုံသည် ကောင်းမွန်နေပါစေ။ ရေသောက်နည်းလျှင်သာ ရောဂါရရှိနိုင်ပါသည်။
ရေသောက်များခြင်းကြောင့် ရောဂါရမည်မဟုတ်ပါ။ ခန္ဓာကိုယ်မှ ထွက်ရှိသော အညစ်အကြေးများကို ဆီးနှင့်
အတူ စွန့်ပစ်ကြရမည်ဖြစ်ရာ ရေများများသောက်ခြင်းသည် ကျန်းမာရေးကို အထောက်အကူ ပြုပါသည်။သို့
အတွက်" သင့်ကျန်းမာရေးအတွက် ရေများများသောက်ပါ" ဟု ပြောလိုက်ပါရစေ။
                                                                                                     ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)
Aug 10, 2011
အသီးအရွက်များမှ ခန္ဓာကိုယ်အတွက် အကျိုးပြုပုံများ
ခရမ်းချဉ်သီး
                     ခရမ်းချဉ်သီးတွင် ပါဝင်သော ဓာတ်ပစ္စည်းတစ်မျိုးဖြစ်သည့် Lycopene သည် အစာလမ်း
ကြောင်းတွင်ဖြစ်တတ်သော ကင်ဆာရောဂါများကို ကာကွယ်နိုင်ပါသည်။ ယင်း Lycopene သည် ခရမ်း
ချဉ်သီးအား ချက်ပြုတ်ခြင်းဖြင့် ရရှိလာသော ဓာတ်တစ်မျိုး ဖြစ်သည်။ အာဟာရတွင် ခရမ်းချဉ်သီးပါဝင်
ခြင်းသည် အစာလမ်းကြောင်း ကင်ဆာဖြစ်ပွားမှုကို လျော့နည်းစေမည်ဖြစ်၏။
ဟင်းနုနယ်
                    ဟင်းနုနယ်သည် ရေတွင်ပျော်ဝင်သော ဗီတာမင်တစ်မျိုးဖြစ်သည့် Folic Acid ပါဝင်သည်။
ဖောလစ်အက်စစ်သည် ဗီတာမင် "ဘီ" အုပ်စုဝင်ဖြစ်ပြီး သွေး၌ Homocysteine ဓာတ် လျော့နည်းစေသည်။
သွေး၌ Homosteine ဓာတ်များခြင်းသည် နှလုံးသွေးကြော ရောဂါနှင့် ဦးနှောက်သွေးကြောရောဂါများဖြစ်
ပွားမှုနှင့် ဆက်နွယ် မှုရှိ၏။ ထို့ကြောင့် ဟင်းနုနယ်စားသုံးခြင်းကြောင့် Heart Attack ရခြင်းနှင့် Stroke ရ
ခြင်းတို့မှကာကွယ်ပေးနိုင်သည်။ ဖောလစ် အက်စစ်ချို့ယွင်းခြင်းသည် သွေးအားနည်းခြင်း Anaemia ကို
လည်းဖြစ်စေနိုင်သည်။ ဟင်းနုနယ်သည် ကျန်းမာခြင်းအတွက် စားသုံးသင့်သော အာဟာရတစ်မျိုးဖြစ်သည်။
ဂျုံတစ်မျိုး(မြင်းစားဂျုံ)
                     မြင်းစားဂျုံသည် သွေးဖိအားကို ကျစေနိုင်သော သတ္တိရှိပြီး နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်
နိုင်၏။ ထို့အပြင် သွေး၌ သကြားဓာတ်ပမာဏ (Glucose Level ) ကိုလည်း လျော့နည်းစေပါသည်။ သို့ဖြစ်
ရာ မြင်းစားဂျုံသည် ဆီးချိုရောဂါ ဖြစ်ပွားမှုကို လျော့နည်းစေနိုင်သည်။
ပင်လယ်ငါး
                   ပင်လယ်ငါးများတွင် Omega & Fatty Acid ( ဖက်တီး အက်စစ် ) ဓာတ်များ ပါဝင်သည်။ ယင်း
Omega & Fatty Acid များသည် သွေး၌ အန္တရာယ်ရှိသော ( ဆိုးဝါးသော ) ကိုလက်စထရော (Bad Choles-
