“တင်းတိမ်ရောင့်ရဲခြင်း”
- အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက
ဆည်းကပ်ခစားရိုသေလေ၊
မာနတံခွန် ဂုဏ်မကြွနဲ့
ကိုယ်ကိုနှိမ့်ချအမြဲနေ၊
လောဘအပို အလိုမလိုက်နဲ့
ကိုယ်ထိုက်တာနဲ့ကျေနပ်လေ၊
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး
အထူးသိတတ်စေ၊
ကောင်းကျိုးဆင့်ပွား မြတ်တရား
နားကြားမပျက်ပေ၊
အဲဒါမှဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
“ပညာရှိကိုမှီဝဲဆည်းကပ်ခြင်း”
- လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့
မမှီဝဲနဲ့ကင်းအောင်နေ၊
ပညာရှိကို အရှည်တွဲလို့
မှီဝဲဆည်းကပ်နည်းယူစေ၊
သုံးပါးရတနာ မိဘများနဲ့
ဆရာသမားကိုပူဇော်စေ၊
ချမ်းသာကိုပေး ဆက်ဆံရေး
မျှော်တွေးသုံးချက်ပေ၊
အဲဒါမှဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
“ပူဇော်ထိုက်သူကိုပူဇော်ခြင်း”
- လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့
မမှီဝဲနဲ့ကင်းအောင်နေ၊
ပညာရှိကို အရှည်တွဲလို့
မှီဝဲဆည်းကပ်နည်းယူစေ၊
သုံးပါးရတနာ မိဘများနဲ့
ဆရာသမားကိုပူဇော်စေ၊
ချမ်းသာကိုပေး ဆက်ဆံရေး
မျှော်တွေးသုံးချက်ပေ၊
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
No comments:
Post a Comment