မကောင်းမှုကိုကိုယ်၊နှုတ်ဖြင့်ရှောင်ခြင်း
- မကောင်းမှုတွေ ဟူသမျှကို
မတွေ့ခင်က ရှောင်ကြဉ်လေ၊
တွေ့ကြုံလာရင် မလွန်ကျူးနဲ့
အထူးသဖြင့် စောင့်စည်းနေ၊
အရက်သေစာ မသောက်စားနဲ့
မှောက်မှားတက်တဲ့ အရာတွေ၊
လုပ်ကိုင်ပြောကြား သတိထား
တရားမမေ့စေ၊
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
မကောင်းမှုကိုစိတ်ဖြင့်ရှောင်ခြင်း
- မကောင်းမှုတွေ ဟူသမျှကို
မတွေ့ခင်က ရှောင်ကြဉ်လေ၊
တွေ့ကြုံလာရင် မလွန်ကျူးနဲ့
အထူးသဖြင့် စောင့်စည်းနေ၊
အရက်သေစာ မသောက်စားနဲ့
မှောက်မှားတတ်တဲ့ အရာတွေ၊
လုပ်ကိုင်ပြောကြား သတိထား
တရားမမေ့စေ၊
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
ရဟန်းသူမြတ်တို့ကို ဖူးမြော်ခြင်း
- ၀တ်စားနေထိုင် ရန်ခပ်သိမ်း
စိတ်ကိုချုပ်ထိန်း သည်းခံလေ၊
ကျိုးကြောင်းပြညွှန် ဆုံးမစကားကို
ပြောကြားလာက နာလွယ်စေ၊
သူမြတ်ပုဂ္ဂိုလ် ဟူသမျှကို
မကြာခဏ တွေ့ဆုံလေ၊
သဘာဝတွေး မှန်ကန်ရေး
ဆွေးနွေးမပျက်ပေ၊
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
No comments:
Post a Comment