terol ) ကိုလျော့နည်းစေပါသည်။ ဦးနှောက်ကလာပ်စည်း (Brain Cells) များပျက်ယွင်းမှုကိုလည်း ကာကွယ်
ပေးနိုင်ပါသည်။ ထို့ကြောင့် ပင်လယ်ငါးများစားသုံးခြင်းဖြင့် သွေးကြောပိတ်ဆို့ခြင်းကို ကာကွယ်ရာရောက်
ပါသည်။ သွေးကြောပိတ်ဆို့ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် နှလုံးပျက်ခြင်း၊ လေငန်းဖြစ်ခြင်း၊
ကိုယ်တစ်ခြမ်းသေခြင်း၊ ကိုယ်တစ်ပိုင်းသေခြင်း စသည် တို့ကိုလည်း လျော့နည်းပပျောက်စေနိုင်မည်ဖြစ်ပါ
သည်။ ယနေ့အချိန်တွင် အသက်အရွယ်ကြီးရင့်သူများ၌ ဖြစ်သော အယ်ဇိုင်းမား မှတ်ဥာဏ်ချို့ယွင်းမှုကို
လည်း ကာကွယ်ပေးနိုင်ပါသည်။ Omega & Fatty Acid မြောက်မြားစွာ ပါဝင်သော ငါးတချို့မှာ  ပင်လယ်
ငါးသလောက်၊ မြောက်အတ္တလန္တိတ်ပင်လယ်ငါး၊ ငါးပြက်၊ ငါးကွမ်းရှပ် စသည်တို့ဖြစ်၏။
ရေနွေးကြမ်း
                   လက်ဖက်အကြမ်းခြောက်ခတ်ထားသော ရေနွေး(ရေနွေးကြမ်း) သောက်ခြင်းအလေ့အထ
သည် အစာအိမ်နှင့် အသည်းကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။
ဂေါ်ဖီထုပ်
                      ဂေါ်ဖီထုပ်တစ်မျိုးဖြစ်သော Broccoli သည်သားမြတ် ကင်ဆာ၊ အူမကြီးကင်ဆာနှင့် အစာ
အိမ်ကင်ဆာရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်သည်။
ကြက်သွန်ဖြူ
                      ကြက်သွန်ဖြူသည် သွေး၌ ကိုလက်စထရောဓာတ်ကို ကျဆင်းစေခြင်းနှင့် သွေးပျစ်ချွဲမှုကို
လျော့နည်းစေခြင်းတို့ကြောင့် နှလုံးရောဂါမဖြစ်အောင် ကာကွယ်နိုင်စွမ်းရှိပါသည်။ ထို့ကြောင့်ပင် ယနေ့
အချိန်၌ ကြက်သွန်ဖြူကို ဆေးဝါးများ ဖော်စပ်ရာ၌ အသုံးပြုလျက်ရှိကြ၏။
သံလွင်ဆီ
                     သံလွင်ဆီဖြင့် ဟင်းလျာများကို ချက်ပြုတ်စားသောက်ပါက နှလုံးရောဂါနှင့် ကင်ဆာရောဂါ
များ ဖြစ်ပွားမှုကို လျော့နည်း ပပျောက်စေနိုင်ကြောင်း ကျန်းမာရေးသုတေသီများက လက်ခံထားကြသည်။
ဗာရီသီး
                     ဗာရီသီး (Berry) သည်နှလုံးရောဂါနှင့် ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်ခြင်းအတွက်
များစွာအထောက်အကူပြုနိုင်သည်ဟု ဆိုပါသည်။
စပျစ်သီးခွံ
                 စပျစ်သီးခွံ၌ ပါဝင်သော ဓာတ်ပစ္စည်းတချို့သည် သွေး၌ ကောင်းသော ကိုလက်စထရော
ဓာတ် Good Cholesterol ( High Density Lipoprotein ) ပမာဏကို တိုးပွားစေနိုင်သည်။ စပျစ်ဝိုင်းကို
အနည်းငယ်မျှ မှန်မှန်သောက်သုံးခြင်းသည် အထက်ပါအာနိသင် စွမ်းအားကို ရရှိစေနိုင်ပါသည်။ သိုသော်
အရက်အလွန်အကျွံ သောက်ခြင်းကို ရှောင်ကြဉ်ရန်သတိမမေ့သင့်ပေ။ သွေး၌ High Density Lipoportein
ပမာဏများခြင်းသည် နှလုံးသွေးကြောရောဂါနှင့် ဦးနှောက်သွေးရောဂါများ၏ နောက်ဆက်တွဲဆိုးကျိုးများ
ကို အဓိကကာကွယ်ပေးနိုင်သော အကြောင်းအချက်ဖြစ်သည်။ High Density Lipoprotein နှင့် ဆန့်ကျင်
ဘက်ဖြစ်သော Low Density Lipoportein သည် နှလုံးနှင့် ဦးနှောက်ပိုင်း ဆိုင်ရာ သွေးကြောရောဂါများ
ကို ဖြစ်ပွားစေပါသည်။
Aug 3, 2011
ကျန်းမာရေးနှင့် မညီညွတ်သည့် အချက် (၈)ချက်
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်တွေ အနည်းဆုံး တစ်ခု၊ နှစ်ခုလောက်တော့ သင့်မှာ ရှိနေနိုင်ပါတယ်။ သင်သတိမထား မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင့်မှာ ဒီလို အမူအကျင့်တွေ ရှိနေရင်တော့ ဒီနေ့ကစပြီး ပြင်ဆင်လိုက်ပါ။
ခြေထောက်ချိတ်ထိုင်ခြင်း
ခြေထောက်နှစ်ချောင်းယှက်ပြီးထိုင်တာ စတိုင်ကျလှပပေမယ့် သင့်ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ခြေထောက်သွေးလှည့်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ခြေထောက် သွေးကြောထုံးခြင်း(Varicose Vein)ကို ဖြစ်စေနိုင်ပါတယ်။ ဒူးအထက်ကနေ ခြေထောက်ကိုချိတ်ပြီး ထိုင်မယ်ဆိုရင်တော့ သွေးကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုအဟန့်အတား ဖြစ်စေပါတယ်။ အကောင်းဆုံးကတော့ သင့်ခြေထောက် နှစ်ချောင်းကို ကြမ်းပေါ်တစ်ပြေးတည်း ချထားတာဟာ သင့်ခန္ဓာကိုယ် အလေးချိန်ကို ညီညီမျှမျှ ထိန်းထားပြီးသား ဖြစ်စေပါတယ်။
သွားပွတ်တံမလဲဘဲ ဆက်သုံးနေခြင်း
သွားပွတ်တံတစ်ချောင်းကို ကြာရှည်သုံးစွဲတာ မကောင်းပါဘူး။ သုံးလကို တစ်ချောင်းလဲ သုံးပေးပါ။ ပျက်စီးသွားတဲ့ သွားပွတ်တံရဲ့အမျှင်လေးတွေက သင့်သွားရဲ့ကြွေလွှာနဲ့ သွားဖုံးကို ပျက်စီးစေတာကြောင့်ပါ။ သွားဖုံးနဲ့ ပတ်သက်တဲ့ ရောဂါတစ်ခုခု ဖြစ်ပွား နေချိန် မှာ အချိန်တစ်လ-တစ်လခွဲလောက်ကြာတိုင်း သွားပွတ်တံ တစ်ချောင်းလဲသုံးပေးပါ။ သင့်သွားပွတ်တံ အချောင်းတွေထဲမှာ ဘက်တီးရီးယားပိုးတွေ ရှင်သန်ခိုအောင်း နိုင်တာကြောင့်ပါ။ သွားဖုံးရောဂါက ကောင်းသွားတာနဲ့ သွားပွတ်တံ အသစ် တစ်ချောင်း လဲသုံးဖို့နဲ့ သွားတိုက်ပြီးတဲ့ အခါတိုင်း သွားပွတ်တံကို ရေနွေးနဲ့ဆေးကြောဖို့ မမေ့ပါနဲ့။
မကြာခဏ အပြင်ထွက်စားခြင်း
စားသောက်ဆိုင် အများစုဟာ လာရောက်စားသုံးသူတွေ ခံတွင်းတွေ့အောင် စီမံချက် ပြုတ်တတ်ကြပါတယ်။ အဲဒီလို ချက်ပြုတ်တဲ့အခါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဟင်းခတ်မှုန့်တွေ ပမာဏများများ ထည့်သွင်းချက်ပြုတ်ပြီး စားသုံးသူတွေကို ဆွဲဆောင်တတ် ပါတယ်။ တချို့စားသောက်ဆိုင် တွေမှာတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကို ရွေးချယ်စားသောက်လို့ ရနိုင်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို မရွေးချယ်တတ်ခဲ့ရင် အိမ်မှာ ချက်ပြုတ်စားတာက သင့်ကျန်းမာရေးအတွက် အသင့်တော်ဆုံးပါ။
မနက်စာ မစားဘဲနေခြင်း
မနက်စာက သင့်တစ်နေ့တာ အတွက် အကောင်းဆုံး လိုအပ်ချက်ပါ။ သင်စားလိုက်တဲ့ မနက်စာကရတဲ့ ကယ်လိုရီကို သင့်ခန္ဓာကိုယ်က တစ်နေ့တာ အသုံးပြုမယ့် စွမ်းအင်တွေရအောင် ဖြိုခွဲပေးပါတယ်။ ဒါကြောင့် အစားအစာနဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းချုပ်နေသူတွေ အနေနဲ့ မနက်စာမစားဘဲ နေတာမျိုး မလုပ်သင့်ပါဘူး။
ဒေါက်မြင့်ဖိနပ် စီးခြင်း
သေးသွယ်တဲ့ ဒေါက်မြင့်ဖိနပ် လှလှလေးတွေက သင့်ရဲ့ ကိုယ်နေဟန်ထားကို လှပစေပေမယ့် သင့်ခါးအတွက် အန္တရာယ်ရှိပါတယ်။ လမ်းများများ လျှောက်ရတဲ့နေ့တွေနဲ့ သင့်အလုပ်များတဲ့ နေ့တွေမှာတော့ ဒေါက်မြင့်ဖိနပ် စီးတာ မသင့်တော်ပါဘူး။ ဒေါက်မြင့်ဖိနပ်လေး စီးပြီး ပွဲတတ်တာမျိုးလောက်ကတော့ သင့်ခါးကို မထိခိုက်စေနိုင်ပါဘူး။
ဆိုဖာပေါ်မှာ အိပ်ခြင်း
ကြမ်းပြင်ပေါ်မှာ အိပ်မယ့်အစားမွေ့ရာနဲ့ ခုတင်ပေါ်မှာအိပ်ပေးပါ။ တကယ်လို့ သင့်မှာ စပရင်ခုတင် အဟောင်းကြီးရှိနှင့်ပြီး၊ အသစ်မဝယ်ချင်သေးဘူး ဆိုရင်တော့ ခုတင်ပေါ်မှာ အထပ်သား သစ်သားပြားခံပါ။ သစ်သားပြားပေါ်မှာ မွေ့ရာထပ်တင်အိပ်ပါ။ မွေ့ရာက ဟောင်းနွမ်းပြီး ပြားကပ်နေရင်တော့ မအိပ်သင့်ပါဘူး။ အသစ်လဲပေးပါ။ ဆိုဖာခုံတွေပေါ်မှာလည်း အချိန်ကြာကြာ ထိုင်မနေသင့်ပါဘူး။
ခေါင်းအုံးထူထူပေါ် အိပ်ခြင်း
လူအများစုက ခေါင်းအုံးထူထူတွေနဲ့ အိပ်တာကို နှစ်သက်ကြပါတယ်။ သင်ရဲ့ လည်ပင်း၊ ခါးနဲ့ ကိုယ်နေဟန်ထားတွေအတွက် မသင့်တော်ပါဘူး။ သင်အိပ်စက် အနားယူဖို့ တကယ်လိုအပ်တာက မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးပါ။ အဲဒီခေါင်းအုံးက အသုံးပြုတာများလို့ မှို့တွေပိပြားပြီး နဂိုခေါင်းအုံး ပုံသဏ္ဌာန် မဟုတ်တော့ဘဲ ပြောင်းသွားရင် မသုံးသင့်တော့ပါဘူး။ အသစ်တစ်လုံးလဲပေးပါ။ သင်ဟာ မှောက်အိပ်တတ်သူဖြစ်ရင်တော့ ခေါင်းအုံးပါးပါးတစ်လုံးနဲ့ အိပ်ပေးပါ။ ပက်လက် အနေအထားနဲ့ အိပ်တတ်တဲ့လူ ဖြစ်ရင်တော့ မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးနဲ့ အိပ်ပေးပါ။ ဒါမှ သင့်လည်ပင်းအတွက် အထောက်အကူ ဖြစ်စေမှာပါ။
လေ့ကျင့်ခန်း မလုပ်ခြင်း
လေ့ကျင့်ခန်းလုပ်တာ ကောင်းတယ်လို့ သိထားပေမယ့် သင်တကယ် လုပ်ဖြစ်ပါရဲ့လား။ ရောဂါဖြစ်လာမယ့် အချိန်ကိုစောင့်မနေပါနဲ့။ သင်ရဲ့ အမူအကျင့်တွေကို ဒီနေ့ပဲ စတင်ပြောင်းလဲလိုက်ပါ။ မာရသွန်ပြေးရလောက်အောင် မလိုအပ်ပါဘူး။ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ကို၃-၄ ရက်လောက် လမ်းလျှောက်ပေးပါ။ အကျင့်ရလာတဲ့အခါ တစ်နေ့ကို မိနစ်၎ဝ လောက်နဲ့ တစ်ပတ် ၄ ရက်လောက် အချိန်ထပ်တိုးပြီး လေ့ကျင့်ပေးပါ။
ထမင်းစားပြီး ရှောင်ကြဉ်သင့်သောအချက်များ
မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး
နေ့စဉ်ထမင်းစားနေကြသည်ဖြစ်ရာ ထမင်းစားပြီး
ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန်
ဖော်ပြလိုက်ရပါသည်။
(၁) ဆေးလိပ်မသောက်ပါနှင့်။
ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမ်းစားပြီး
စီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက်
ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန်
အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။
(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။
ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ်
လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက
ထမ်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ
တစ်နာရီအလိုတွင်သာစားသုံးသင့်သည်။
(၃)လက်ဖက်ရည်မသောက်ပါနှင့်။
လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည်
ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို
မာကျောစေသည့်အတွတ်အစာချေရန်
အခက်ခဲဖြစ်စေသည်။
(၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။
ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း
(တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ
အူကိုခေါက်စေသည်။
(၅) ရေမချိုးပါနှင့်။
ထမ်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့်
ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို တိုးပွားစေပြီး
အစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏလျော့ကျသွားသည့်အတွက်
ကျွနိုပ်တို့အစာအိမ်ရှိ အစာချေစနစ်ကို အားနည်းသွားစေသည်။
(၆) လမ်းမလျှောက်ပါနှင့်။
လူအများကပြောနေကြသည်မှာ ထမ်းစားပြီးလမ်းလျှောက်ခြင်းသည်
ခြေလမ်းပေါင်းတစ်ရာလမ်းလျှောက်ခြင်းနှင့်ညီမျှပြီး အသက်(၉၉)
နှစ်အထိ အသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို
ကြားဖူးပါသည်။
တစ်ကယ်တော့ ထိုသို့ပြုလိုပ်ခြင်းကြောင့် အစာချေစနစ်သည်
ကျွန်ုပ်တို့စားသုံးလိုက်သော အစာအေဟာရများကို စုပ်ယူရန်
အခက်ခဲဖြစ်သွားပါသည်။
ထို့ကြောင့်ထမ်းစားပြီးလမ်းမလျှောက်ပါနှင့်။
(၇) ချက်ချင်းမအိပ်ပါနှင့်
ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့်
ကျွန်ုပ်တို့စားသုံးလိုက်သောအစာများသည်
ကောင်းစွာအစာမကျေနိုင်တော့ပေ။
Jul 27, 2011
ကျန်းမာရေးအတွက်သိကောင်းစရာများ
                နိုင်ငံတကာညီလာခံကြီးက သတ်မှတ်လိုက်တဲ့ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်တဲ့
သောက်စရာအရည်(၆) မျိုးကတော့---
၁။  (အစိမ်းရောင်) လက်ဖက်ရည်ကြမ်း
၂။  အနီရောင်စဗျစ်ဝိုင်
၃။  ပဲနို့
၎။  ဒိန်ချဉ်(နွားနို့လို့ မဖော်ပြတာကို သတိပြုပါ)
၅။  အရိုးပြုတ်ဟင်းချို
၆။  မှိုဟင်းချို   ...............တို့ဖြစ်ပါတယ်။
အကျိုးသက်ရောက်ပုံကိုရှင်းလင်းတင်ပြသွားပါမည်
၁။ (အစိမ်းရောင်)လက်ဖက်ရည်ကြမ်း
                     အစိမ်းရောင်လက်ဖက်ခြောက် ရေနွေးကြမ်းပဲ ဖြစ်ပါတယ်။ လူတွေတော်တော်များများ ရေနွေးကြမ်းသောက်ကြပါရဲ့ ဒါပေမယ့် လူငယ်တွေက မသောက်ကြဘူး။ လက်ဖက်ရည်ကြမ်းထဲမှာ ကင်ဆာကို ကာကွယ်တဲ့ လက်ဖက်ဓာတ်တစ်မျိုးပါတယ်။ ကင်ဆာဖြစ်မှာစိုးရိမ်ရင် လက်ဖက်ရည်ကြမ်းသောက်ပါ။ နောက်ထပ်ပြီး အစိမ်းရောင်လက်ဖက်ခြောက်ရဲ့ ဒုတိယအကျိုးပြုချက်ကို သတိပြုပါအုံး။ သူ့မှာ ဖရိုရိုဒ်(fluoride) ပါဝင်တယ်။ အဲ့ဒီဖရိုရိုဒ်ဓာတ်က သွားကို ခိုင်စေရုံမက သွားပိုးတွေကိုပါ သုတ်သင်ပစ်နိုင်တယ်။ သွားမှာကပ်နေတဲ့ မှိုပြောက်တွေကိုပါ ရှင်းလင်းပစ်လိုက်တယ်။ရေနွေးကြမ်းလေးနဲ့ ပလုတ်ကျင်းရင် မှိုပြောက်တွေ သန့်စင်သွားမယ်။ သွားတွေလဲ ခိုင်တယ်။ လက်ဖက်ခြောက်ရဲ့ တတိယ အကျိုးပြုမှုကတော့ လက်ဖက်ခြောက်ရွက်မှာပါတဲ့ "လက်ဖက်ရှားစေးဓာတ်" ဖြစ်ပါတယ်။ ဒီ " လက်ဖက်ရှားစေဓာတ် " ဟာသွေားကြောတွေရဲ့ ပျော့ပျောင်းကြံ့ခိုင်မှုကို အားပေးတယ်။ သွေးကြောတွေ အလွယ်တကူ မပေါက်စေဘူး။
၂။ အနီရောင်စပျစ်ဝိုင်
                  အနီရောင်စပျစ်ဝိုင် ဟာ အိုမင်းရင့်ရော်မှုကို နှေးကွေးစေတယ်။ ၀ိုင်အနီမှာ (Oxidant) လို့ခေါ်တဲ့ " အဖျာက်- အောက်စီဂျင်ဓာတ်တိုးပစ္စည်း " ကိုခုခံတိုက်ဖျက်တဲ့ ဓာတ်(antioxidant) တွေပါဝင်တယ်။ အမြဲဝိုင်အနီသောက်တဲ့သူဟာ နှလုံးရောဂါ မရနိုင်ဘူး။ နောက်တစ်ချက်က " နှလုံးရုတ်တရက် အခုန်ရက်ခြင်း " မှကာကွယ်နိုင်တယ်။ နှလုံး ရုတ်တရက် အခုန်ရပ်ခြင်း ဟာ အကြောင်းသုံးခုကြောင့် ဖြစ်တတ်တယ်။(၁) နှလုံးရောဂါရှိတဲ့လူ၊ (၂) သွေးတိုးရောဂါရှိတဲ့လူ၊ (၃) အစားအစာနဲ့ ပတ်သက်တယ်။ ဘယ်လိုအစားအစာနဲ့ပတ်သက်သလဲဆိုရင် ကြီးလွန်းတဲ့၊ မာလွန်းတဲ့၊ စေးလွန်းတဲ့၊ ပူလွန်းတဲ့ အစားအစာတွေဟာ နှလုံးအခုန် ရပ်သွားစေနိုင်ပါတယ်။ သွေးထဲ အဆီဓာတ် များလွန်းရင်လည်း နှလုံးခုန်ရပ်သွားစေနိုင်ပါတယ်။ဝိုင်အနီဟာ သွေးတိုးနှုန်းကိုကျစေတယ်။ သွေးတွင်း အဆီဓာတ်ကို လဲကျစေတယ်။
၃။ ပဲနို့
               ပဲနို့ထဲမှာ Oligosaccharide ဆိုတဲ့ ကာဘိုဟိုက်ဒရိတ်ဓာတ်ပါတယ်။ အဲဒါကို ရာနှုန်းပြည့် စုပ်ယူနိုင်ကြတယ်။ ဒါ့အပြင် ပဲနို့ထဲမှာ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မက်နီစီယမ် စတဲ့ဓာတ်တွေလည်း ပါသေးတယ်။ ကယ်လ်စီယမ်ဓာတ်က နွားနို့ထက်သာတယ်။ နွားနို့မှာ ကင်ဆာကာကွယ်တဲ့ ဒြပ်တွေမပါဘူး။ ပဲနို့ထဲမှာ ကင်ဆာကာကွယ်တဲ့ ဓာတ် (၅) မျိုးပါတယ်။ အဲ့ဒီထဲမှာ အထူးခြားဆုံးက ကီတုံးတစ်မျိုးပါဝင်မှုပဲ။ သူက နို့အုံကင်ဆာ၊ စအိုပြွန်ကင်ဆာ၊ အူမကြီးကင်ဆာတွေကို ကာကွယ်နိုင်တယ်။ ပျောက်ကင်းစေနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ အသားဝါ လူမျိုးတွေအတွက် ပဲနို့ဟာ အသင့်လျော်ဆုံးပါပဲ။ ကင်ဆာရောဂါကာကွယ်ဖို့အတွက်ဆိုရင် ပဲနို့ကို သောက်ရမယ်။
၎။ ဒိန်ချဉ်
               ဒိန်ချဉ်မှာ ပိုးမွှားတွေကို ဟန်ချက်ညီအောင် ဖန်တီးပေးလို့ပါပဲ။ ကျွန်တော်ဆိုလိုတဲ့ ပိုးမွှားက ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ပိုးမွှားများကို တိုးပွားသန်စွမ်းလာစေပြီး အဖျက်ပိုးမွှားတွေကို သုတ်သင်ပါတယ်။ ဒါကြောင့် ဒိန်ချဉ်သောက်ခြင်းသည် ရောဂါကို နည်းပါးစေပါတယ်။
၅။ အရိုးပြုတ်ဟင်းချို
                အရိုးပြုတ်ဟင်းရည်ထဲမှာ ကော်စေးတစ်မျိုးပါတယ်။ အဲဒီကော်စေးဟာ အသက်ရှည် ကျန်းမာစေတယ်။ ဒါကြောင့် အခုခေတ်မှာ နိုင်ငံတကာရဲ့ လမ်းထောင့်တွေမှာ အရိုးပြုတ်ဟင်းချိုဆိုင်တွေ မှိုလိုပေါက်နေပြီ။ ဒါကြောင့် အရိုးပြုတ်ဟင်းချိုရည်ကို အထင်မသေးကြပါနဲ့။ အသက်ရှည် ကျန်းမာစေနိုင်ပါတယ်။
၆။ မှိုဟင်းချို
                မှိုဟာ ရောဂါပြီးခြင်း စွမ်းဆောင်အား ကိုမြင့်တင်ပေးလို့ဖြစ်ပါတယ်။ ရုံးခန်းတစ်ခန်းထဲမှာပဲ တစ်ချို့က အမြဲပဲအအေးမိနှာစေးတယ်။ တစ်ချို့က အအေးမိနှာစေးလုံးဝ မဖြစ်ကြဘူး။ ဘာအကြောင်းကြောင့်လဲ၊ ရောဂါပြီးခြင်းစွမ်းဆောင်အား မတူညီကြလို့ပဲ။ မှိုဟင်းချို သောက်ရင်အဲ့ဒီ ရောဂါပြီးခြင်းစွမ်းဆောင်အား  ကိုမြင့်တင်ပေးတယ်။ ဒါကြောင့် မှိုဟင်းချိုဟာ ကျန်းမာရေးအထောက်အကူပြုပစ္စည်း ဖြစ်ပါတယ်။